သင့်အား ဒီမိုကရေစီစနစ်မှ အလိုရှိသည်

ကမ္ဘာ့အရေးကို နည်းနည်းလောက် ကျနော်တို့  ပြန်ကောက်ကြည့်ရရင် -

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံသေပြီ ၊ သေပြီ ဆိုတဲ့ သတင်းတွေ လှိုင်လှိုင်တက်လာစဥ်အတွင်းမှာပဲ  ၂၀၂၀ ဧပြီ ၂၇ ရက်နေ့က " သမိုင်းသစ်ပြန်လည်ရေးမည့် အကြီးတန်းလွှတ်တော်အမတ် - ပူတင်နှင့် Trump တို့တွေ့ဆုံဆွေးနွေးမှု ပြုခဲ့ကြပါတယ်။ 

ထရန့်နှင့် ပူတင်တွေ့ဆုံမှုကိစ္စဟာ တစ်ခုခုကို အပေးအယူလုပ်ခဲ့တဲ့ပုံပါပဲ ။အဲ့ဒီနောက်ပိုင်းမှာ ရုရှားဟာ နောက်ဆုတ်သွားတဲ့  သဘောမျိုးတွေ့ရပေမဲ့ အပေးအယူလုပ်တာဘယ်လောက်"တာ"သွားသလဲကတော့  စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။တွေ့ဆုံဆွေးနွေးမှုမှာ ပူတင်ကို  ဒုတိယကမ္ဘာစစ်က အကြောင်းတွေ ပြန်လှန်တယ်ဆိုတော့  ထရန့်ရဲ့နောက်ကွယ်မှာ  သတင်းအချက်အလက်ပံ့ပိုးသူ ကြီးကြီးမားမားရှိလိမ့်မယ် ယူဆပါတယ် ။ သမိုင်းစာမျက်နှာဆိုတာကလည်း သူတို့ပေးသိသလောက်  ကျနော်တို့က သိရတာမို့လား ။ ဘာအောက်ဖဲတွေ သွားလှန်သလဲတော့ မသိနိုင်ဘူး ။ ကျနော်တို့ မသိသေးတဲ့  မြှုပ်ကွက်သမိုင်းစာမျက်နှာတွေ ရှိနေနိုင်တာပေါ့ ။

အမေရိကန် - တရုတ် ကုန်သွယ်ရေးတင်းမာမှုမှာ ရုရှား လက်ရှောင်တော့မှာလား ??

လက်ရှောင်/မရှောင် သိရဖို့ ရုရှား၏  အခြေအနေကို တစ်ချက်လေ့လာကြည့်ရအောင်ပါ ။

ရုရှားဟာ  ကိုဗစ်-၁၉  total case ၃ သိန်းကျော်နဲ့ ကူးစက်မှုမှာ  အမေရိကန်ပြီးရင်  ဒုတိယအဆင့်ထိ အချိန်တိုတွင်း ရောက်ရှိခဲ့ပါတယ် ။ သို့သော် သေပျောက်နှုန်း ( ၄ )ထောင် ကျော်သာ ရှိပါတယ် ။ ( ၂၀၂၀ ခုနှစ် မေလ ၂၃ ရက် စာရင်းအရ )

၎င်းအပြင် ပူတင်အား ၂၀၃၆ ခုနှစ်အထိ အာဏာဆက်လက်ချုပ်ကိုင်နိုင်ရန် လမ်းဖွင့်ပေးဖွယ်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ဖြည့်စွက်ချက်များအား ထောက်ခံရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပြီးခဲ့သောလတွင် ကျင်းပရန် စီစဉ်ထားခဲ့ပါတယ် ။သို့သော် ထိုအစီအစဉ်များသည်လည်း ကပ်ရောဂါကြောင့် ဖျက်သိမ်းလိုက်ရတော့မှာလား ဆိုတာကလည်း အတတ်မပြော နိုင်သေးပါ။

အမှီအခိုကင်းသော လူထုသဘောထား စစ်တမ်းကောက်ယူသည့်အဖွဲ့ Levada ၏ သဘောထား စစ်တမ်းတစ်ခုတွင် ပူတင်အား လူထုထောက်ခံမှုနှုန်းသည် ပြီးခဲ့သောမတ်တွင် ၆၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဧပြီတွင် ၅၉ ရာခိုင်နှုန်းသို့ သမိုင်းဝင် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ် ။

အနောက်တိုင်း၏ ပိတ်ဆို့အရေးယူမှုများကြောင့် အထိနာနေပြီဖြစ်သော ရုရှားစီးပွားရေးသည် ကပ်ရောဂါကြောင့် ဆိုးရွားသော ခြိမ်းခြောက်မှုကို ကြုံတွေ့နေရပြီး အစိုးရကို မကျေနပ်မှုသည် နက်ရှိုင်းလာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြပါတယ် ။

