စူဠသုဘဒ္ဒါရဲ့ဒစ်ပလိုမေစီနိုင်ငံရေး
မြန်မာ့ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်နေတာပဲ ( ၁ )နှစ်ကျော်ပြီ ။ အဲ့ဒီ ၁ ဘီလီယံဒေါ်လာ ဘယ်တော့ရမှာတဲ့လဲ ?? ငါတို့နိုင်မှ ၎င်းမြန်မာပြည်သူပိုင် ၁ ဘီလီယံဒေါ်လာက ရမှာတဲ့လား ?? ပေးလိုက်ကြတဲ့အကူအညီပေါင်း သောင်းခြောက်ထောင်က စာရွက်ပေါ်မှာ ပြန့်ကျဲလို့ ၊ မစားရ ဝ' ခမန်းပါပဲ။ မြန်မာ့အရေးဖြစ်လို့ တစ်နှစ်ကြာပြီးနောက်မှာ ဖြစ်တဲ့ ယူကရိန်းအတွက်တောင် ၃၃ ဘီလီယံ လျောလျောရှူရှူထွက်သေးတဲ့ဟာ ၊ မြန်မာပြည်သူပိုင် ၁ ဘီလီယံဒေါ်လာဆိုတာ ပြည်သူပိုင်ပိုက်ဆံအား ပြည်သူရွေးကောက်ထားတဲ့အစိုးရအား ပြန်ပေးတဲ့ကိစ္စရပ်မှာ ဘာမှမဖြစ်နိုင်စရာ မရှိပါဘူး။ ပြည်သူကို ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို တရားဝင်အသိအမှတ်ပြုပေးပြီး ပြည်သူပိုင် ၁ ဘီလီယံဒေါ်လာကို ပြည်သူ့အစိုးရကို ပေးအပ်လိုက်ယုံနဲ့ ကိစ္စအတော်များများက အဆင်ပြေသွားမည့်ကိစ္စပါ ။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အမေရိကန်က အသိအမှတ်ပြုလိုက်ရင် သံရုံးတွေ နိုင်ငံပြင်ပ ထွက်သွားရမှာစိုးလို့လား။ အင်တာနက်ခေတ်ကြီးထဲမှာ သံရုံးတစ်ခုကို ကုတ်ကပ်စိုက်နေစရာမလိုပါဘူး။ ပြည်သူရွေးကောက်တင်မြှောက်ထား...