သူခိုး ဓားရိုးကမ်းသူများ
တရုတ်ပြည်ကတော့ အကြမ်းဖက်စစ်ကောင်စီကိုပဲ ဖြစ်ဖြစ် ၊ ပြည်သူ့အစိုးရကိုပဲ ဖြစ်ဖြစ် သူ့ရဲ့ပင်တိုင်ပေါ်လစီလို ဆုပ်ကိုင်ထားတဲ့ "မီးစတဖက် ၊ ရေမှုတ်တဖက်ပေါ်လာစီ" [ double edges policy ] နဲ့ပဲ လာမှာပါပဲ ။
တရုတ်ပြည်အတွက် ထိခိုက်နိုင်တာမျိုး ဖြစ်လာရင် အကြမ်းဖက်စစ်ကောင်စီကိုလည်း ချနင်းမှာပါပဲ ။ အကြမ်းဖက်စစ်ကောင်စီကိုလည်း နယ်ရုပ်တစ်ခုမျှသာ သဘောထားတာပါ။အဲ့ဒီအကြောင်းတွေကိုလည်း ရှေးမဆွကတည်းက ရေးခဲ့ပြီး ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူကြားက အားပြိုင်မှုမှာ ဘယ်ဖက်ကပဲနိုင်နိုင် သူမရှုံးအောင် တရုတ်ပြည်က ခွချက်လုပ်ထားတဲ့ နိုင်ငံရေးသဘောကို ခင်းထားတယ် ။
၂၀၂၁ ခုနှစ် ၊ သြဂုတ်လကုန်မှာ တရုတ်ပြည်က ကိုယ်စားလှယ် စွန်းကော်ရှန်းက မြန်မာပြည်ကိုလာတွေ့ခဲ့ရတယ် ။၂၀၂၁ခုနှစ် စက်တင်ဘာလဆန်းမှာ မြန်မာပြည်က အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် စိုးဝင်းက ရုရှားကို သွားတွေ့ရတယ်။
အဲ့ဒီ ( ၂ )ခုကြားမှာ ခြားနားချက်တော့ ရှိတယ် ။
သို့ပေမဲ့ ရုရှားပြည်ရော၊ တရုတ်ပြည်ရောဟာ အကြမ်းဖက်စစ်ကောင်စီဖက်ကနေ လိုက်ပြီး ကုလသမဂ္ဂကောင်စီမှာ အရေးယူမှုကိစ္စကို ဗီတိုနဲ့ပယ်ချပေးခဲ့သူတွေဖြစ်လေတာကြောင့် ခြားနားချက်ရှိပေမဲ့လည်း မြန်မာ့အရေးအတွက် ရုရှားပြည်ကနေ တိုက်ရိုက်အားဖြင့် ကြီးကြီးမားမားမျှော်လင့်လို့တော့ မရနိုင်ဘူးထင်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးမှာတော့ ရုရှားပြည်ကနေ မျှော်လင့်လို့ ရနိုင်စရာ ရှိကောင်း ရှိနိုင်တယ် ။
၁၀ စုနှစ်အတွင်းမှာ ရှီကျင်းပင်ရဲ့ ရာသက်ပန် သမ္မတယူပုံရယ် ၊ ဗလာဒီမာပူတင် သမ္မတသက်တန်းတိုးထားပုံရယ် ၊ ပရာရွတ် ဝန်ကြီးချုပ်ယူထားပုံရယ် ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂၀၀၈ အခြေခံဥပဒေထဲကနေ စစ်ဖက်အဖွဲ့အစည်းအာဏာယူထားပုံဟာ အင်မတန်မှ ပက်သက်ဆက်နွယ်မှု ရှိလှတယ်။ ပို၍အကျယ်ချဲ့လိုလျှင် တခြားသော အထင်ကရ ကမ္ဘာ့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေ တက်လာပုံတွေ ဆက်လက်လေ့လာပါ ။
အဲ့ဒီကြားထဲကမှ နိုင်ငံတွေရဲ့အားပြိုင်မှုကို ချိန်ခွင်လျှာဆွဲပေးနိုင်တဲ့ ဂျိုးဘိုက်ဒန်ရဲ့သမ္မတ ဖြစ်လာပုံကလည်း အစီအစဥ်တကျ ဖြစ်နေခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ် ။
ဒေသတွင်းအာစီယံအဖွဲ့အစည်းကို ချုပ်ထားတာ တရုတ်ပြည်ပါ ။အမေရိကန် နှင့် အနောက်ဥရောပအုပ်စုက လာရောက် အားပြိုင်တဲ့ ဧည့်သည်တွေလို ဖြစ်နေတယ်။ အဲ့ဒီအပိုင်းမှာလည်း တက်လာတဲ့အမေရိကန်သမ္မတရဲ့ ပေါ်လစီနှင့်ကိုယ်ရည်ကိုယ်သွေးအပေါ်မူတည်ပြီး အာစီယံဒေသတွင်းနိုင်ငံတွေရဲ့ တရုတ်ဆန့်ကျင်ရေးပေါ်လစီဟာ အတိုးအလျော့လုပ်နေကြရတဲ့သဘောရှိပါတယ်။