ဗိုင်းရပ်စ်ပျံ့နှံ့မှုအား နှေးကွေးစေရန် ရုရှားက Lockdown စီမံချက်ကို ချမှတ်ခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပေးမည်ဟု အစိုးရက ကတိပေးခဲ့သော်လည်း အသေးစားစီးပွားရေး လုပ်ငန်းများသည် ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရပြီး နိုင်ငံသား သန်းနှင့်ချီသည် လုပ်ခလစာမရဘဲ နေထိုင်ခဲ့ရပါတယ် ။

ရုရှားဘတ်ဂျက်အား ချိန်ညှိပေးသည့် အဓိကပို့ကုန်တစ်ခုဖြစ်သော ရေနံစျေးနှုန်း အလွန်အမင်း ကျဆင်းနေချိန်နှင့် တိုက်ဆိုင်လျက် ကပ်ရောဂါဖြစ်ပွားမှုသည် အလွန်အမင်းကံဆိုးမှုဖြစ်ကြောင်း Insitiute for Strategic Analysis ၏ ညွှန်ကြားရေးမှူး အီဂေါ်နီကိုးလာယက်ဗ်က ပြောကြားခဲ့ပါတယ် ။

ရုရှားနိုင်ငံသားများသည် ထိုပူးတွဲအကျပ်အတည်းအတွက် ပြင်ဆင်ထားကြခြင်း မရှိကြဘဲ ပြည်သူရာခိုင်နှုန်း ၆၀ သည် ငွေကြေး စုဆောင်းထားခြင်းလည်း မရှိကာ အမှန်တကယ်ဝင်ငွေများသည် ပြီးခဲ့သောနှစ်ကထက် ၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အီဂေါ်နီကိုးလာယက်ဗ်က ပြောကြားခဲ့ပါတယ် ။

ရုရှားသည် ဒေါ်လာဘီလျံ ၁၅၀ ခန့်ရှိသော နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထဲ၌ အရန်ငွေများ ရှိသောကြောင့် ၁၈ လခန့် တောင့်ခံထားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ် ။

သို့သော် ကပ်ရောဂါအကျပ်အတည်း ဆက်လက်ဖြစ်ပွားနေပြီး လူနေမှုဘဝများက ခက်ခဲလာလျှင် အာဏာပိုင်များအပေါ်ထားသော ပြည်သူတို့၏သဘောထားကို သက်ရောက်လာမည်ဖြစ်ကြောင်း အီဂေါ်နီကိုးလာယက်ဗ်က သတိပေးခဲ့ပါတယ် ။

ရုရှားသမ္မတပူတင် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ ဆွေးနွေးမှုပြုပြီး မကြာခင်မှာပဲ  အမေရိကန်သမ္မတဒေါ်နယ်ထရန့်က " စွမ်းအင်တခေတ်ပြန်လာပြီ " ပြောအပြီးမှာ  ရေနံစျေးပြန်လည် ဦးမော့လာတဲ့ အကြောင်းအရာတွေလည်း ရှိခဲ့ပါတယ် ။

ထိုကဲ့သို့သော မိမိကိုယ်တိုင်အခြေအနေမဟန်တဲ့ အကြောင်းအရာများနှင့် ပူတင်-ဒေါ်နယ်ထရန့်ဆွေးနွေးခဲ့မှုများကြောင့် အမေရိကန်-တရုတ် တင်းမာမှုမှာ ရုရှားဟာ  လက်ရှောင်မှာဖြစ်တယ်လို့  တွက်ဆ၍  ရနိုင်ကောင်းပါတယ် ။

အမေရိကန်-တရုတ် တင်းမာမှုမှာ  ရုရှားလက်ရှောင်ခြင်းဟာ  အမေရိကန်ကို ပို၍အားသာစေမှာ ဖြစ်ပါတယ် ။

ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ပက်သက်လို့ အမေရိကန်ဟာ တရုတ်အပေါ် အမျိုးမျိုးစွပ်စွဲမှုတွေရှိခဲ့ပါတယ် ။အမေရိကန်နိုင်ငံတစ်ခုတည်ကတော့ မဟုတ်ပါဘူး ၊ ကမ္ဘာ့နိုင်ငံအသီးသီးက စွပ်စွဲခဲ့ကြတာပါ ။

ကိုရိုနာဗိုင်းရပ်စစ် ကိစ္စနှင့်ပက်သက်ပြီး သက်သေရှိရင် ထုတ်လိုက်ဆိုပြီး တရုတ်ဖက်ကနေ အမေရိကန်ကို စိန်ခေါ်ထားတာမျိုးတွေလည်း ရှိခဲ့ပါတယ်  ။ မပိုင်ဘဲ တရုတ်ကလည်း မလုပ်လောက်ပါဘူး ။ သီအိုရီသဘောတရားအရ  တရုတ်ဖက်ကမသင်္ကာဖွယ်ရာတွေ အများကြီးလုပ်ထားတာ မှန်ပေမဲ့လို့   တရားခွင်ဘောင်က သွားမယ်ဆိုရင် အလီဘိုင်ပြနိုင်ဖို့ လိုတာပေါ့ ။ အဲ့ဒီအပိုင်းဟာ ခက်ခဲတဲ့အပိုင်းပါ ။တရုတ်ဟာ အင်အားကြီးနိုင်ငံ ဖြစ်နေပြန်တာကလည်း  တစ်ကြောင်းပေါ့ ။

