The Deep State[နက်ရှိုင်းပြည်နယ်]
The Deep State [ နက်ရှိုင်းပြည်နယ် ]
(စာဖြူစာနီ-မှုပွေလီသည့်
ဒီစီအိမ်တွင်းရေးဖြစ်မှန်)
နက်ရှိုင်းပြည်နယ်{ Deep State }ဆိုတဲ့အတ္ထုဒ္ဓါရကို သကာလှစ်ပြီး အနှစ်ဖွင့်ရရင် "အစိုးရကိုပြန်ကြိုးကိုင်ထားတဲ့ ကမ္ဘာ့လျှို့ဝှက်အရိပ်မည်းကြီး-Shadow Government"ရဲ့ အစွယ်အပွား စကားပါ။
အဲ့ဒီစကားဟာ အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစနစ်ထဲမှာ ပူးပေါင်းကြံစည်မှုနဲ့ ခရိုနီဝါဒကို လုံးလုံးကိုယ်စားပြုထားတယ်။ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအထဲကမှ ကော်ပိုရေးရှင်းအရ တိတ်တဆိတ်လွှမ်းခြုံစိုးမိုးနေတဲ့ လျှို့ဝှက်အစိုးရတစ်စ၊တစ်ကဏ္ဍလို့ ပြောလို့ရပါတယ်။
ဘယ်တရားဝင်အစိုးရရဲ့သဘောတူခွင့်ပြုချက်ကိုမှ ဂရုစိုက်စရာမလိုဘဲ အမေရိကန်ကွန်ကရက်ကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်တဲ့"အုပ်ချုပ်ရေးယန္တရား"တစ်ရပ်လို ဖြစ်နေတာပါ။ထိပ်တန်းအဆင့်ဘဏ္ဍာရေးနှင့်စက်မှုလုပ်ငန်းအစိတ်အပိုင်းတွေထဲအစုစပ်ပါဝင်ပေါင်းစည်းထားပြီး ကောင်းကောင်းဩဇာညောင်းစေခိုင်းပေးတဲ့ နိုင်ငံရေးလက်မည်းယန္တရားငယ်လို့ ဆိုနိုင်ပါတယ်။
လုပ်စားနိုင်ငံရေးသမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေကြားက အဂတိလိုက်စားမှုဗရပွနဲ့ တောထအောင် စီမံအကြပ်ကိုင်အမိန့်ပေးနေတဲ့ ကန့်လန့်ကာနောက်ကွယ်က ပဓာနချယ်လှယ်ရေး ရာဇဝတ်လက်သယ်ဆိုပြီး နာမည်ပျက်တွေ ဇယ်ဆက်နေတယ်။
ဖယ်ဒရယ်ရီဆာ့-federal reserve ကမ္ဘာ့ငွေကြေးစံနစ်ကို ကန်အမျိုးသားပိုင်ပြောင်းလဲလိုတဲ့ လင်ကွန်းတို့ ၊ ကနေဒီတို့ ၊ သမ္မတအဆက်ဆက်ဟာ အဲဒီ Deep State Globalists လက်မရွံ့တွေရဲ့လုပ်ကြံသတ်ဖြတ်တာကို ပိုးစိုးပက်စက်ခံခဲ့ရတယ်။ ရေဂင်လည်း သေလုနီးနီးပါပဲ။ ထရမ့်လည်း အကြိမ်ကြိမ်ကံသီနေတုန်းဆိုရမယ်။ဒါလည်းထရမ့်ဟာ သူ့ရဲ့ကွမ်တမ်ကမ္ဘာ့ငွေကြေးစံနစ်နှင့်ကမ္ဘာ့ဘဏ်ရဲ့လေဈေးအရောင်းကို ရွှေချောင်းအစစ်နဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုံခြုံရေးနှင့်ပြုပြင်ပြောင်းလဲရေးအက်ဥပဒေ-Global Economic Security and Reformation Act(GESARA) အတိုင်း မှန်မှန်ကန်ကန်အစားထိုးပစ်ဖို့ကြိုးစားနေတုန်းပါ။ ဒီ့အတွက် CIA ၊ FBI နှင့် အကျင့်ပျက်ခုံသမာဓိဥသျှောင်ကြီးတွေကအစ ထရမ့်ကို အမျက်တော်ရှငြူစူကြတယ်။ ထရမ့်က လုပ်ကြံခံထိခဲ့တဲ့သူ့အချစ်တော် သမ္မတကနေဒီသားလေးအပေါ် ကနေဒီအမှု အဓိကတရားခံ'Deep State'ကိုလက်စားပြန်ချေပေးမယ်ဆိုတဲ့ ထားခဲ့တဲ့ကတိကဝတ်အတိုင်း လုပ်စရာရှိတာဆက်လုပ်တယ်။ ပင်တဂွန်ကတစ်ဆင့် ဘိုင်ဒင်တို့ Deep State ကို သတိရှိရှိနဲ့ စောင့်ကြည့်ခိုင်းထားတယ်။ တစ်ချို့ အဂတိသမား၊ခလေးအလွဲသုံးစား၊ကွန်မြူနစ်သား၊အဆိုးအရွားတွေကိုတော့ ဖမ်းဆီးပြီး ဂွာတနမိုနိုင်ငံရေးအကျဥ်းထောင်ပို့တယ်။ စစ်ခုံရုံးနဲ့ တရားရင်ဆိုင်စေတယ်။
လျှို့ဝှက်ဖမ်းဆီးတာတွေနဲ့ပတ်သက်တဲ့ အမှန်သတင်းကို ဘယ်အချိန်ကျမှ ပေါက်ကြားဖော်ထုတ်လာမလဲဆိုတာကတော့ လက်ရှိထောက်လှမ်းရေးဌာနတိုင်း အဖြေညှိထုတ်မပြသေးတဲ့' ပဟေဠိတစ်ပုဒ်ဖြစ်နေဆဲပါ။
