လူယုတ်မာများကြောင့် ကမ္ဘာကြီးသည် မလုံးနိုင်တော့ပြီ
အတိတ်ကောက်ကြောင်းကို နည်းနည်းပြန်ပြောရရင် -
ဂျိုးဘိုက်ဒန်ရဲ့သား ဟန်တာဘိုက်ဒန်ရဲ့ Laptop ကနေ ပေါက်ကြားလာတဲ့ Files တွေကို New York သတင်းဌာနကနေ ဖွင့်ချခဲ့ပါတယ် ။ Files ပေါင်းသောင်းကျော် ရှိတဲ့ အဲ့ဒီ New York သတင်းဌာနရဲ့ Link ကို Google က ban ပါတယ်။Facebook ၊ Twitter တို့က အတင်မခံခဲ့ပါဘူး။ဒီမိုကရက်တွေရဲ့အတွင်းသတင်းတွေ ၊ အပုတ်အပွတွေကို Big Tech နှင့် အမေရိကန်မီဒီယာကြီးတွေဟာ အတင်းလိုက်ပြီး ဖုံးဖိထားကြတာ အထင်အရှားရှိခဲ့ပါတယ် ။
ဘာကြောင့်လဲ ??
အဲ့ဒီပေါက်ကြားလာတဲ့ Files တွေထဲမှာ ဟန်တာဘိုက်ဒန် မူးယစ်ဆေးသုံးစွဲနေတဲ့သက်သေတွေ ၊ တရုတ် ဟောလိဝုမင်းသမီးနဲ့ အိပ်တဲ့သက်သေတွေ ၊ အသက်မပြည့်သေးတဲ့ အမေရိကန်ခလေးလေးတွေ နှင့်တရုတ်ခလေးလေးတွေနဲ့ ဟန်တာဘိုက်ဒန်ဟာ လိင်ပိုင်းဆိုင်ရာ ပြုလုပ်နေတဲ့ သက်သေတွေ ပါဝင်ပါတယ် ။ တနည်း လူကုန်ကူးမှုနဲ့ ဆက်စက်နေတယ်ဆိုတဲ့သဘောပါပဲ ။
အဲ့ဒါတွေဟာ ဂျိုးဘိုက်ဒန်သမ္မတဖြစ်တာနဲ့ ဆုံးခန်း တိုင်သွားပြီလား??
အမေရိကန်ရွေးကောက်ပွဲကာလမှာ မဲမသမာမှုပေါင်းများစွာကို တရားရုံးကို တင်သွင်းခဲ့ပေမဲ့ တရားရုံးက အတင်သွင်းမခံဘဲ ပယ်ချခဲ့တာတွေ ၊ ၃ မိနစ်အတွင်း ဒီမိုကရက်မဲ သိန်းချီတဲ့ပမာဏ ခုန်တက်သွားခဲ့ရတာတွေ ၊ လူသေတွေက မဲထပြီး ပေးနေခဲ့တာတွေ ၊ အမေရိကန်စစ်သားတွေရဲ့မဲဟာ အကုန်လုံး ဒီမိုကရက်အတွက် ဖြစ်သွားခဲ့တာတွေ ၊ Facebook လိုမီဒီယာက ထရန့်ရဲ့ရလဒ်ကို ရပ်တန့်ပြီး ဂျိုးဘိုက်ဒန်ရလဒ်ကိုပဲ အတက်ပြပြီး အဆုံးသတ်သွားတာတွေ ၊ ရွေးကောက်ပွဲမဲကိစ္စမှာ တရုတ်ပြည်မကြီးပါဝင်ပက်သက်နေတာတွေ အစရှိသော သက်သေပေါင်းသောင်းခြောက်ထောင်နဲ့ ဗလပွဖြစ်နေခဲ့တာပါ ။
ဂျိုးဘိုက်ဒန်ကို အနိုင်ပေးလိုက်ယုံနဲ့ အဆုံးသတ်သွားပြီလား ??
