စူဠသုဘဒ္ဒါရဲ့ဒစ်ပလိုမေစီနိုင်ငံရေး

မြန်မာ့ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်နေတာပဲ ( ၁ )နှစ်ကျော်ပြီ ။ 

အဲ့ဒီ ၁ ဘီလီယံဒေါ်လာ ဘယ်တော့ရမှာတဲ့လဲ ??

ငါတို့နိုင်မှ ၎င်းမြန်မာပြည်သူပိုင် ၁ ဘီလီယံဒေါ်လာက ရမှာတဲ့လား ??

ပေးလိုက်ကြတဲ့အကူအညီပေါင်း သောင်းခြောက်ထောင်က  စာရွက်ပေါ်မှာ ပြန့်ကျဲလို့ ၊ မစားရ ဝ' ခမန်းပါပဲ။

မြန်မာ့အရေးဖြစ်လို့  တစ်နှစ်ကြာပြီးနောက်မှာ  ဖြစ်တဲ့ ယူကရိန်းအတွက်တောင်  ၃၃ ဘီလီယံ လျောလျောရှူရှူထွက်သေးတဲ့ဟာ ၊ မြန်မာပြည်သူပိုင် ၁ ဘီလီယံဒေါ်လာဆိုတာ  ပြည်သူပိုင်ပိုက်ဆံအား  ပြည်သူရွေးကောက်ထားတဲ့အစိုးရအား ပြန်ပေးတဲ့ကိစ္စရပ်မှာ ဘာမှမဖြစ်နိုင်စရာ မရှိပါဘူး။

ပြည်သူကို ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို တရားဝင်အသိအမှတ်ပြုပေးပြီး  ပြည်သူပိုင် ၁ ဘီလီယံဒေါ်လာကို ပြည်သူ့အစိုးရကို ပေးအပ်လိုက်ယုံနဲ့  ကိစ္စအတော်များများက အဆင်ပြေသွားမည့်ကိစ္စပါ ။ 

ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို  အမေရိကန်က အသိအမှတ်ပြုလိုက်ရင်  သံရုံးတွေ နိုင်ငံပြင်ပ ထွက်သွားရမှာစိုးလို့လား။ အင်တာနက်ခေတ်ကြီးထဲမှာ  သံရုံးတစ်ခုကို ကုတ်ကပ်စိုက်နေစရာမလိုပါဘူး။

ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အသိအမှတ်ပြုပြီး  ပြည်သူပိုင် ၁ ဘီလီယံဒေါ်လာသာ ပြည်သူ့အစိုးရကို  ပွဲအစကတည်းက ပေးရင်  ခုလောက်ထိလည်း ပြည်သူတွေသေမှာ မဟုတ်သလို၊  ရွာတွေ ၊ မြို့တွေလည်း ခုလောက်  ပြာကျသွားမှာ မဟုတ်ပါဘူး။

အစွယ်လိုသူ မိဖုရား
အသွားစေလွှတ်သူ မင်းဧကရာဇ်
လေးပစ်သူကား သောနုတ္ထိုရ် ...

သောနုတ္ထိုရ် ကိုပဲ  အများမြင်ကြတယ်။

မြန်မာကို နားတောင်းလုပ်၍ ဆင်မြန်းချင်သူတွေ ဘေးကင်းနေဆဲ ...။

myanmar society 🇲🇲


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း