ကမ္ဘာ့တစ်ဝှမ်းက နက်ရှိုင်းပြည်နယ်ဖမ်းဆီးတာတွေရဲ့ အကောင်းနှင့်အဆိုး၊ကုသိုလ်နှင့်အကုသိုလ် အကြား စစ်ပွဲဟာ မြေအောက်စစ်တလင်းပြင်တွေမှာချည်းမို့ လူမသိ၊သူမသိ အသံတိတ်ဆင်နွှဲနေရတာမျိုးပါ။
'မြေအောက်'လို့ပြောတဲ့အခါ DUMBS ( Deep Underground Military Bases)-"နက်ရှိုင်းမြေအောက်စစ်ရေးအခြေစိုက်စခန်းတွေ" ကိုပဲ ရည်ညွှန်းပါတယ်။
ပြီးခဲ့တဲ့နှစ်လအတွင်းမှာ ကမ္ဘာအနှံ့မြေအောက်ကမ္ဘာထဲက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းတွေ ပလူပျံအောင်ထွက်ပေါ်ခဲ့ပါတယ်။မျက်မြင်တွေ့ရှိသူတွေက ဒီမြေအောက်ပေါက်ကွဲမှုတွေဟာနက်ရှိုင်းပြည်နယ်ကို တိုက်ခိုက်တာနဲ့ဆက်စပ်နေတယ်လို့ ခိုင်ခိုင်မာမာပြောဆိုကြတယ်။
မိုင်ပေါင်းရာချီဖြတ်သန်းစီးဆင်းနေတဲ့ ဧရာမရှုပ်ထွေးလှတဲ့ဥမှင်လိုဏ်ခေါင်းတွေအပါအဝင် မြေအောက်စစ်တပ်အခြေစိုက်စခန်းတွေကို ခလေးကာမဇိမ်ခံရေးကြိုးဝိုင်း-Pedophile Rings တွေအဖြစ် ဘိုင်ဒင်တို့ ဒီမိုကရက်စားဖားကြီးတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ နှစ်ပရိစ္ဆေဒအတော်ကြာကြာ သုံးစွဲဖွင့်လှစ် မူးရစ်ခဲ့ကြတယ်။
The Deep State ကြိုးကိုင်မှုအောက်မှာ Pedophile Ringsနဲ့ စေတန်မာရ်နတ်ရဲ့ပူဇော်သက္ကာယပြုတာတွေအတွက် အသက်မပြည့်ခလေးတွေဟာ ကမ္ဘာတစ်ဝှမ်းက ဒေသအမျိုးမျိုးအလိုက် DUMBS တွေထဲမှာ ကြီးပြင်းလာရတယ်။
DUMBS တွေဟာ နက်ရှိုင်းပြည်နယ်အတွက် Pedophile Rings တွေနဲ့ စေတန်မာရ်နတ်ထုံးတမ်းအစဉ်အလာတွေ-Satanic Rituals ဖေါ်ဆောင်ဖို့လောက် စားကျက်တွေဖြစ်ရုံမက ပိတ်ပင်ထားတဲ့ လူသားပုံပွား-Clone ၊စမ်းသပ်ရေးဓါတ်ခွဲခန်းတွေ၊ လူ့အာရုံကိုစေစားခိုင်းနိုင်တဲ့-Mind Controlတွေ၊ ကိုယ်တွင်းအင်္ဂါရောင်းဝယ်ရေးတွေ၊ မူးယစ်ဆေးဝါး၊ ဇီဝလက်နက်၊ ဓါတုလက်နက်၊ လိင်ကုန်၊ လူကုန် ဝိသမလောဘသား-စီးပွားသိုက်တူးသမားတွေရဲ့ ဘူမိနတ်သန် စခန်းမှန်လည်းဖြစ်ပါတယ်။
Deep State ထဲမှာ ဟောလိဝုဒ်- Hollywoodထဲကထောင်နဲ့ချီတဲ့ဆိုးသွမ်းသူ-Evil Peopleတွေ၊ နိုင်ငံရေး -Politics၊ ဘဏ်လုပ်ငန်း-Banking၊ ယဇ်ပုရောဟိတ်-Priestsတွေ၊ ဗာတီကန်- Vatican၊ စီအိုင်အေ၊ Big tech သတင်းမီဒီယာတွေနဲ့ အခြားအရာတွေပါဝင်ပတ်သက်နေတယ်။ ဒီမိုကရက်အမည်ခံအများစုဟာ Deep Stateရဲ့အစိတ်အပိုင်းတွေပါပဲ။
Deep State ဟာ နွားအိုမြက်နုကြိုက်-Pedophiliaတွေ၊ ငွေ၊ အာဏာနဲ့စေတန်ဝါဒတွေပေါ် အခြေခံစုစည်းထားတယ်။
Deep State Arrests ကျော်ကြားတဲ့လူတွေဖမ်းဆီးကွပ်မျက်တာတွေအကြောင်း မျက်ဝါးထင်ထင် သိချင်ရင် Google search engine ကနေတစ်ဆင့် သုတေသနပြုလုပ်လို့မရဘူး။ Google ဟာ အဖြစ်မှန်အချက်အလက်အတော်များများကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတယ်။ Deep State ဂိုဏ်းဝင် ဂူဂယ်-Google၊ယူတျု-You Tube ၊ ဖေ့ဘွတ် - Facebook၊တွီတာ-Tweeter အားလုံးက ဒီ Classified အတွင်းသတင်းမှန်သမျှ အကုန်အမှောင်ချထားပါတယ်။
ပကတိအနေအထားအရ အမေရိကန်ပြည်ထောင်စုဟာတိုင်းပြည်တစ်ခုတောင်မဟုတ်တော့ပါဘူး၊ကော်ပိုရေးရှင်းတစ်ခုဖြစ်နေပါတယ်။
Washington DC ဟာ ဗာတီကန်နဲ့ဗြိတိသျှပိုင်တဲ့ နိုင်ငံခြားမြေဆီလွှာပေါ်မှာ မြို့တည်ထားတယ်။