အမေရိကန်သမ္မတကို လွှတ်တော်က ရွေးချယ်ပေးတဲ့နေ့မှာ ကတ်ပီတိုးကို ဝင်အစီးခံရတဲ့ကိစ္စမှာ ကတ်ပီတိုး တံခါးပေါက်ကို အစောင့်ရဲတွေက အတွင်းကနေ ဖွင့်ပေးခဲ့တာတွေ ၊ လူအုပ်ကြီးကို ကတ်ပီတိုးကို လာဖို့ အစောင့်ရဲတွေက လက်ယက်ခေါ်ခဲ့တဲ့သက်သေတွေများစွာ ရှိခဲ့တာပါ ။
ဒေါ်နယ်ထရန့်ကြောင့်လို့ စွပ်စွဲလိုက်ယုံနဲ့ နိဂုံးချုပ်သွားပြီလား ??
အမေရိကန်ရွေးကောက်ပွဲပြီးနောက်ပိုင်း ဖလောရစ်ဒါမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေဆက်လက်လုပ်ဆောင်ဖို့ သမ္မတဟောင်းရုံးဖွင့်လှစ်ခဲ့ပါတယ် ။
အဲ့ဒီနောက်ပိုင်းမှာ အိမ်ဖြူတော်ကနေ အစပြုတဲ့ မြေအောက်လှိုက်ခေါင်းကိစ္စတွေ ထွက်ပေါ်လာနေတယ် ၊ လူကုန်ကူးမှုကိစ္စတွေ ထွက်ပေါ်လာနေတယ် ၊ ဂြိုလ်သားကိစ္စတွေ ထွက်ပေါ်လာနေတယ် ၊ စေတန်ဂိုဏ်းနဲ့ပက်သက်တဲ့အကြောင်းအရာတွေ ထွက်ပေါ်လာနေတယ် ၊ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ စေတန်ဂိုဏ်းဆက်စပ်ပုံတွေ ထွက်ပေါ်လာနေတယ် ၊ မဲမသမာမှုကိစ္စတွေ ဆက်လက်ထုတ်ဖော်နေတဲ့အကြောင်းတွေ ထွက်ပေါ်လာနေပါတယ် ။ ဒေါ်နယ်ထရန့်ရဲ့မပြီးပြတ်သေးတဲ့ကိစ္စတွေ ဆက်လက်လုပ်ဆောင်နေတယ်ဆိုတာကတော့ သေချာနေပါပြီ ။
ပင်တဂွန်ဟာ ဂျိုးဘိုက်ဒန်နဲ့ အလွမ်းသင့်ရမည့်အစား သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ ပိုအလွမ်းသင့်နေတယ်လို့ ယူဆစရာ အချက်တွေလည်း ထွက်ပေါ်လာနေပါတယ် ။
နျူးကလီးယားကုတ်ကို သမ္မတဂျိုးဘိုက်ဒန်ဟာ တကယ်ရခဲ့တာရော ဟုတ်ရဲ့လား ??
ကိုယ်ပြောထားတဲ့ စကားကိုတောင့် မေ့တတ်တဲ့ ဂျိုးဘိုက်ဒန်ဆိုတဲ့ပါရာဖတ်အဘိုးကြီးကို ဘယ်သူချုပ်ကိုင်နေလဲ ??
အမေရိကန်ပြည်တွင်းရေးမှာ လောင်စာပိုက်လိုင်း hack ခံရပြီး ငွေညှစ်ခံခဲ့ရတယ် ။ ခိုးဝင်ကိစ္စတွေ ရှင်းမနိုင်ဖြစ်နေတယ် ။ ဆောက်လက်စ တံတိုင်းကို ရပ်တန့်ပြီး တာဝန်ယူသူမရှိဖြစ်နေတယ် ။ ဒေါ်နယ်ထရန့်လက်ထက် အကောင်အထည်ဖော်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နာမည်ဝင်ယူအောင်ပွဲခံခဲ့တာကလွဲလို့ ပြည်တွင်းမှာ သူရဲ့အောင်မြင်မှုကို မတွေ့ရသေးပါဘူး။ လွှတ်တော်အတွင်း ပြဌာန်းလိုက်တဲ့ ဥပဒေတွေကလည်း ကမ္ဘာ့နိုင်ငံများ၏အကျိုးကို ရှေ့ရှု့ပြဌာန်းတဲ့ဥပဒေတွေ ပါလာတာကို ယနေ့အချိန်ထိတော့ မတွေ့ရသေးပါဘူး ။ ၎င်းအစား ဒေါ်နယ်ထရန့်လက်ထက်က နိုင်ငံတကာအရေးအတွက် ပြဌာန်းခဲ့တဲ့ဥပဒေတွေကို ပြန်ဖြည်ချတဲ့ ဥပဒေတွေ ပြဌာန်းနေတာကိုသာ တွေ့ရပါတယ် ။