အလီဘိုင်ပြနိုင်ရင်တောင်  ရှောက်ပြောတာလို့  ပြောပြီး  တင်းခံနေအုံးမဲ့ သဘောတွေ မြင်ရပါတယ် ။အရှက်မရှိ ၊ ရှက်ကြောပျက် ၊ ဂုဏ်သိက္ခာမဲ့နိုင်လွန်းတဲ့ စရိုက်ရှိသူကို  အလွယ်ပညာနဲ့  ချွတ်လို့မရပါဘူး ။ တရုတ်ဟာ ဘီးလူးတော့ ဘီးလူပဲ  အစွမ်းထက်တဲ့ ဘီးလူးဖြစ်နေပါတယ် ။အမေရိကန်အဖို့ တရုတ်ကို စစ်ရေးအရပါ လွယ်လင့်တကူ အနိုင်မယူနိုင်ဘဲ  အလီဘိုင်ရှိခဲ့ရင်တောင်  မထုတ်ပြလောက်သေးဘူး တွက်ဆမိတယ် ။ 


ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ကိစ္စတဲ့ကိစ္စက ထိရောက်အောင်မြင်မှ  ကောင်းပါတယ် ။ ငြင်းချက်ထုတ်ယုံနဲ့ ပြီးပျောက်ပျက်ပြယ်သွားပြီး ကိုယ့်စကားအရာမထင်တာမျိုးက မကောင်းလှပါဘူး ။ 

ထို့အတွက်ကြောင့် အမေရိကန်အနေနဲ့ တရုတ်ရဲ့လုပ်ပိုင်ခွင့်ဘောင်ကျဥ်းအောင် ချုပ်ဖို့လိုပါတယ် ။ ငြင်းမရတဲ့အနေအထား ရောက်အောင် ဆွဲခေါ်နေတဲ့ သဘောတွေ တွေ့ရပါတယ်  ။ လုံးဝလှုပ်မရတဲ့အချိန်ရောက်မှ စစ်ဖြစ်ချင်လား ၊ စီမံတာ နာခံမှာလားဆိုတဲ့  သဘောတရားတွေ ပြလိမ့်မယ်လို့ ယူဆမိတယ် ။ 

တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စနဲ့ပက်သက်လို့ငြင်းဆန်နေပေမဲ့  တရစ်ရစ်နဲ့တိုးလာနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဖိအားတွေကြောင့်  တရုတ်ဟာ WHO နဲ့ဆွေးနွေးပါမယ်ဆိုပြီး လုပ်ရပါတော့တယ် ။ မဆွေးနွေးလို့လည်း မရတဲ့အနေအထား တစ်ရပ်ဖြစ်လာပါပြီ ။ ကိုဗစ်ကိစ္စဆွေးနွေးမှာတော့မဟုတ်ဘူး ။ ကိုဗစ်ကိစ္စလို့ ခေါင်းစဥ်တပ်ချင်လည်း တပ်ပါလိမ့်မယ် ။ ကိုဗစ်ကိစ္စကောင်းကောင်းကိုင်တွယ်နိုင်ခြင်းနှင့် ကမ္ဘာ့ကို ကိုဗစ်အရေးအသိပေးချက်တွေကြောင့် ထိုင်ဝမ်ကို WHO မှာ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ လက်ခံပေးရေး  နယူးဇီလန်က အပြတ်အသတ်ထောက်ခံမယ်လို့ ဆိုလာတဲ့ ဖိအားတွေကြောင့် ဖြစ်ပါတယ် ။ အမေရိကန် နှင့်  အပေါင်းအပါတွေကရော ထိုင်ဝမ်ကို WHO မှာ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ပါဝင်ဖို့ ဝိုင်းထောက်ခံကြမယ့်ဟန် ရှိပါတယ် ။ 


WHO မှာ ထိုင်ဝမ်ကို လက်ခံလိုက်ပြီဆိုတာနဲ့  ထိုင်ဝမ်ဟာ  တရုတ်လက်အောက်နယ်မြေလို့  တရုတ်ယူဆထားရာကနေ  သီးခြားနိုင်ငံတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ် ။ ဒီအရေးတွေကြောင့် တရုတ်ဟာ WHO ကိုခေါ်ယူဆွေးနွေးတော့မှာ ဖြစ်ပါတယ် ။ ကမ္ဘာက WHO နှင့် တရုတ် ဆိုတာ ဘယ်လိုလဲဆိုတာ အကဲဖြတ်စောင့်ကြည့်မဲ့  သဘောပါ ။တရုတ်ရဲ့အသည်းညှာကို ဖမ်းဆုပ်တဲ့ သဘောပါ ။ အခန့်မသင့်ရင် စစ်ဖြစ်နိုင်ပါတယ် ။