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့ရဲ့ကော်ပိုရေးရှင်းတွေအကြား ဒေဝါလီခံအဆုံးသတ်သွားတဲ့နေ့ ၂၀၂၁ ခုနှစ် ဇန္နဝါရီ ၂၀ နဲ့တစ်ဆက်တည်း အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း အနှစ်၁၅၀ပြည့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့တယ်။
ဒီမိုကရက်တစ်သမ္မတလို့ဆိုလိုက်တာနဲ့ သူဟာဗာတီကန်နဲ့အတူ Rothschild နဲ့ Rockefeller မိသားစုတွေအတိုင်း Deep State အမာခံကြီးဖြစ်သွားတယ်။ ဖယ်ဒရယ်ရီဆာ့ဘဏ်စနစ်-Federal Reserve Banking System နဲ့ကမ္ဘာ့ငွေကြေးစံနစ်ကို လေနဲ့ရင်းပြီးဂေါင်းပုံဖြတ်အုပ်ချုပ်ပေးရတယ်။ ပြည်သူတွေဟာ သူရဲ့အကျင့်ပျက်ခြစားတဲ့အတုအယောင်နိုင်ငံကို သွေးချွေးရင်းပြီးပေးဆပ်လုပ်ကိုင်နေကြရတဲ့ တကဲ့လုပ်သားတွေပါ။
ဘိုင်ဒင်၊ ပလိုစီတို့ကအစ လက်ရှိတရားသူကြီးချုပ် ဂျွန်ရောဘတ်အဆုံး အားလုံးအကျင့်ပျက်ထိပ်တန်းနက်ရှိုင်းပြည်နယ်အဖွဲ့ဝင်တွေချည်းပါပဲ။
တည်ဆောက်သမားမြို့အုပ်စု-Bilderberg Group လို့ လျှို့ဝှက်မှုအဖွဲ့အစည်းတွေထဲ နာမည်ကြီးတဲ့ "အလင်းတော်ရဂိုဏ်း- Illuminati" ဆိုတာအခုလက်ရှိ 'ဒိစတိတ်ဂလိုဘယ်လစ်- Deep State Globalist'တွေဘဲ။
ကိုဗစ်ဟာ ၁၃၄၈က ကျရောက်ကူးစက်ခဲ့တဲ့ လူမည်းတုပ်ကွေး-Black Plague လိုမျိုးဖလူပိုး ရိုးရိုးမဟုတ်ဘူး။ ကိုဗစ်ဟာ လူတွေကိုအကြမ်းဖက်နှိမ်နင်းဖို့နဲ့ စီးပွားရေးကိုချေမှုန်းဖို့ တံဆိပ်ပြောင်းခပ်ထားတဲ့ဇီဝတုပ်ကွေး။ Covid ဟာ ၉/၁၁ လိုပဲ- လူတွေကို အညံ့ခံဖို့ ပရိယာယ်သုံးလိုက်တဲ့ Sandy Hook မုသားပြလက်နက်သက်သက်ပါ။
အားလုံးလိမ်လည်မှုတွေကို Deep State ကနေ စီမံညွှန်ကြားတယ်။ CNN, WP, NBC, MSNBC, NY Times,Guardian သတင်းမီဒီယာတွေက လူတကာမျက်စေ့လည်ပြီး နဝေတိမ်တောင်ဖြစ်ကုန်အောင်ဝါဒမှားဖြန့်ပေးတယ်။ CIA က အာဏာပါးကွက်သားလိုမျိုး သိပ်သိလွန်းတဲ့ဖေါ်ကောင်အန္တရာယ်တွေအတွက် တောင်စွယ်-နေကွယ်တာနဲ့ ကွပ်မျက်စီရင်ပေးတယ်။
Bill Gates၊ ဂျော့ဆောရိုး၊ အိုဘာမား ၊ ဂျော့ဘွရှ်မိသားစုနဲ့ အခြားရာဇ၀တ်မှုကျူးလွန်တဲ့မိသားစုတွေဟာ The Deep State ထဲက ရုပ်သေးရုပ်တွေသာသာပါပဲ။
ကိုဗစ်ဖြစ်ဖို့ တင်ကြိုတပ်အပ် နိမိတ်ဖတ်ခဲ့တဲ့ ဘီလ်ဂိတ်စ်ဟာ တရုတ် Covid အတွက်'တရားဝင်မူပိုင်ခွင့်'ရှိထားတယ်။ သူ့မူပိုင်ခွင့်နံပါတ်က 060606 ။ ဒါသံသယဝင်စရာကောင်းတယ်။ သဘောသဘာဝလောက်နဲ့တင် ဘာမူပိုင်ခွင့်မှ မရနိုင်ပေမယ့် တစ်ခုခုတကယ်ထုတ်လုပ်ပေးထားမှပဲ မူပိုင်ခွင့်ဆိုတာက ရတတ်တဲ့အမျိုးကိုး။
Marina Abramovic ဟာ ဘိုင်ဒင်လက်တင်ကျမ်းကျိန်ခဲ့တဲ့ 'လက်ဝါးကပ်တိုင်ဇောက်ထိုး-မာန်နတ်ကျမ်း'စာအတိုင်း“ ၀ိညာဉ်ပေါင်းစပ်စီရင်ခြင်း-Spirit Cooking ကို လက်တွေ့ကျင့်ကြံနေပြီး နိုင်ငံရေးသမားတွေ၊ ပေါ့ပ်တေးသံရှင်တွေနဲ့ စေတန်ရေးရာပါတီဝင်-Satanic-Themed Partiesတွေအတွက် မိတ်ဆက် လက်ခံစီစဉ်ပေးတယ်။ သူမသင်တန်းမှာ Clintons မိသားစုလည်းနီးနီးကပ်ကပ် ပါဝင်ပတ်သက်နေပြီး နက်ရှိုင်းပြည်နယ်ပေးအပ်တာဝန်ကို ဦးလည်မသုန် ရွက်ကုန်ပိုးနေတယ်။
သတင်းမီဒီယာပုံစံ အားလုံးကို ဒိစတိတ်ဂလိုဘယ်လစ်တွေရဲ့ ဩဇာတိက္ကမကြီးမားတဲ့ငွေကြေးစံနစ်နဲ့ စေတန်မာန်နတ်ဆိုးအုပ်စုတွေက- လက်ဝါးကြီးအုပ် ဇက်ကြိုးတုပ်ပြီး ထိန်းချုပ်ထားတယ်။
