ဖြစ်လာလတ္တံသော ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ


ဖရန်ကလင် ရုစဘဲ့လ် နှင့် ဝစ်စတန်ချာချီတို့ အုတ်မြစ်ချခဲ့တဲ့ ကမ္ဘာ့ဘုံစည်းမျဥ်းခံစနစ် UNSC ကို  တည်ထောင်ပြီး ဗီတိုအာဏာအသုံးပြုနိုင်သောအမြဲတမ်းအဖွဲ့ဝင် ( ၅ ) နိုင်ငံ ( အမေရိကန် ၊ ပြင်သစ်၊ ရုရှား ၊တရုတ် ၊ အင်္ဂလန်) နှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သောရွေးကောက်ခံ (၁၀) နိုင်ငံတို့က ကမ္ဘာကြီးကို စိုးမိုးထားခဲ့ကြပါတယ် ။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘုံစည်းမျဥ်းခံစနစ်ကြီးကို  တီထွင်ပြီး ကမ္ဘာကြီးကို အုပ်ချုပ်ခဲ့ကြတာဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက ယနေ့ထိဟု  အကြမ်းအားဖြင့်  ဆိုနိုင်မည် ထင်ပါတယ်။

UNSC ဆိုတာ  ကမ္ဘာ့ဘုံစည်းမျဥ်းခံ အနေနဲ့တည်ရှိပါတယ် ။ ဘာကြောင့်လဲဆို  UN ကို ကမ္ဘာ့နိုင်ငံအများကြီးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ် ။ ဥပမာ - မြန်မာဟာ ကုလရဲ့ဘုံစည်းမျဥ်းခံစနစ်ကိုသဘောတူထားတာကြောင့်  ICJ ကိစ္စကို  သွားရောက် ရှင်းလင်းနေရပါတယ် ။ သွားရှင်းရပြီဆိုတော့ ကမ္ဘာ့ဘုံစည်းမျဥ်းခံစနစ်အောက်မှာရှိတယ်လို့  ဆိုရမှာပါ ။ နိုင်ငံတစ်ခုရဲ့  အချုပ်အခြာအာဏာကို ထိပါးခြင်း မရှိဘူးဆိုသော်ငြား တိုက်ရိုက်မဟုတ်သော သွယ်ဝိုက်သောနည်းအားဖြင့်တော့  သက်ရောက်မှုတွေ ရှိနေတာတော့ ဖြစ်ပါတယ် ။

ထိုသို့  ကုလကိုဦးဆောင်နေတဲ့အမြဲတမ်းအဖွဲ့ဝင် ( ၅ ) နိုင်ငံကြားထဲ၌မှာပဲ မမျှမတဖြစ်လာတဲ့အခါ  အဆုံးအဖြတ်ပေးမဲ့လူနေရာမှာ  အားကိုးစရာမရှိ  ဖြစ်လာရပါတယ် ။အားကိုးအားထားပြုလို့ရတဲ့  သူနေရာမှာ လစ်ဟာနေတယ်လို့  ဆိုနိုင်ပါတယ်။

အဲ့ဒီအမြဲတမ်းအဖွဲ့ဝင်  ၅  နိုင်ငံထဲက တရုတ်ဟာ WHO နဲ့ပေါင်းပြီး ဗိုင်းရပ်စ်ဖြန့်တဲ့ စိတ်ကူးနဲ့ ကမ္ဘာနိုင်ငံများကို သွေးတိုးစမ်းလာတဲ့အခါမှာ ဘယ်သူက အမှန်တရားအတွက် ဆုံးဖြတ်ပေးမှာလဲ ??

ခုလို  ကိုဗစ်-၁၉ကပ်ရောဂါဖြစ်တဲ့ကိစ္စမှာ ခုချိန်ထိ UN က အမှန်တရားအတွက် ဦးဆောင်မှုပေးနိုင်ခြင်းမရှိသေးပါဘူး။ ဘာကြောင့်လဲဆို  ဗီတိုအာဏာသုံးလို့ရတဲ့  အမြဲတမ်းအဖွဲ့ဝင်နိုင်ငံကြီးတွေထဲက ဖောက်ပြန်တာဖြစ်နေလို့ပါ  ။ 

UN ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာ့လိုအပ်ချက်ကို ပြည့်မီအောင်မဖြည့်တင်းနိုင်တော့ပြီလား ?? 

ဒါဆိုရင်  UN ဆိုတဲ့  ကမ္ဘာ့ဘုံစည်းမျဥ်းခံစနစ်ကို  ဘယ်လိုပြုပြင်မလဲ ?? 