UN ၊ WHO နှင့် OICs ဆိုတာလည်း တရုတ်က စီးနင်းခံထားရတဲ့ အဖွဲ့တွေလို ဖြစ်နေရတယ်။ ၎င်းအဖွဲ့စည်းတွေမှာ အလုပ်လုပ်တဲ့ လူတွေ အကုန်မကောင်းဟု မဆိုလို ၊ လူကောင်းတွေလည်း ရှိပါတယ်။
ကွန်မြူနစ်ဝါဒ ၊ နာဇီဝါဒ ၊ ဂျူးဝါဒ ၊ ဖက်စစ်ဝါဒ နှင့် ကမ္ဘာ့နိုင်ငံရေးကြိုးကိုင်အဖွဲ့ကြီးတွေ( Deep State )ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေဟာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ဘယ်သူတွေနစ်နာပြီး ဘယ်သူတွေ စံစားသွားကြမလဲ ။
လက်ရှိအချိန်ထိ ဂျိုးဘိုက်ဒန်ဦးဆောင်တဲ့အစိုးရဟာ မြန်မာ့အာဏာသိမ်းမှုကိစ္စအား တရုတ်အလိုကျ လွှတ်ပေးထားခဲ့တယ်ဆိုတာ သိသာပါတယ်၊နောင်များမှာ စိတ်ပြောင်းသွားရင်တော့ မပြောတတ်ဘူး။မြန်မာ့အာဏာသိမ်းကိစ္စဟာ "တရုတ်ပြည်ရဲ့ဒေသတွင်းအရေး ၊ ပြည်တွင်းရေးဆိုတဲ့စကား"ကို ဂျိုးဘိုက်ဒန် မလွန်ဆန်နိုင်လို့ပါပဲ ။အမေရိကန်ရဲ့သမ္မတဟာ ဂျိုးဘိုက်ဒန်မဟုတ်တဲ့ တခြားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီနဲ့ကူးလူးယှက်သွယ်ပံ့ပိုးနေတဲ့ကိစ္စကို ကမ္ဘာသိအောင် ဟန့်တားစကား ဆိုနိုင်လောက်ပါတယ်။
လက်ရှိကမ္ဘာ့နိုင်ငံရေးဟာ ဒုတိယကမ္ဘာစစ်အတွင်းက အခင်းအကျင်းကို တဖန်ပြန်သွားနေသလားဆိုတာ အတော်ကို သံသယရှိမိတယ်။သဘောကတော့ လူတစ်စု ၊ နိုင်ငံတစ်ချို့က ကမ္ဘာသားတွေကို ကျွန်ပြုရေး အစီအမံမျိုးပါပဲ။
ကမ္ဘာသားတွေရဲ့အကျိုး ၊ မြန်မာပြည်သားတွေရဲ့အကျိုးကို ရှေ့ရှု့ပြီး ဓမ္မဘက်တော်သားတွေ အရေးသာဖို့ဆိုတာ ကမ္ဘာသူကမ္ဘာသားတွေရဲ့ အသိပညာပေါ်လည်း မူတည်ပါတယ်။
မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးဟာ ဒုတိယကမ္ဘာစစ်တုန်းကလို ဘယ်နိုင်ငံ ၊ ဘယ်အသင်းအပင်းတွေက ဝန်ရိုးစွန်းပါဝါအင်အားထဲ ပါဝင်နေကြပြီလဲ နှင့် ဘယ်နိုင်ငံ ၊ ဘယ်အသင်းပင်းတွေက မဟာမိတ်အင်အားတွေထဲ ပါဝင်နေကြပြီလဲဆိုတာလည်း အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ် ။ အားသာရာ ခုန်ကူးဖို့စောင့်နေတဲ့ နိုင်ငံတွေ ၊ အသင်းအပင်းတွေလည်း တွေ့နေရတယ် ။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ပထမတုန်းက ဝန်ရိုးစွန်းအင်အားထဲ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ မဟာမိတ်အင်အားစုထဲ ဝင်ရောက်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးဟာလည်း ခပ်ပေါ့ပေါ့တော့ တွေးဆလို့မရနိုင်ဘူးပေါ့။
မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူတွေအနေနဲ့ ကမ္ဘာ့/မြန်မာ့နိုင်ငံရေးလည်း မျက်ချေမပြတ်စေဘဲ ကိုယ်လုပ်စရာ ရှိတဲ့ကဏ္ဍကိုလည်း ဇောက်ချပြီး လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။
myanmar society🇲🇲