ဒိစတိတ်ရဲ့အခုမှထိန်းချုပ်တဲ့ နာမည်ရဇာတ်လမ်းမျိုးမဟုတ်။ စာဖတ်သူတွေကို ပုံနှိပ်စာနယ်ဇင်းပေါ်စကတည်းက သတင်းစာ မီဒီယာရာဇဝင်တစ်လျှောက် ထိန်းချုပ်လာခဲ့တာ။
ထိန်းချုပ်လွယ်အောင်လို့ လူမျိုးရေးခွဲခြားမှု-Racismတွေကို အချိန်တိုင်းမှာ အမြင့်ဆုံးစံချိန်တင်ပြီး ပုံကြီးချဲ့သတင်းလွှင့်တယ်။ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခဖြစ်အောင် လှစ်ဟထိန်ချန် ရန်တိုက်မီးပွား သတင်းမှားနဲ့ မုန်းအားပေးတယ်။ လူ့အသိဉာဏ်ကို တင်းပြည့်ကျပ်ပြည့်နိုးကြားလာရေးတွေအတွက် နားနှင့်မျက်လုံး အမှောင်ဖုံးနှိပ်ကွပ်တယ်။
သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကရေးဆို ဟ'တိုင်း မှန်ပါ့ဘုရာ့ ယူဆမရတော့။
ရုပ်မြင်သံကြား၊ ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဆရာဝန်တွေဟာ ကိုယ့်အတ္တကလွဲပြီး လူတွေရဲ့စိတ်၀င်စားမှုကို အဓိကစာရင်းထည့်ထားတာမျိုး စေတနာမှန်လည်း မရှိကြတော့။
ပညာကြီး ဉာဏ်ကြီး ကြေးရေတတ်ကြီးတွေလို မြင့်မားဝင့်ကြွားတဲ့ဟိတ်ဟန်လေသံတွေသုံး ပါးစပ်အမြှုပ်ထွက်အောင်နားချသိမ်းသွင်းနေလည်း ယုံရခက်ကြီးသားပါ။
လူအတော်များများဟာ သူတို့ဘာလုပ်နေတယ်ဆိုတာကို သတိပြုမိကြပုံမပေါ်ဘူး။ ဆရာဝန်တွေနှင့် BIG PHARMA တွေဆို ပိုဆိုးပါတယ်။ Big Pharma ဟာ အမှန်တရားကိုပြန့်ပွားရေး အာကြောရှည်တဲ့နှုတ်ခမ်းတလံပါးတလံတွေကို ဆွံ့အကျန်အောင် ရန်ဖြစ်ငွေဖို့နဲ့ ပိတ်ဆို့ပစ်နေတယ်။
ကာကွယ်ဆေး-Vaccinesတွေပဲကြည့်။ BIG PHARMA ချောက်မြှောက်စီးပွားသောင်းကျန်းတာအတွက် အသပြာရှာပေးသက်သက်ပါပဲ။
ဆရာဝန်အများစုလည်း ဖျားနာသူတွေကိုကုသဖို့ စစ်မှန်တဲ့နည်းလမ်းတွေကို မသင်ကြား အသုံးမချကြဘူး။ တွက်ခြေကိုက်တဲ့ ဆေးဝါးနဲ့ပဲ ကာကွယ်အညွှန်းတွေ ထပ်ပြွန်းဆေးစာဈေးလွယ်လွယ် ရေးပေးတယ်။ ဒါဟာ BIG PHARMAဆီပဲ ပိုက်ဆံဝင်စေတယ်။ လုပ်ငန်းစဉ်ထဲ ဘယ်သူပဲ သေလဲသွားသွား အရေးမထားကြတော့။
အမေရိကန်ပြည်ထောင်စုအစိုးရဟာအမြဲလိုလို ဘတ်ဂျက်ပြတ်လပ်နေတယ်။ ၀ယ်သမျှတိုင်းကို ကော်ပိုရေးရှင်းပိုင် Federal Reserve ကနေ ချေးချေးယူနေရတယ်။
ပြည်သူတွေဟာ Federal Reserve ဆီ ချေးငွေတွေအပြင် အတိုးတွေကိုမတန်တဆပြန်ပေးဆပ်ရတယ်။ IRS ဟာကြွေးမြီစုဆောင်းသူ-Debt Collectorဖြစ်တယ်။ ပို့ဆောင်ပေးသူThe Kickerအဖြစ် Federal Reserve ကတာဝန်ပြီး ငွေတုစက္ကူစိမ်းတွေပုံနှိပ်တယ်။ သူတို့က ကျောထောက်နောက်ခံမဲ့ စက္ကူပိုက်ဆံနဲ့ ကန်ကိုကြွေးမြီပြန်ချစားတယ်။
ငွေရေးကြေးရေးအကန့်အသတ်မဲ့ လိုသလောက်ထုတ်ပေးနိုင်တဲ့ 'လေဖမ်းဝရမ်းချီဘဏ်စနစ်'နဲ့ ဗာတီကန်ဟာ ကန်နဲ့ ကျန်အခြားနိုင်ငံတွေပါ သူ့ကြံကွက်ထဲလည်ပတ်စေတယ်။
အဲဒီ ငွေအကန့်အသတ်မဲ့ဖြန့်ချီနေတဲ့ Rothschilds, Rockefellers နဲ့ Vatican တို့ဟာ တကယ့်ကြိုးဆွဲဆရာကြီးတွေပါ။ သူတို့အဖွဲ့ဝင်ဦးရေ တွက်ကြည့်မှ ၃၀၀ ထက်မပိုတဲ့ အုပ်စုလေးကို "အထက်တန်းလွှာ-Elite" လို့ကင်ပွန်းတပ်ကြတယ်။ အထက်တန်းလွှာ-Eliteတွေကပဲ တစ်ကမ္ဘာလုံးရဲ့ကြမ္မာငယ်ကို ချယ်လှယ်မင်းမူနေကြတယ်။
