တို့ပြည်သူတွေ ဘာလုပ်ရမလဲ ??


တောင့်ခံထားမယ် !!
လက်ရှိကမ္ဘာရဲ့လက်တလောအခြေအနေအရ တရုတ်ပြည်နှင့် Deep State ရဲ့ လက်အောက်ကွန်ယက်တွေအကြမ်းဆုံးနည်းနဲ့ နိုင်ငံငယ်တွေကိုမွှေလိမ့်မည်ယူဆတယ်။လက်ရှိကမ္ဘာ့အရေးအခင်းကောက်ကြောင်းအား  ချင်ဆင်မိရသလောက်တော့ သူတို့တွေ  ဆုပ်စူးစားရူးအခြေနေရောက်နေပြီ ။အမျိုးသားညီညွတ်ရေးအစိုးရဖက်က ပါးပါးနပ်နပ်သတိဖြင့် သံခင်းတမန်ခင်းလုပ်တတ်ဖို့တော့ လိုမယ် မြင်မိတယ်။

သူတို့တွေဟာ အခြေနေမကောင်းလို့ မြန်မာပြည်သယံဇာတကိုရသမျှ ခွာချနေပြီ။ ခွာပလေ့စေအုံး ။ဒေါ်လာငွေကြေး ၊ အိမ်ခြံမြေတွေလုပ်လည်းပဲ ငွေကြေးစျေးကွက်မအောင်ရင် သယံဇာတလည်းဘောင်ဝင်ဖို့ မလွယ်ပါဘူး။ ဂျိုးဘိုင်ဒန်ဖက်က ရွှေစျေးတွေထိုးချပေးတယ်လို့ သတင်းဖတ်ရတယ်။ ဘာပဲကစားကစား လက်ရှိလူထုဖက်က ကိုဗစ်ကာကွယ်ဆေးကိစ္စ မငြိမ်သမျှ ကမ္ဘာ့ခရိုနီတွေဘာမှလုပ်မရဘူး မှန်းတယ်။

ကမ္ဘာ့လူထုတွေက တနေ့ထက်တနေ့၊တရက်ထက်တရက် တိုးတိုးပြီးလမ်းပေါ်ထွက်လာနေကြပြီ။ဒါကို ဖြေရှင်းဖို့ လက်ရှိကမ္ဘာတဝှမ်း ဒီမိုကရေစီအမည်ခံ အတုအယောင်အစိုးရတွေ ဘယ်လိုဖြေရှင်းမလဲ ??

အကြမ်းဖက်စစ်ကောင်စီကတော့ ဒီနိုင်ငံက သယံဇာတကို သူတို့အာဏာတည်မြဲရေးအတွက် တရုတ်ပြည် နှင့် Deep State ရဲ့ကွန်ယက်တွေကို အောက်စျေးဖြင့် ဖားပြီး အကူအညီတောင်းရုံသာရှိတယ်။ မိမိတို့ပြည်သူတွေကလည်း  ကိုယ့်တော်လှန်ရေးကိုယ်ဆက်လုပ်ရင်း အကြမ်းဖက်စစ်ကောင်စီကိုအပီတွန်းထုတ်နိုင်ဖို့ပဲ လိုပါတယ်။ 

လက်ရှိအချိန်မှာ တကမ္ဘာလုံး ဘယ်နေရာမှ အေးချမ်းမနေသလို  အဆင်ပြေမနေပါဘူး။အလုပ်လည်ပတ်သယောင်ရှိနေပေမယ့် တိုးတက်ဖွံ့ဖြိုးနေတာမရှိပါဘူး။စားဝတ်နေရေးအရ လည်ပတ်ရတဲ့သဘောထက်မပိုဘူးဆိုတာ သိထားပေးကြပါ။ တကမ္ဘာလုံးဟာ သူ့အပူနဲ့သူပဲ။ ဒါကြောင့် အကူအညီ ကြီးကြီးမားမားရဖို့ရာ မျှော်မှန်းမရတဲ့အနေအထားတစ်ရပ်ဆိုရင်လည်း မှားမယ်မထင်ဘူး။

အကြမ်းဖက်စစ်ကောင်စီဟာ အကူမရှိရင် သူတောင့်ခံမထားနိုင်ဘူး။ဘောင်ကျော်ကိုင်ရင်လည်း သူ့လည်ကို သူကြိုးကွင်းစွပ်သလိုဖြစ်မယ်။အဓိကကတော့ ဒီနိုင်ငံကလူထုညီနေဖို့ပဲလိုတယ်။

တကမ္ဘာလုံး ကိုဗစ် နှင့် ကာကွယ်ဆေးကိစ္စ လူထုတွေသည်းမခံနိုင်တော့ရင် သူတို့အစိုးရကိုတော်လှန်မယ်။သူတို့ နှင့် Deep State သြဇာခံအစိုးရတွေအပူကြွလိမ့်မယ်။လူထုမရှိပဲ အစိုးရအုပ်ချုပ်မရဘူး။ဒါကိုဒီမိုကရေစီအမည်ခံထားတဲ့ အတုအယောင်အစိုးရတွေမှ အာဏာရှင်အသွင် ချက်ချင်းပြောင်းဖို့ခက်ခဲလိမ့်မယ်။လူထုနိုးထလာသည့်အလျှောက်လွယ်လွယ်နဲ့လုပ်မရဘူး ၊ ပုံသွင်းမရဘူး။ဒါကြောင့် ဒီကမ္ဘာ့လူထုအုံကြွလာမှု ၊ အာဏာရှင်လူလိမ်တွေကိုတော်လှန်ဖို့လုပ်လာတဲ့လူထုတွေနဲ့အပြိုင် ဒီမြန်မာနိုင်ငံအရေးအခင်းမှာ မြန်မာလူထုကလည်း အာဏာရှင်တော်လှန်ရေးအခွင့်အခါပါပဲ။