ဒီတိုင်းသွားလို့တော့  မရတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ် ။

အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက ငွေပင်ငွေရင်း အများဆုံးစိုက်ထုတ်ပြီး ကမ္ဘာကြီးကို ဦးဆောင်နေတယ်ဆိုတာ မှန်ပါတယ် ။ထိုကဲ့သို့  ငွေပင်ငွေရင်း အများဆုံးစိုက်ထုတ်တာနဲ့ ကာမိလာအောင်   နိုင်ငံရေးအကျိုးအမြတ်ထုတ်လာတာတွေ ဖြစ်မလာအောင် ဘယ်လိုမျှတအောင် ရှေ့လျှောက်ဆောင်ရွက်မလဲ မေးစရာ ဖြစ်လာပါတယ် ။ 

ဗီတိုအာဏာရအမြဲတမ်းအဖွဲ့ဝင်( ၅ )နိုင်ငံရဲ့နိုင်ငံရေးအကျိုးအမြတ်နဲ့ ပက်သက်မှသာ ကုလလုံခြုံရေးကောင်စီဟာအလုပ်ဖြစ်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံငယ်တွေရဲ့အရေးကျရင်  သိပ်အလုပ်မဖြစ်တဲ့ သဘောတရားတွေလည်း  မြင်နေရပါတယ် ။

ဗီတိုအာဏာသုံးနိုင်တဲ့ ကုလအမြဲတမ်းအဖွဲ့ဝင် ( ၅ ) နိုင်ငံထဲက ကမ္ဘာ့နံပတ်တစ် အမေရိကန်ဟာ ကမ္ဘာ့ ဝန်ကို တခြားနိုင်ငံတွေထက် ထမ်းထားတယ်လို့ ဆိုနိုင်တယ် ။  WHO မှာတင်  နှစ်စဥ်နှစ်တိုင်း  သန်း  ( ၄၀၀ ) ထည့်ဝင်နေတယ်ပေါ့( လက်ရှိမှာ ထည့်ဝင်ငွေဆိုင်းငံ့ ) ။ အများဆုံးထည့်ဝင်နေတာပါ ။ အနှစ် ၃၀ ဆိုရင်ကို ထည့်ဝင်ကြေးမနည်းတော့ဘူးလို့ ဆိုရမှာပါ ။ တကမ္ဘာလုံးတည်ငြိမ်အေးချမ်းရေးအတွက်  စစ်စရိတ်တွေ ရှိတယ် ။ တခြားနိုင်ငံကျူးကျော်ချင်သူ ၊ တခြားနိုင်ငံကို နိုင်ထက်စီနင်းလုပ်ချင်တဲ့နိုင်ငံတွေကတော့  အမေရိကန်ဟာ ကမ္ဘာကို ချုပ်ကိုင်ထားတယ်လို့ အာဏာရှင်စနစ်ဦးစားပေးနိုင်ငံတွေက ဆိုနိုင်တယ် ။ ဥပမာ -  တောင်တရုတ်ပင်လယ်အရေးမှာသာ  စစ်စရိတ်ကုန်ပါတယ်ဆိုပြီး  အမေရိကန် လက်ရှောင်ခဲ့ရင် မြန်မာအပါအဝင်  အာစီယံနိုင်ငံတွေဟာ တရုတ်အုပ်ချုပ်မှုအောက်  ရောက်နိုင်ဖွယ် ရှိပါတယ် ။

အမေရိကန်ဟာ အကြွေးထွီလီယံချီပြီး အကြွေးတင်နေတာပါ ။ ဒါတွေကို  မြင်လာတယ်  ၊ တချို့စစ်စခန်းတွေ ပြန်ရုတ်သိမ်းလာတယ် ။ တချို့နိုင်ငံတွေက အကူအညီတောင်းမှုတွေ မပေးချင်တော့ဘူး ။ NGO အဖွဲ့အစည်းတွေကို ငွေမထည့်ချင်တော့ဘူး ။
( သူစိုက်ထုတ်ထားတဲ့ ငွေနဲ့သူကို ပြန်ထိုးနှက်နေတာကို  မြင်လာတယ် ၊ သူ့အရိုးနဲ့ သူ့ပြန်ထိုးနှက်ခံရတဲ့ သဘောမျိုး )

ဒါကြောင့်  အဲ့လိုငြီးငြူလာတဲ့  အမေရိကန်ရဲ့အရွေ့ဟာ ကမ္ဘာ့အခင်းအကျင်းကို  ပြောင်းစေတော့မှာလား ??