ဒီလိုယုတ်မာကောက်ကျစ်တဲ့မာန်နတ်မိစ္ဆာအဖွဲ့အစည်းကြိုးကိုင်မှုအောက်က စေတမန်ရုပ်သေး-Puppets တွေကတော့ နိုင်ငံရေးသမား၊ ဟောလိဝုဒ်သရုပ်ဆောင်၊ သတင်းမီဒီယာတွေပါ။ မိစ္ဆာဂိုဏ်းရဲ့တမန်တော်ရုပ်သေးတွေဟာ လူတွေကို လိုရာပုံစံသွင်း မှတ်ဉာဏ်ထိန်းရေး ဦးဏှောက်ဆေး-Brainwashပစ်ဖို့ အေးအေးပျော်ပျော် အသုံးတော်ခံပေးတယ်။
ဒိစတိတ်-Deep State ဆိုတာ နွားအိုမြက်နုကြိုက်-Pedophilesတွေ၊ စေတန်ကိုးကွယ်-Satanic Worshipတွေ၊ ကလေးကုန်ကူး-Child Traffickingတွေ၊ လူသားယဇ်ပူဇော်တာ-Human Sacrificeတွေနဲ့ တော်ရုံတန်ရုံ ယုံတတ်သူကို ပင့်ကူမျှင်ကြား ညှို့စားခေါ်ဆောင် ဖမ်းလှောင်သိမ်းသွင်းရေး မိစ္ဆာကွန်ရက်-A Woven Web of Evil တွေပါပဲ။
သတင်းမီဒီယာက လိမ်တယ်၊လက်ညှိုးညွှန်ရာရေဖြစ်ချင်သူတို့အတွက် ဖေါင်တော်စီးလမ်းညွှန်လက်မှတ်နဲ့ ဖေါ်လံဖားတယ်။ ဗေါင်းတော်ညိတ် စိတ်တော်သိ ဒိစတိတ်-Deep State ဘုန်းတော်ဘွဲ့စာတမ်းတွေဖွဲ့နွဲ့တယ်။ ခိုင်းရာရေး ပေးရာထုတ်ပြန်တယ်။ ဖာတယ်ထေးတယ်၊ ချန်တယ်လှပ်တယ်၊ ဖုံးတယ်ကွယ်တယ်၊ ငပြူးကပြန်ပြဲ-စားပွဲကိုကုလားထိုင်-မနိုင်ရက္ခိုင်မဲ-လဲရာသူခိုးထောင်း-ဆင်ဂေါင်းကိုလက်သီး-လိပ်ကြီးကိုဂျပိုး-သူခိုးလူဟစ်-သစ္စာပျက်ယွင်း-အတင်းတွေလွှင့်တယ်။
ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ ရုပ်ရှင်ဇာတ်ကား ခပ်များများမှာ မှတ်သားစရာ အလင်းတော်ရဂိုဏ်းရဲ့သင်္ကေတတွေ ပါပါနေတတ်တယ်။
ဒိစတိတ်ဂလိုဘယ်လစ်တွေဟာ မီဒီယာကတစ်ဆင့် ကမ္ဘာအတွက် ဘာဆက်လုပ်ဆောင်မယ်ဆိုတာကို တစ်မျိုးတစ်ဖုံ အသိပေးတယ်။ သူတို့လည်ပတ်ပုံကို ပရိုဂရမ် ရံဖန်ရံခါသုံးပြီး ကြိုတင်ဟောကိန်းထုတ်လေ့ရှိတယ်။
စေတန်ရဲ့သင်္ကေတ-Satanic Symbolismကို ဂီတလောကထဲမှာ ပိုပေါပေါတွေ့ရတယ်။ ပေါ့ပ်အဆိုကျော်-Pop Starsတွေ ဘယ်လိုဝတ်စားဆင်ယင်သလဲကို နီးနီးကပ်ကပ်လေး သတိထားကြည့်လိုက်။ မာရ်နတ် ဦးချို-Devil Horns၊ သွေးအတု-Fake Blood၊ လက်အောက်ခံအခြေအနေ-Submissive Situationsတွေကအစပေါ့။ ဒီအချက်တွေဟာ ဒိစတိတ်တွေရဲ့ ကမ္ဘာ့စိုးမိုးရေး-New World Order အတွက် သိပ်စကားပြောတယ်။
ဒီလိုနေ့စဥ်နဲ့အမျှမြင်နေရတဲ့ မာန်နတ်သင်္ကေတတွေကို ဂရုမပြုဘူး ပမာမမှုလောက်ဘူး ရေးကြီးခွင်ကျယ်တွေ မဟုတ်ဘူးဆိုပီး မသိကျေးကျွံပြုမိနေတယ်။ ထင်မြင်သက်သက် လက်ခံကြရေး အယုံသွင်း- Brainwashing ထိထားတယ်။
ဒီကြားထဲ ဒိစတိတ်-Deep State နွားအိုမြက်နုကြိုက်တွေရဲ့ အသက်မပြည့်တာတွေနဲ့မှားယွင်းဖေါက်ပြန်တဲ့-Deep State Pedophiles သတင်းတွေဟာ ကျော်မကောင်းကြားမကောင်း ရှေ့ကဖုံးနောက်ကပေါ် ထွက်ထွက်လာသေးတယ်။
ဒစ္စနေ-Disney ဟာ လုပ်သားပြည်သူတွေထင်ထားသလို မျက်မြင်နဲ့တကယ့်လက်တွေ့ တစ်ခြားစီဖြစ်နေတယ်။ ဒိစတိတ်နွားအိုမျက်နုကြိုက်-Deep State Pedophiles တွေချိတ်ဆက်ထားတဲ့
ဒစ္စနေ-Disneyရဲ့ထောင်နဲ့ချီပုံကားချပ်တွေကို စေ့စေ့ကြည့်ရင် သူတို့ဏှာစီးပွားရေးသမားတွေမှန်း ခပ်တန်းတန်းသက်သေခံနေတယ်။ ဒစ္စနေကနေ သူတို့ဘာသာဘယ်သူဘယ်ဝါ အစစ်ဖြစ်တယ်ဆိုတာ တစ်ခါတစ်ခါ မင်းသားမျက်နှာဖုံးတွေခွာချ ပြပြမိကြတယ်။
ဒါဟာ နွားအိုမြက်နုကြိုက်-Pedophile ရဲ့ တကယ့်ဇာတိအခြေအနေမှန်။ ချစ်စရာကောင်းတာတွေမရှိပါဘူး။