မြန်မာ့အရေးမှာ စစ်အာဏာရှင်တွေဖက်ကို အကူအညီတွေ အလွယ်တကူဝင်လာဖို့မလွယ်ပေမဲ့ လက်ရှိအနေအထားအရ အိမ်နီးချင်းနဲ့ပတ်သက်တဲ့ ဘင်္ဂလားဒေရှ့်နယ်စပ် ၊ တရုတ်ပြည်နယ်စပ် နှင့် ထိုင်းနိုင်ငံနယ်စပ်နဲ့ နီးစပ်သူတွေ သတိထားပြီးတော့ လုပ်ဆောင်ရင် ပိုကောင်းမယ်။ အိန္ဒိယနှင့်တရုတ်ပြည်နဲ့စစ်ရေးပြေးနေမှုကိုကြည့်ရမယ်။ သူတို့ဟာ အဆွသာကစားပြီး တကယ်လက်တွေ့မပါရင် မြန်မာပြည်ဝင်ပေါက်ထဲက တရုတ်နယ်စပ် ၊ ထိုင်းနယ်စပ် ၊ ရခိုင်နယ်စပ် ၊ မြေအောက်ရထားဆက်သွယ်လမ်းတွေကနေ အကြမ်းဖက်စစ်ကောင်စီအတွက် ပြည်ပအကူအညီ မသိမသာဝင်လာနိုင်တာကိုလည်းသတိထားရပါမယ်။ ရေကြောင်း ၊ လေကြောင်းဝင်ပေါက်တွေကတော့ လက်ရှိမှာ ထိန်းချုပ်နိုင်ရန်အတွက်ကြိုးပမ်းဖို့ရာ မဖြစ်နိုင်သေးတဲ့အနေအထားလို့ ဆိုရမှာပါပဲ ။ဒါကြောင့် ဆိုင်ရာတာဝန်ယူသူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လက်ပါးစေတွေရဲ့သေပျောက်နှုန်း(မုန့်ဟင်းခါးအရေအတွက်)ထက် ၎င်းအရာတွေအပေါ်မှာ ပိုပြီးသတိထားရမှာတော့ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဆွကစားမှုကို ပြန်ခံတိုးမဝင်ပဲ အလျဥ်းသင့်သလို အကြမ်းဖက်စစ်ကောင်စီဖက် အကူဝင်မရအောင် ဗျူဟာတိုက်နည်းအား လိုသလိုပုံဖော်တတ်ဖို့လည်းလိုပါတယ်။

ခုချိန်မှာ ကျားနာတွေဟာ ပြည်ပအကူရဖို့သယံဇာတနဲ့မဟားတရားပေးကမ်းဖို့ရှာရတာတဖက်၊ပြည်တွင်းက ပြည်သူ့တော်လှန်ရေးကိုရင်ဆိုင်ရတာတဖက်၊ ဒီအတွက်သူတို့ကြပ်လာလေ လူထုကိုနည်းပေါင်းစုံ အလုံးစုံပျက်သုန်းရေး စားဝတ်နေရိက္ခာပြတ်တောက်ရေး လုပ်မှာပဲ။ ပြီးလျှင် တရုတ်မှောင်ခိုလမ်းနဲ့ထိုင်းကနေ ပစ္စည်းတွေကုန်ကူးပြီးလူတွေကို ငတ်တွင်းနက်သထက်နက်အောင်လုပ်မှာပဲ။

ဒါကြောင့်မှောင်ခိုလမ်းသယ်နေတဲ့ စစ်ကောင်စီခရိုနီလက်ပါးစေတွေကိုဘာလုပ်သင့်လဲ...တွေးကြည့် ။ ဘက်စုံကာရေး၊ ဘက်စုံဖောက်ထွက်ရေး သူတို့လမ်းကိုကြံ့ကြာစေဖို့ ဘယ်ဗျူဟာဘယ်နည်းသုံးမလဲ...ကိုယ့်ဖက်က ကျွမ်းကျင်နေမှ သူတို့ကိုပြန်ကြပ်နိုင်မှ ကိုယ့်အရေးဟာ သာမယ်။

အချုပ်ပြောရရင်  မြန်မာပြည်အား ထိန်းကြောင်းမောင်းနှင်နေတဲ့ ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာ ၊ အထွေထွေအုပ်ချုပ်ရေးဆိုတဲ့ ကဏ္ဍကြီး ( ၄ )ရပ်ကို  ချုပ်ကိုင်နိုင်အောင် ကြိုးပမ်းဖို့ပါပဲ။ အစိုးရတစ်ရပ်အဖြစ် ချုပ်ကိုင်ဖို့ကလည်း ၎င်းကဏ္ဍတွေက အရေးပါပါတယ်။ ဘယ်အစိုးရပဲ ဖြစ်ဖြစ် အဲ့ဒီကဏ္ဍတွေကို  စိန်ခေါ်ရင်  ဘန်ကာထဲပုန်းနေရင်တောင်  ထွက်လာရမှာ အသေအချာဖြစ်ပါတယ်။

Suthamee
myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း