အကယ်၍သာ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ရှုံးနိမ့်ပြီး တန်းဆင်းသွားခဲ့ရရင် ကမ္ဘာ့အရေးထောက်ပံ့မှုမှာ လျော့ကျသွားမှာကတော့ အမှန်ပဲ ဖြစ်ပါတယ် ။အဲ့ဒီလိုလျော့ကျသွားတာနဲ့ အာဏာရှင်စနစ်ကိုအားပြုနေတဲ့ တချို့သောခေါင်းဆောင်တွေရဲ့ နိုင်လိုမင်းထက်ပြုမှုတွေဟာ ဒီထက်ပိုများလာဖွယ်ရှိ ပါတယ်။ အထူးသဖြင့်  နျူးကလီယားပိုင်ဆိုင်ထားတဲ့ အာဏာရှင်နိုင်ငံတွေဟာ ထကြွလာမှာပါ ။ အဲ့ဒါဆိုရင် ကမ္ဘာ့အခင်းအကျင်းဟာ ပြောင်းလဲဖွယ်တစ်စုံတစ်ရာ ရှိလာမှာ အမှန်ပါ ။ ကမ္ဘာ့နံပတ် ၁ နေရာကို တရုတ်သာရသွားခဲ့ရင်  အမေရိကန်စောင့်ရှောက်သလောက်တောင် ကမ္ဘာကြီးကို စောင့်ရှောက်ပါ့မလားဆိုတာကလည်း မျှော်လင့်လို့မရပါဘူး ။ 

ဒါကြောင့် UN အဖွဲ့အစည်းရဲ့စည်းမျဥ်းတွေကို ဒီထက် ကမ္ဘာ့နိုင်ငံတွေ လုံခြုံမျှတအောင်  ပြင်ဆင်နိုင်ပါ့မလား ။ ကမ္ဘာကြီးဟာ အတ္တဆန်လာပြီလား ။ အဲ့လိုတွေ တွေးဆစရာ ရှိလာပါတယ် ။

ဒေါ်နယ်ထရန့်ရဲ့တောင်းဆိုချက်ကို UN အဖွဲ့ဝင်နိုင်ငံတွေက လက်ခံမယ်/လက်မခံဘူးဆိုတာပေါ် မူတည်ပြီး ကမ္ဘာ့ပေါ်ကအာဏာရှင်စနစ်တွေဟာ တကျော့ပြန် ခေါင်းထောင်လာမလား?? (သို့မဟုတ် ) ဦးကျိုးပြီး တန်းတူညီတူအရေးကို ရှေးရှု့လာမလား?? ဆိုတာ စိတ်ဝင်စားစရာပါဘဲ။ ရှီကျင်းပင်ရဲ့ ကုလအစည်းအဝေးမှာ ပြောတဲ့စကားအရ လူ့အခွင့်အရေးတို့၊တန်းတူညီမျှရေးတို့ဆိုတဲ့ လျှာဖျားကလာတဲ့ စကားလုံးတွေနဲ့ ကမ္ဘာကြီးကိုလှည့်စားပြီး ကျင့်ဝတ်ချိုးဖေါက်နေဦးမည်ဆိုလျှင်  ကုလဆိုတာ အဘယ်သို့နည်းဟု မေးခွန်းထုတ်လာကြလိမ့်မည် ထင်ပါတယ်။

ဒါကြောင့် ကိုဗစ်အလွန်ကာလတွေမှာ ထရန့်သာမဲဆက်နိုင်ရင်ခဲ့ရင်  ကမ္ဘာ့နိုင်ငံရေးဟာ တစ်ဆစ်ချိုးပြောင်းလဲဖွယ် ရှိနေတာပါ ။ ယခု မိမိစဥ်းစားတာထက်ကိုပိုပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ပိုမိုစဥ်းစားလာကြပြီး  ပြင်ဆင်အစားထိုးမှုတွေ လုပ်လာလိမ့်မယ်လို့  ယူဆစရာ ရှိပါတယ် ။

တရုတ်ကို ကုလအရေးယူဖို့ ဒေါ်နယ်ထရန့်တိုက်တွန်းတယ်ဆိုတဲ့ စကားအပေါ် အခြေပြု၍ ဆင်ချင်မိခြင်းသာဖြစ်ပါတယ် ။

မိမိအယူအဆ သက်သက်ပါ ။ အမှားအယွင်းပါလျှင် ခွင့်လွှတ်စေလို ၊ သင်ပြလမ်းညွှန်ပေးစေလိုပါတယ် ။

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ ကျန်းမာ ချမ်းသာကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