အလင်းတော်ရဂိုဏ်းအကြောင်းမေးလိုက်ဦး။ တိုက်ဆိုင်လို့ပါဆိုတာတွေဟာ တကယ်တော့လုံးလုံးမဟုတ်ဘူး။
အလင်းတော်ရဂိုဏ်း-Illuminatiရဲ့"အားလုံးမျက်လုံးဒေါင့်ထောက်ကြည့်နေတဲ့သင်္ကေတအမှတ်အသား"ကို အမေရိကန်တစ်ဒေါ်လာတန်ငွေစက္ကူပေါ်မှာကအစ ထင်ထင်ရှားရှားပုံဖေါ်ပြသထားတယ်။
ပညာရပ်အကြီးစား-Big Techတို့ လူမှုကွန်ရက်-Social Mediaတို့ဟာလည်း ဒိစတိတ်ဂလိုဘယ်လစ်တွေရဲ့ အလင်းတော်ရဂိုဏ်းအတွက် ရှေ့တန်းကပါဝင်အားဖြည့်ပေးနေကြတယ်။
တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ ယူကျုနှင့်ဂူဂဲလ်တို့ဟာ ဒိစတိတ်အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောဆိုနေသူတွေကို သူတို့ပလက်ဖေါင်းတွေကနေ တွေ့ရာသချိုင်း ဓါးမဆိုင်းပဲ ဖယ်ရှားသုတ်သင်ပစ်နေတယ်။ ဒီလိုဘာ့ကြောင့်လုပ်နေကြသလဲ။ ဒီဧရာမနည်းပညာကုမ္ပဏီကြီး-Tech Giantsတွေက အမှန်တရားထွက်ပေါ်လာမှာကို မလိုလားလို့လား။ ဝင်ငွေကောင်းတဲ့ သူတို့ကမ္ဘာ့စျေးကွက်ကိုပဲအပျက်မခံချင်ကြလို့လား၊ စီးပွားရေးမျက်နှာနဲ့ အလင်းတော်ရဂိုဏ်းဝင်ဘဝကိုပဲ စားပိုးနင့်ပြီးသာယာကုန်လို့လားတော့ မပြောတတ်ဘူး။
ဒီ'အယ်စတုံ'လူမှုကွန်ရက်ပလက်ဖောင်း-Large Social Media Platformsတွေဟာ အမှန်တရားကိုရှာဖွေနေသူ သစ္စာတရားချစ်မြတ်နိုးသူတိုင်းကို တွေ့သလိုရှင်းလင်းပစ်နေတယ်။ လူမှုကွန်ရက်နဲ့မီဒီယာပလက်ဖောင်းတွေဟာ နက်ရှိုင်းပြည်နယ်ဒိစတိတ်ရဲ့အစိတ်အပိုင်း အသက်သွေးကြောကြီးတွေ။ ဗိုင်းရပ်စ်ကူးစက် မုသားကွက်-The Virus Hoaxကို အသိဉာဏ်ကြီးသူတွေရိပ်စားမိသွားတဲ့ ၂၀၂၀ ခုနှစ်ခပ်စောစောပိုင်းလောက်ထဲက သူတို့ဘာသာအိုးမလုံအုံပွင့်နဲ့ ဆင်ဆာ-Censorပေါင်းစုံကို မလိုရင်မလိုသလို တောက်လျှောက် ဥပဒေမဲ့ကျူးလွန်နေခဲ့ကြတာ။
ဗလာဆေးရုံ-Empty Hospitalsတွေအကြောင်းပြောသူ၊ ဗိုင်းရပ်စ်မုသား လှည့်ဖျားကြောင်း-Virus Hoaxဖေါ်ကောင်လုပ်သူ၊ Donald Trump ကို ပုဂ္ဂိုလ်ရေး လေးစားသဘောကျသူ၊ ထရမ့်ကမ္ဘာ့ငြိမ်းချမ်းရေးအောင်မြင်ချက်တွေအကြောင်း ဖေါက်သယ်ချသူ၊ ဘိုင်ဒင်တို့ရဲ့လူသိမခံရဲတဲ့ မိစ္ဆာနက်ရှိုင်းပြည်နယ်ဒိစတိတ်တွေအကြောင်းဖော်ပြသူ၊ လွတ်လပ်စွာတွေးခေါ်မိသူအားလုံးရဲ့အကောင့်တွေကို သူတို့ပလက်ဖေါင်းတွေကနေ ရာသက်ပန်ဖယ်ရှားတယ်။ AntiFa၊ Black Lives Matterတွေ လူမိုက်တွေငှားပြီး လက်လှမ်းမှီသလောက် ခြိမ်းးခြောက် အကြပ်ကိုင် အန္တရာယ်ပေးတယ်။
Freedom of Speechဆိုတာနိုင်ငံတော်ရဲ့အမြင့်ဆုံးရာထူးရှင်သမ္မတထရမ့်ဆီမှာတောင် မရှိခဲ့ရှာဘူး။ ထရမ့်ရဲ့အကောင့်အားလုံးဟာ လူမှုမီဒီယာပလက်ဖောင်းမှာ ကန့်သန့်ဆင်ဆာတွေ အကြိမ်ကြိမ်ထိနေရာက လုံးလုံးလျားလျားကိုဖြတ်တောက်ပိတ်ပင်တာကို ခံလိုက်ရတယ်။ ခုလည်းခံနေရဆဲဘဲ။ သိနေသူတွေအတွက် ထူးထူးဆန်းဆန်း အံ့ဘနန်း-ဇာတ်လမ်းမျိုး အစ္ဆရိယအမ္ဗုတမဟုတ်တော့။
ဒိစတိတ်မကောင်းဆိုးဝါးကို ဖမ်းဆီးနိုင်ဖို့ကော။ ဘာကြောင့် အချိန်တွေဖင့် နှောင့်နှေးကြန့်ကြာနေရသလဲ။ မေးခွန်းထုတ်စရာပါ။
ဒိစတိတ်ဟာ သူ့တို့ရာဇဝတ်မှုအားလုံးကို စနစ်တကျနဲ့ ပြီးစီးအောင် ကိုင်တွယ်ရေး-Being Done Systematically မှာ ကောင်းကောင်းငွေဖို့ပေးနိုင်တာကြောင့်လို့ပဲ ယေဘုယျဖြေရမယ်။