နိုင်ငံတကာအရေးမှာ ဒေါ်နယ်ထရန့်ချခဲ့တဲ့ တရုတ်ပြည်မကြီးကို ဝိုင်းပတ်ပိတ်ဆို့ ဗျူဟာကို ဆက်သုံးနေသေးတာတော့ တွေ့ရပါတယ် ။ ဒါပေမဲ့ တရုပ်ဗိုင်းရပ်စ်ဆိုတဲ့စကားကို ပယ်ဖျက်ပေးပြီးမှ တောင်တရုတ်ပင်လယ်အရေးကို ချဥ်းကပ်တာ ဖြစ်တယ် ။ နည်းနည်းထူးခြားတာက မဟာမိတ်တပ်တွေခေါ်လာနိုင်ယုံကလွဲလို့ အောင်မြင်အောင်လုပ်နေတာ ခုထိမတွေ့ရသေးပါဘူး ။ ဆွေးနွေးပွဲမှန်သမျှကလည်း လိုရင်းမရောက်ပျက်ပြယ်တာ ၊ အကောင်အထည်မဖော်နိုင်တာသာ တွေ့ရတာများပါတယ် ။ ရှေ့တိုးပြီး ထိရောက်သည်အထိ အကောင်အထည်မဖော်နိုင်တာကို တွေ့ရပါတယ်။
မြန်မာ့အာဏာသိမ်းခံရတဲ့ကိစ္စ ၊ ယူကရိန်း - ရုရှားအရေး ၊ အစ္စရေး - ပါလက်စတိုင်း အရေးတွေမှာလည်း အတိုင်းအတာတစ်ခုအထိပါဝင်ခဲ့တာတွေ့ရပေမဲ့ ထိရောက်တဲ့ချဥ်းကပ်မှုမျိုးရောက်သည်အထိ လုပ်ဆောင်ခဲ့တာတော့ မတွေ့ရသေးပါဘူး ။
ဂျိုးဘိုက်ဒန်ရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘာလဲဆိုတာ ခုချိန်ထိ ဝေဝါးနေဆဲသာ ရှိပါတယ် ။ သူစတက်ခါစက ပြောသလို နိုင်ငံတကာအရေးကို ဒစ်ပလိုမေစီနည်းနဲ့သွားမယ်ဆိုပေမဲ့ " ပူတင်ကို သားသတ်သမား"လို့ သူက သမုတ်ခဲ့တယ် ။ ရုရှားက အမေရိကန်ကို unfriendly နိုင်ငံစာရင်းသွင်းပြီး " သွားတွေကို ဆွဲနှုတ်ပစ်မယ်လို့ " ကြိမ်းမောင်းတာကို ဂျိုးဘိုက်ဒန် ခံနေရတယ် ။ သူပြောခဲ့တဲ့ နိုင်ငံတကာအရေးမှာအသုံးပြုခဲ့တဲ့ ဒစ်ပလိုမေစီက ရှန်းရှန်းတောက်အောင်မြင်နေတဲ့ သဘောမျိုးလား 🤔။
ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတဲ့အပိုင်းကတော့ အတော်စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ယူဆရပါတယ် ။
မှတ်ချက် ။ ။ ဒီမိုကရက်အားပေးတွေကတော့ ကျနော့်ကိုအငုပ်စိတ်နဲ့ အပုတ်ချတယ်လို့တော့ ပြောကြမှာပဲ ။ မှန်တာပြောတာမို့ မဝင့်မရဲဖြစ်စရာအကြောင်း မရှိပါဘူး ။
myanmar society🇲🇲
မြန်မာ့အရေးကလည်း နိုင်ငံတကာအရေးနဲ့ဆက်စပ်နေတာဖြစ်လို့ ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထနည်းကတစ်မျိုး ၊ နိုင်ငံတကာအရေးမှာလည်း ကိုယ့်ပြည်သူအတွက် အားသာစေမည့်အခင်းအကျင်းမျိုးလွှဲပြောင်းဖန်တီးရယူတာမျိုးကတစ်ဖုံ သွားနိုင်မှလည်း အရေးတော်ပုံက ချောချောမွေ့မွေ့အောင်မြင်နိုင်မှာ ဖြစ်ပါတယ် ။