ဖွံ့ဖြိုးတိုးတက်ခွင့်မရသော မြန်မာ
တိမ်မြှုပ်သွားတဲ့ "တာတာအင်ပါယာ"အကြောင်းလေ့လာဖော်ထုတ်နေကြတဲ့ အနောက်ဥရောပကသုတေသီတွေဆွဲတဲ့"တာတာအင်ပါယာ"မြေပုံထဲမှာ မြန်မာနိုင်ငံပါနေတာတွေ့ရတာတော့ အတော်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။
ဆက်စပ်ပြီးတွေးဖြစ်တာတွေတော့အများကြီးပါပဲ။အဲ့သည်လိုတွေးဖြစ်တာတွေထဲကမှ တချို့သောအချက်အလက်လေးတွေကို စာဖတ်သူတွေကို နည်းနည်းလောက် ရေးပြပါရစေ ...
Civilization တစ်ခုဖွံ့ဖြိုးတိုးတက်လာမှု ၊ အင်ပါယာတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာမှုနောက်မှာ ကြီးမားတဲ့စိတ်ကူးစိတ်သန်းကောင်းတွေ မရှိဘဲ မဖြစ်နိုင်ပါဘူး။ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာ့မြေကို လိုချင်နေရတဲ့အကြောင်းအရင်းကောင်းကောင်း ရှိကိုရှိပါတယ်။
နိုင်ငံတစ်ခုမှာ နိုင်ငံသားတွေ စည်းလုံးခြင်းမရှိ၊အချင်းများနေကြလို့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲ အသိပညာအရာမှာလည်း နုံချာရတယ်လို့ များသောအားဖြင့် အဲ့ဒီလိုပဲပေါ့ပေါ့ တွေးကောင်းတွေးနိုင်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ပြည်တွင်းရေးပဋိပက္ခတွေ၊ဘာသာရေးအထိကရုန်းတွေ၊ပြည်တွင်းစစ်တွေ၊ဒေသတွင်းစစ်တွေ၊ကမ္ဘာစစ်တွေနဲ့လုံးခြာလည်ပြီး ဆင်းရဲတွင်းနက်နေအောင် ဖွံ့ဖြိုးတိုးတက်မှုရှိမလာအောင် အကြောင်းဖန်ဇာတ်သွင်းပြီး ထိန်းချုပ်ခံထားရတဲ့နိုင်ငံတချို့ ကမ္ဘာပေါ်မှာ ရှိတယ်လို့ပြောရင် ယုံကြည်သူနည်းကြပါလိမ့်မယ်။
အဲ့ဒီလို ဇာတ်သွင်းထိန်းချုပ်ခံထားရတဲ့ နိုင်ငံတွေထဲမှာ"မြန်မာနိုင်ငံ"ဟာလည်း အပါအဝင်ဖြစ်ပါတယ်။
၎င်းဆက်ထုံးကိုဖြည်နိုင်မှ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
myanmar society🇲🇲