သူတို့ရဲ့အလိုဆိုး လောဘဇောတွေဟာ လွယ်လွယ်နဲ့ ရပ်တန့်သွားတာမျိုးမရှိပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ၅ နှစ်ကြာခဲ့တယ်၊ အခုလည်းစစ်အေးတတိယကမ္ဘာစစ်ထဲရောက်နေပြန်ပြီ။ လူသားတွေအပေါ် ဗိုလ်ကျလို့ကောင်းတုန်းပါပဲ။
ကိစ္စတိုင်းဟာ အချိန်ယူရတာချည်း။ ယူအက်စ်ကော်ပိုရေးရှင်း-The USA Corporationကို ဒေဝါလီခံ-Bankrupt and Dissolvedဖြစ်သွားတဲ့ထိ သမ္မတထရမ့် ကောင်းကောင်းနှိပ်ကွပ်ခဲ့သေးတယ်။ အကြွင်းအကျန်စာနီဂိုဏ်းဝင်-ဒီမိုကရက်စားဖားတွေနဲ့ အကျင့်ပျက်လက်ဝဲသတင်းမီဒီယာတွေကတော့ အငြိုးကြီးကြီးနဲ့ မကျေပွဲနွှဲနေကြတုန်း။ သူတို့အားလုံးဟာ ဒိစတိတ်နက်ရှိုင်းပြည်နယ်ရဲ့အစိတ်အပိုင်းတွေဖြစ်တယ်။ ထရမ့်တို့ စာဖြူဂိုဏ်း-ရီပဗ္ဗလိကင်တွေ ပြည်သူနဲ့တစ်သားထဲလိုရှိနေသမျှ စာနီတွေဘက်က ရတက်မဧ ဖင်လေးကျိန်းနေရတုန်း။ ပေါက်တဲ့နဖူး မထူးဇာတ်နဲ့ ပေကပ်မူးရူး မိုးဒူးတိုက်မိုက်ပြနေရတုန်းပါပဲ။
ဒီကြားထဲသရုပ်ဆောင်ဂျိုးဘိုင်ဒင်လည်း အသုံးမဝင်တော့တဲ့ ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ-President of a defunct corporationရာထူးကို ယူဖို့ကြိုးစားနေရတုန်းပါပဲ။
သမ္မတ Trump ကို ထပ်တလဲလဲ စွပ်စွဲပြစ်တင်တာအားလုံး-The Whole President Trump Impeachmentဟာ တကယ့်လံကြုတ် မဟုတ်တရုတ် ဟန်လုပ်ပြတဲ့ Hoax ရုပ်ရှင်ကားသက်သက်ပါ။
တပ်ထောက်လှမ်းရေးသတင်းအရ ထရမ့်နဲ့သူ့ရဲ့အဖွဲ့ဟာ အရာရာတိုင်းကိုထိန်းချုပ်ထားပြီး ဘိုင်ဒင်တို့ကို ယာယီခေတ္တ ဟန်ပြအုပ်ချုပ်ခွင့်ပေးထားတယ်။ ဒါနဲ့ပတ်သက်လို့ ပင်တဂွန်ထိပ်တန်းအတွင်းရေးပုဂ္ဂိုလ်တစ်ဦးက သူ့ရဲ့ Top Secret Intel တစ်ခုထဲမှာ ပြည့်ပြည့်စုံစုံအစီအရင်ခံထားတယ်။ အချိန်တန်မှ ချပြလိမ့်မယ်။ ၁၇၇၆ ရဲ့မူလယူအက်စ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွင့်ပွဲနေ့-Inauguration Dayဟာ ၂၀၂၂ မတ်လ ၄ ရက်ဖြစ်တယ်လို့လည်း ဆိုထားတယ်။ (Unfortunately it doesn’t say this year.)
လက်ရှိမှာ ထရမ့်ဟာ မူရင်းအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တစ်သဝေမတိမ်း အယိမ်းအမှားကင်းကင်းနဲ့ ရုံးခန်းနှစ်ခုခွဲပြီးလုပ်စရာရှိတာတွေ ဆက်လက်လုပ်ကိုင်နေတယ်။ အချိန်တန်တာနဲ့ ဘိုင်ဒင်တို့ရွေးကောက်ပွဲခိုးယူခဲ့တာတွေကအစ အားလုံး ဖေါ်ထုတ်အရေးယူလိမ့်မယ်။ ပြည်သူအမှန်ချစ်တဲ့ အစိုးရသစ်နဲ့အတူ ထရမ့်အချိန်မှီပြန်ရောက်လာမယ်။
ထရမ့်သမ္မတသက်တမ်းတစ်လျှောက် ပင်တဂွန်စစ်တပ်ဟာ ကမ္ဘာသစ်ကြိုးကိုင်နေသူတွေရဲ့ အန္တရာယ် အသွယ်သွယ်ကို ဖယ်ရှားရှင်းလင်းပေးခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က ကွိဘက်-Quebecက ရုပ်ဖျက်တရုတ်စစ်သား ၅၀,၀၀၀ နဲ့ အမေရိကန်ကိုတိုက်ခိုက်လိုတဲ့ မာနီတိုဘာ-Manitobaက လျှို့ဝှက်တရုတ်စစ်သား ၂၅၀၀၀ ကို သက်ဆိုင်ရာ နိုင်ငဲတာဝန်ရှိသူတွေ Interpol တွေအကူအညီနဲ့ သူတို့ဌာနေ နိုင်ငံတွေဆီပြန်ပို့မောင်းထုတ်နိုင်ခဲ့တယ်။ ပင်တဂွန်တပ်တွေဟာ လက်ဝဲမီဒီယာတွေနောက်ကွယ်မှာ မြေအောက်စစ်ဆင်ရေးတွေနဲ့ အသံတိတ်ပွဲ ဆင်နွှဲနေတယ်။