အဲ့ဒီနောက်မှာ အမေရိကန်သမ္မတအိမ်ဖြူတော်ကနေ ၂၀၂၀ခုနှစ်  မေလ ( ၁၈ )ရက် နေ့စွဲနဲ့ WHO ညွှန်ချုပ် တက်ဒရိုဆီကို အကြောင်းကြားစာတစ်စောင်ကို ပြင်းပြင်းထန်ထန်လေး ရေးသားပေးပို့ခဲ့ပါတယ် ။


ပေးပို့တဲ့စာထဲမှာပါတဲ့ အကြောင်းအရာအနှစ်ချုပ်ကတော့ " ခင်ဗျားနဲ့ခင်ဗျားအဖွဲ့ ကြီးရဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ကိုကိုင်တွယ်ပုံဟာ အထပ်ထပ်မှားနေခဲ့တယ် ။အဲ့ဒီအမှားကို ကမ္ဘာလောကကြီးဟာ စျေးကြီးကြီးပေးဆပ်ခဲ့ရတယ် ။ရှေ့ဆက်ပြီး WHO အနေနဲ့ လျှောက်လှမ်းနိုင်ဖို့ဆိုတာကတော့  WHOဟာ တရုပ်ရဲ့အမှီအခိုကင်းကင်းရှိနေကြောင်း လုပ်ပြကိုင်ပြသက်သေပြမှပဲရတော့မယ် ။ ကျွန်တော်နဲ့ကျွန်တော့်အစိုးရအဖွဲ့ဟာ WHO ကိုဘယ်လို ပြန်လည်ဖွဲ့စည်းဖို့လိုမယ်ဆိုတာကိုခင်ဗျားနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ် စကားတွေပြောပြီးပါပြီ ။ လက်တွေ့လုပ်ပြဖို့ပဲရှိပါတယ် ။ကျွန်တော်တို့ အချိန်ဖြုန်းနေလို့မရပါဘူး ။

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ တစ်ယောက်အနေနဲ့  ဒါ့ကြောင့်စာရေးအကြောင်းကြားတာဖြစ်ပါတယ် ။အကယ်၍ WHO ဟာနောက်ထပ်ရက်ပေါင်း ၃၀ အတွင်းမှာ ထိထိရောက်ရောက်ရှိတဲ့တိုးတက်မှုကို မပြနိုင်ဘူးဆိုရင်တော့ ကျွန်တော်ဆိုင်းငံ့ထားတဲ့ အမေရိကန်ပြည်ထောင်စုကထည့်ဝင်ရမယ့်ရန်ပုံငွေ ကိုအမြဲတမ်းရပ်တန့်အဆုံးသတ်ရမှာဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ WHO အဖွဲ့ဝင်အဖြစ် ရှိနေတာကိုလည်း ပြန်လည်စဉ်းစားသွားရပါလိမ့်မယ်လို့ပြောချင်ပါတယ် ။ အမေရိကန်ပြည်သူများပေးခဲ့ကြတဲ့ အခွန်တော်ငွေတွေကို လက်ရှိမှာ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို သိသာထင်ရှားလှစွာ ကောင်းကျိုးမပေးတဲ့ အဖွဲ့အစည်းတစ်ခုဆီကိုရောက်သွားအောင် ကျွန်တော်မလုပ်နိုင်ပါဘူး ခင်ဗျာ " ဆိုပြီး ​ပါရှိပါတယ် ။

၎င်းစာအသွားအလာကို ထောက်ရှု့ရင်  အမေရိကန်ဟာ  WHO ကနေ  တရုတ်ကို  သွယ်ဝိုက်သောနည်းဖြင့် ထိုးနှက်ကြောင်း  ထင်ရှားပါတယ် ။ ဝူဟန်ဗိုင်းရပ်ကို  ဖုံးဖိပေးခဲ့တဲ့ WHO ကို  တရုတ်အတွက်ဘာကြောင့် ဖုံးဖိပေးခဲ့ရတယ်ဆိုတာကို ဖော်ရင်ဖော် ၊ မဖော်ရင်  တရုတ်ရဲ့လက်တံဖြစ်တဲ့  WHO ကို အမြစ်ဖြုတ်မဲ့  သဘောတရားပါပဲ ။

၂၀၂၀ ခုနှစ်  မေလ ( ၁၈ ) ရက်နေ့မှာ COVID-19 တုန့်ပြန်မှုနှင့်ဘေးဒဏ်သင့်နိုင်ငံများ၊ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများရှိစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တရုတ်ကအမေရိကန်ဒေါ်လာ ၂ ဘီလီယံထောက်ပံ့မည်ဟုတရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့ပါတယ်။


ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ၇၃ ကြိမ်မြောက်အစည်းအဝေးကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ၏ဖိတ်ကြားမှုဖြင့်ဗီဒီယိုလင့်ခ်မှတစ်ဆင့် ရှီကျင်းပင် ကမှတ်ချက်ပြုခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ လျော်ကြေးတောင်းတာကို ရှောင်ချင်တာနဲ့   ၂ ဘီလီယံ ထောက်ပံ့မယ်ဆိုပြီး  ချွေးသိပ်ခဲ့ပါတယ် ။ မစို့မပို့လေး ပေးပြီး ထောက်ပံ့ပါတယ်ဆိုတဲ့ နာမည်ကောင်းက လိုချင်နေပုံရပါတယ် ။ စွပ်စွဲခံနေရတာကို  ရှောင်ဖို့  သုံးတဲ့ ငွေက  ၂ ဘီလီယံဆိုတာ  မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့   ဝင်ငွေစီးဆင်းမှုလောက်တောင်မရှိပါဘူး ။ အဲ့လောက်ငွေလေးနဲ့  ကမ္ဘာ့လျော်ကြေးတောင်းအစီအစဥ်ကို  ချွေးသိပ်ဖို့  ကြိုးစားတာ  ကမ္ဘာကြီးကို အထင်သေးလွန်းရာ ကျလွန်းတယ်လို့  ဆိုချင်ပါတယ် ။


ပင်တဂွန်က fleet of tiny spy satelites တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေ(အာဏာသစိုးမိုးရေးလက်ဦးမှု ယူထားသလို 5 G network ကို မကြာမီမှာ  ကျော်တက်ဖို့  လုပ်ဆောင်လိမ့်မယ် မှန်းတယ် )၊အမေရိကန်ရေတပ်ရဲ့ railgun တွေဟာ တကယ့်စစ်သင်္ဘောတွေပေါ်မှာ မကြာခင်စမ်းသပ်တော့မယ်ဆိုတဲ့ သတင်းတွေ၊ missile နဲ့ ပစ်ခတ်တဲ့ ရန်က ရှောင်ကွင်းဖို့  မူရင်းလေယာဥ်နှင့် အလားတူလေယာဥ်အရိပ်ကို လေဆာသုံးပြီး ဖန်တီးထားတယ်ဆိုတဲ့သတင်းတွေ၊Sikkin ပြည်နယ်ရှိ အိန္ဒိယ-တရုတ် နယ်စပ်အရေးအခင်းမှာ အိန္ဒိယနောက်မှာ အမေရိကန်ရှိမယ်ဆိုတဲ့သတင်းတွေ၊ အစ္စရေးက တရုတ်သံအမတ် သူ့ရဲ့နေအိမ်မှာ  သေဆုံးတယ်ဆိုတဲ့သတင်းတွေဟာ တရုတ်ကို ဖိအားတွေ တဆင့်ပြီးတဆင့် ပေးလာတဲ့သဘောတွေပါ ။


ဒါအပြင် ရုရှားနှင့်တရုတ်ကို Super duper missile နဲ့ ထုပစ်မယ်လည်း  ဆိုနေပြန်ပါသေးတယ် ။( ထရန့်ရဲ့အပြောအရ  Super duper missile က အသံထက် ၁၇ ဆ မြန်တယ်ဆိုပါတယ် ၊ Super duper ဆိုတဲ့စကားကတော့  ချော်တောငေါ့ပြီး  ခေါ်တဲ့  အခေါ်အဝေါ်မျိုးလို့  Weki က ဆိုပါတယ် )


အဆိုးဆုံးက တရုတ်ဟာ ဟောင်ကောင်အတွက် controversial hong kong security law ပြဌာန်းဖို့ကြိုးစားနေမှုမှာ  ဒီထက်ပိုပြီး အတင်းအကြပ်ဖိအားပေးရင် အမေရိကန်က ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်ဆိုပါတယ် ။ 
( ၁၉၉၇ တွင် ဗြိတိန်မှ ဟောင်ကောင်အား တရုတ်လက်အောက်သို့ ပြန်လည် မလွှဲပြောင်းမီ ရှိထားပြီး နိုင်ငံရေးလွတ်လပ်ခွင့်များကို နောက်ထပ် နှစ်ပေါင်း ငါးဆယ် ၂၀၄၇ အထိ  ဆက်လက်ပြီး တနိုင်ငံစနစ် နှစ်မျိုးပုံစံနဲ့ ထိန်းသိမ်းပေးပါမယ်ဆိုတဲ့ သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ် )


တရုတ်ဟာ ထိုကဲ့သို့သောဖိအားတွေအပြင် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာပါဝင်ခဲ့ကြတဲ့ ၁၃၈ နိုင်ငံကို  ငွေတွေအရမ်းချေးထားတာကြောင့် ငွေတွေကလည်း မြှုပ်နေတာကလည်း ဖိအားတရပ်ဖြစ်နေပြန်ပါသေးတယ် ။ စုစုပေါင်းချေးပေးထားတဲ့ငွေပမာဏဟာ ၄၆၁ ဘီလီယံ ခန့်ရှိပါတယ်  ။ ပြန်လည်တောင်းယူဖို့အတွက်ကလည်း အများစုဟာ မူစလင်နိုင်ငံတွေ ဖြစ်လေတာကြောင့် ပြန်တောင်းဖို့ကို လက်တွန့်နေရပါတယ် ။ တကယ်လို့အကြွေးပြန်တောင်းလို့  ချေးယူထားတဲ့နိုင်ငံတွေနဲ့တင်းမာမှုဖြစ်လာရင် အမေရိကန်က ဝီဂါမူစလင်အရေးကို မီးထိုးပေးလိုက်ပါက  တရုတ် နှင့် မူစလင်နိုင်ငံတွေကြား တင်းမာမှုက အတောမသတ်နိုင် ဖြစ်ပွားလာမှာ အမှန်ပါ ။

နောက်ဆုံးသတင်းအရ  တရုတ်က အမေရိကန်အား တင်ရှိနေသောအကြွေးတောင်းလိုက်ပြီ  ဖြစ်ပါတယ် ။ သဘောကတော့ အကြွေးပေးမှာလား ၊ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်လို့ နှုတ်ဆိတ်ပြီး ငြိမ်ငြိမ်နေမှာလား မေးလိုက်ခြင်းပင်ဖြစ်သည် ။ "ငါနဲ့မတည့်ရင် ငါ့ဟာပြန်ပေး"ဆိုသောအထာမျိုးက အတော်ကို ကလေးကုလားဆန်သော အကွက်မျိုးဖြစ်သည် ။ ထရန့် မည်သို့ ဆုံးဖြတ်မည်တော့  မသိချေ ။ သေချာသည်ကတော့ ဒေါ်ထရန့်က ငြိမ်ခံနေလိမ့်မည် မဟုတ်ပါ ။


မိမိအမြင်၌  ယခုလို အမေရိကန်-တရုတ် နိုင်ငံရေး၊စစ်ရေး ၊ စီးပွားရေး တင်းမာနေချိန်  တရုတ်ဖက်က အမေရိကန်ကို အကြွေးတောင်းခြင်းသည်  မှားသည်ဟု  ဆိုချင်သည် ။ တရုတ်က သူ့ကိုနောက် ရွေးကောက်ပွဲမှာ ရှုံးစေချင်တယ်လို့  ဒေါ်နယ်ထရန့်ပြောဆိုခဲ့ဖူးပါတယ် ။ ဒါဟာ အမေရိကန်ပြည်သူတွေကို  အမေရိကန်ရဲ့အနာဂတ်ကို ဘယ်လိုဖြစ်စေချင်သလဲလို့  ပြည်သူတွေကို မေးလိုက်တဲ့ အမေးပါ ။ ခု တရုတ်က အမေရိကန်ကို အကြွေးတောင်းတယ်ဆိုတော့  အမေရိကန်ပြည်သူတွေ နိုင်ငံရေးအသိနိုးကြားပြီး  တရုတ်ကို ဆန့်ကျင်နိုင်တဲ့  ဒေါ်နယ်ထရန့်ကို ဆက်လက်ရွေးချယ်နိုင်ဖွယ်ရှိတယ်လို့  မှန်းရပါတယ် ။

ယခုနောက်ပိုင်းမှာ တရုတ် နှင့် ဒီမိုကရက်တို့ရဲ့စနက်နဲ့  ကမ္ဘာ့မီဒီယာတွေကနေ  ထရန့်ဟာ နောက်ရွေးကောက်ပွဲမှာ နိုင်ခြေဘယ်လောက်ပဲ ရှိတယ်ဘာညာဆိုပြီး  မှိုင်းတွေထည့်နေတာတွေတော့ တွေ့ရပါတယ် ။ ထရန့်ရဲ့ မဲရလဒ်ကောင်း/မကောင်းကတော့ စောင့်ကြည့်ရအုံးမဲ့ အနေအထားပါ ။

အားလုံးကို ခြုံငုံကြည့်ပြီး သုံးသပ်ရရင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်မှာ တရုတ်ဟာ ခွက်ခွက်လန်အောင် ရှုံးနေပြီလို့  မှတ်ချက်ပေးလို့ရပါတယ် ။

မြန်မာ့အရေးမှာတော့ -
UK တောင်းဆိုမှုနဲ့  UN မှာ video confrence လုပ်ပြီး မြန်မာစစ်ရာဇဝတ်မှုတွေ စုံစမ်းရာမှာ အသုံးပြုဖို့ ရန်ပုံငွေကိုအတည်ပြုလိုက်ပြီဆိုပါတယ် ။နောက်ဆက်တွဲ ဇယားကတော့  မကြာမီလာမည်မျှော် 🙂

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ဖြစ်တော့ တရုတ်ပြည်တွင်းကုမ္ပဏီတွေ  ထိုင်း ၊ လာအို ၊ ဗီယက်နမ်ကို ပြောင်းသွားကြတယ် ။ အကောက်ခွန်စီးကြပ်မှုကို ရှောင်ဖို့အတွက် ရှောင်ရှားသွားကြတာဖြစ်ပါတယ် ။ ကိုဗစ်ကာလအတွင်းမှာလည်း  အမေရိကန် ကုမ္ပဏီတစ်ရာကျော် အိန္ဒိယကို ပြောင်းသွားပြန်တယ် ။ ဂျပန်အစိုးရကလည်း  သူ့နိုင်ငံသားကုမ္ပဏီတွေကို ဒေါ်လာ  ၂..၂ ဘီလျံသုံးပြီး  တရုတ်ပြည်တွင်းကနေ  ထွက်ခွာစေတယ် ။ အဲ့ဒီ ဂျပန် ၊ ကိုရီယား ကုမ္ပဏီတွေလည်း ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်ကြလိမ့်မယ် ။ ခုတဖန် အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားကို  ပြောင်းကြပြန်ပြီ ။


မြန်မာနိုင်ငံသားတွေ မေးနေတာတွေ့တယ် ။ ပြည်ပကုမ္ပဏီတွေ မြန်မာနိုင်ငံဘာလို့မလာသလဲတဲ့ ။ (အဲ့လို မေးနေတာတွေ တွေ့ရတော့ ရင်ထဲမကောင်းလှပါ ) ။ တရုတ်ဘောမ ၊ တရုတ်ခိုင်းသမျှလုပ်နေပြီး  တရုတ်လက်ကိုင်တုတ် စစ်အာဏာရှင်တွေ နှင့်  တရုတ်ခိုင်းဖတ်တိုင်းရင်းသားလက်နက်ကိုင်တွေ ကြီးစိုးထားတဲ့ မြန်မာကို ဘယ်လာလိမ့်မလဲဗျာ ။ မတော်တရုတ်ကြီးခိုင်းလို့  စက်ရုံကို  မော်တာနဲ့ ထုရင်  ဘယ်နဲ့လုပ်မလဲ ။ဘယ်သူအာမခံမလဲ ။( ဥပမာ - ကုလားတန်မြစ်ဝှမ်းစီမံကိန်းအတွက်သယ်လာတဲ့ သံဘောင်တင်သင်္ဘောကို AA  မီးရှို့တော့  ဘယ်သူဘာလုပ်နိုင်လို့လဲ ။)

နောက်တစ်ချက်က အမေရိကန်-တရုတ် စစ်ရေးတင်းမာလို့  စစ်ဖြစ်ရင်  မြန်မာဟာ တရုတ်စစ်အခြေစိုက်စခန်းဖြစ်နိုင်လို့  စစ်ကြောင့် ပျက်စီးမှု အများကြီး ရှိနိုင်တယ် ။ ဒါကြောင့်  ဘယ်ကုမ္ပဏီမှ လာမှာ မဟုတ်ပါဘူး ။ ကိုယ့်လူမျိုးတွေသာ ဝါးလုံးခေါင်းထဲ လသာပြီး  မသိကြတာ ။ ကမ္ဘာက သိတယ် ၊ မြန်မာဟာ shockတွေအများကြီးရှိတဲ့နေရာဆိုတာကိုပေါ့ ။ 

ဘာကြောင့် မြန်မာကို ဂယ်ပေါက်အဖြစ်ထားထားလဲဆို... အဲ့ဒါကြောင့်ပဲ ။

နောက်တစ်ချက်က အခြေခံဥပဒေပြင်လို့မရသေးမချင်း တပ်ဟာ  ၂၅ ရာခိုင်ယူထားတာဖြစ်တဲ့အတွက် ကြံခိုင်ဖွံဖြိုးရေးနှင့် ထိုသူတို့ရဲ့လက်ဝေခံ အပေါင်းအပါပါတီတွေက ၂၅ ရာခိုင်နှုန်းပဲရ ၊တပ်နဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ် ။ ခုနောက်ပိုင်းဆို NLD မဲကွဲအောင်  ပါတီတွေ အပြိုင်းအရိုင်းတောင်ပေါ်လာပါသေးတယ် ။( ဥပမာ - ဦးကိုကိုကြီးတို့ ၊ PPP တို့ ၊ UBP တို့ )

မြန်မာဟာ ICJ အရေးကို ရင်ဆိုင်နေရဆဲဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ် ။ မြန်မာရင်ဆိုင်နေရတဲ့ ICJ အရေးဟာ  အနည်းဆုံး ၃ - ၅ နှစ်ထိကြာနိုင်ပါတယ် ။ ဒါကြောင့်  အကယ်၍ နောက်ရွေးကောက်ပွဲမှာ  NLD ရှုံးသွားရင်   ICJ အရေးကို ဘယ်သူတွေက  ဘယ်လိုရင်ဆိုင်မှာလဲ ။ အတော်စဥ်းစားစရာကိစ္စဖြစ်ပါတယ် ။ စစ်အာဏာရှင်ဟောင်းပါတီက လူတွေ သွားရှင်းမှာလား ( သို့မဟုတ် ) လူမသိသူမသိတဲ့တခြားတစ်ယောက်လား ။ စစ်အာဏာရှင်ဟောင်းကပါတီကလူတွေ လာတာနဲ့ဟိုကတခါတည်း ဖမ်းထားပါလိမ့်မယ် ။ လူမသိသူမသိတဲ့ တခြားတစ်ယောက်က သွားရှင်းရင်  ICJ မှာ တဖက်ရှေ့နေတွေပြောသမျှအောက်မှာ မြန်မာဟာ ခွက်ခွက်လန်အောင် ရှုံးဖို့ သေချာသလောက်ပါ ။ICJ ကိုရင်ဆိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် တခြားတစ်ယောက်မမြင်သေးပါ ။ သူမ  ဖြေရှင်းတာမှ  မဟုတ်ရင်  ဘင်္ဂလီတွေကို တိုင်းရင်းသားအဖြစ် ပေးသွားရမယ် ၊ အခန့်မသင့်ရင် ရခိုင်ဟာ ဘင်္ဂလီပိုင်နယ်မြေအဖြစ် သတ်မှတ်ပေးလိုက်ရပါလိမ့်မယ် ။ တရုတ်ဟာ အဲ့လိုအခြေနေထိရောက်အောင် ဆွဲခေါ်ပြီး ကစားလာတာဆိုတာ သဘောပေါက်စေချင်ပါတယ် ။ ဒါကြောင့်  နောက်ရွေးကောက်ပွဲမှာ ကြိုက်ကြိုက်/မကြိုက်ကြိုက်  NLD ပဲ မဲထည့်ပေးကြပါလို့  တိုက်တွန်းလိုပါတယ် ။ ဘင်္ဂလီတွေကို  ရခိုင်နယ်မြေပေးချင်ရင်တော့  တခြားပါတီ မဲထည့်ကြပေါ့ဗျာ ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတယ်ပဲ  မှတ်ကြပေတော့ ။ 

ကျနော့်ရဲ့မှတ်ချက်ကို  တချို့တွေက ဘယ်လိုထင်ကြ ၊ အတွေးပေါက်ကြသလဲ  မသိဘူး ။ အမေရိကန်ဟာ  စစ်မတိုက်ရဘဲ  နိုင်ချေ များသွားပြီပြောတာဟာ နိုင်ငံရေးကစားပွဲ ၊ နိုင်ငံရေးအားပြိုင်မှု ၊ စီးပွားရေးအားပြိုင်မှုမှာ  နိုင်တယ် ၊ ဒါကြောင့် တရုတ်ရှုံးတယ်ပေါ့ ။ အမ တစ်ယောက်ရဲ့စကားကို ငှားပြောရရင် တရုတ်ရှုံးတယ်ဆိုတာ တံမြက်စည်းနဲ့လှဲချခံရတဲ့  အမှိုက်လို လွှင့်ကျသွားတာမျိုးပြောချင်တာမဟုတ်ပါဘူး ။ ဒုတိယ စီးပွားရေး အင်အားကြီး ၊ တတိယ လက်နက်အင်အားကြီးနိုင်ငံကို အမှိုက်လှဲချသလို လှဲချလို့မရပါဘူး ။ နိုင်ငံများရဲ့ အားပြိုင်မှုမှာ  နိုင်ငံရေးအရ  ရှုံးသွားတာကို ပြောခြင်းပါ ။

ဒါကြောင့် တရုတ်-အမေရိကန် တင်းမာမှုမှာ  တရုတ်ရှုံးနိမ့်သည့်အတွက် မြန်မာအပေါ်မှာရှိသော  တချို့သော ဖိအားတွေထိုက်သင့်သလောက်လျော့ကျသွားသည့်တိုင်  မြန်မာ့ကို ဒုက္ခကောင်းကောင်းပေးနိုင်လောက်တဲ့ အားကတော့ ကျန်နေအုံးမှာပါ ။ 

ဒါကြောင့် မြန်မာ့ဒီမိုကရေစီအရေးကတော့ အခက်အခဲတွေကြားကနေ တိုးထွက်ရုန်းကန်ပြီး ရှင်သန်ထမြောက်ဖို့  ကြိုးစားနေရအုံးမှာ ဖြစ်ပါတယ်ပြောလို့ရင်း  ဆောင်းပါးကို ဒီနေရာမှာပဲ ရပ်တန့်လိုက်ပါတယ် ။

myanmar society🇲🇲


ကမ္ဘာ့အရေး/မြန်မာ့အရေးတွေအပေါ်မှာ ယူဆချက်အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။ မိမိယူဆချက်ကမှ  အမှန်ဆိုပြီး  ရေးသားတင်ပေးတာလည်း  မဟုတ်ပါဘူး ။ မိမိရေးသားလိုက်သော ယူဆချက်နှင့် စာဖတ်သူဆီမှာရှိသော အခံဗဟုသုတ၊အမြင်တို့ ပေါင်းစပ်ပြီး  ပိုမိုကောင်းတဲ့အမြင်တစ်ခု ဖြစ်ရန်အတွက်ဟူသော ခံယူချက်ဖြင့်ရေးသားနေခြင်းသာဖြစ်ပါတယ် ။

မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့သလျှက် ~~

WHO ညွှန်ချုပ် တက်ဒရို့စ်အား  အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေးပို့ခဲ့သော စာ

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