ကန့်လန့်ကာနောက်ကွယ်က ကန်နိုင်ငံရေးဇာတ်ခုံဟာ ထူးဆန်းတာတွေအတိနဲ့ နားလည်ရခက်တာတွေ ပြည့်နှက်နေတယ်။ လူတွေရဲ့ကြမ္မာဟာ ထင်မှတ်မထားနိုင်တဲ့ အပြောင်းအလဲ အချိုးအကွေ့တစ်ခုထဲ မလွဲဧကန်ရောက်သွားဖို့ရှိတယ်။ ကမ္ဘာ့ပရိသတ်က အဖြူအမည်းသဲကွဲလာချိန်ထိ သတိကြီးကြီးနဲ့ စိတ်ရှည်ရှည်စောင့်ကြည့်ပေးဖို့တော့ Superလိုအပ်တယ်။
ဒိစတိတ်လျှို့ဝှက်ဖမ်းဆီးမှုတွေရဲ့ နိဂုံးကမ္မက်သတ်နိုင်မယ့်အချိန်ကို ခုနေဘယ်ထောက်လှမ်းရေးမီဒီယာဌာနကမှ ကံသေကံမ ပြောပြမှာမဟုတ်သေးဘူး။ အမှန်တရားရှာဖွေသူတိုင်း သစ္စာတရားချစ်မြတ်နိုးသူတိုင်း ကန်နဲ့တကွ တစ်ကမ္ဘာလုံးအပြောင်းအလဲတွေကို သက်ပြင်းတသသ ရင်တမမစောင့်ကြည့်ပေးရဦးမယ်။ ခိုးကြောင်ခိုးဝှက် ဖြစ်ပျက်စေကာ မီဒီယာတွေ နှာစေးရေငုံ နှုတ်လုံသမျှ မုချရုံးတင် နားဆင်ချိန်ဆီ နီးပြီဖြစ်ပါတယ် ။
Cabal တို့ The Deep State 1871 US Inc. Corporation ဟာ မနှစ် March 2020 လောက်ကတည်းက ထရမ့် Q စစ်ဆင်ရေးနဲ့ မဟာမိတ်တွေရဲ့ အချေမှုန်းခံလိုက်ရတယ်။
ထရမ့်ရဲ့ ကွမ်တမ်ငွေကြေးစံနစ်- QFS ကြောင့် ကမ္ဘာ့စီးပွားထိန်းချုပ်ရေးနဲ့ ကမ္ဘာ့လူဦးရေကို ကြွေးမြီကျွန်ခံဘဝထဲရောက်ရှိစေရေးအတွက် Meyer Amschel Rothschild (1744 - 1812) ဒီဇိုင်းရေးဆွဲထားတဲ့ ဘိုင်ဒင်တို့အကြိုက် ဂေါင်းပုံဖြတ် Rothschild ဗဟိုဘဏ်စနစ်ကြီးဟာ ကမောက်ကမနဲ့ လုံးဝအဖတ်ဆယ်မရအောင် ပျက်စီးသွားတယ်။
ထရမ့်ရဲ့ကွမ်တမ်ငွေကြေးစံနစ် QFS ဟာ ဗဟိုဘဏ်စနစ်နဲ့တစ်ပြိုင်နက်တည်းလည်ပတ်နေခဲ့တယ်။ Cabal က ရန်ပုံငွေတွေ ခိုးယူဖို့ကြိုးစားတာတွေကို 'အဂတိလိုက်စားမှုတိုက်ဖျက်ရေးစက်'အနေနဲ့ တောက်လျှောက်တားဆီးခဲ့တယ်။
ဒီဂျစ်တယ်ရွှေလက်မှတ်ရှိတဲ့ရွှေကျောထောက်နောက်ခံပြုထားငွေကြေးတွေကိုပဲ QFS ကနေလွှဲပြောင်းလို့ရတယ်။
QFS ကြောင့် Cabalတို့မှာ ပြည်သူတွေရဲ့အခွန်ပေးငွေတွေအပေါ် ဆက်ပီး ခေါင်းပုံဖြတ်သိမ်းယူနေနိုင်စွမ်းမရှိတော့။ သူတို့နောက်ဆုံး မရှုမလှအပြီးတိုင်ဒေဝါလီခံလိုက်ရတဲ့ရက်က ၂၀၂၀ နိုဝင်ဘာ ၂ရက်နေ့။
ပျက်စီးသွားတဲ့ The Deep State 1871 US. Corporation နေရာမှာ ထရမ့်က US Republic ကို ၂၀၂၀ ဂျူလိုင် ၄ရက်တုန်းက ပြန်လည်အစားထိုးထူထောင်ထားတယ်။
The US Inc. Corporation ရဲ့ တရားရေးဌာနက စားနေကျသီလကြောင်ခုံသမာဓိကြီးတွေ၊ ပါလီမန်ကွန်ကရက်အဆောက်အဦးထဲအကျင့်ပျက်ခြစားနေသူတွေ၊ ကိုယ်ကျိုးရှာဘစ်တက်နဲ့ သူတို့အပေါင်းအပါဘက်လိုက်သတင်းမီဒီညာကြီးတွေဟာ သူတို့ကိုယ်သူတို့ရော ကန်ပြည်သူတွေအပေါ်ပါ ပစ်ပစ်ခါခါ 'သစ္စာဖေါက်'ခဲ့ကြတယ်။ ကမ္ဘာသစ်အတွက် ဈေးကွက်လုနေတဲ့စီးပွားရေးသမားတွေရဲ့ ငါးစာမျှားရာ အာဏာနဲ့ငွေနောက်ပဲ ကောက်ကောက်ပါ လိုက်ခဲ့ကြတယ်။ အမှန်ဖေါ်ထုတ်တဲ့ထရမ့်ကို သူတို့မဟာရန်သူတော်ကြီးအဖြစ် အငြိုးတကြီး ပစ်မှတ်ထားတော့တယ်။
ယူအက်စ်ကော်ပိုရေးရှင်း'စစ်တကောင်းကြက်ဖ'နဲ့ ထရမ့်တောတိုက်ကြက်ကြီး'နှစ်ကောင် ထခွပ်ထိုးဆိတ်နေကြတဲ့ 'ကမ္ဘာ့ငွေကြေးစံနစ် အသစ်ပြန်တည့်မတ်ရေး'စစ်တလင်းပြင်မှာ တောင်ပံကျိုးအမောဆို့လဲမယ့်ကောင်အတွက် ဘေးကနေ ငြုပ်ကြက်သွန်ထောင်းပြီး ဟင်းအိုးပြင်နေတဲ့သူက "တရုတ်ကွန်မြူနစ်ပါတီ"။ အကွက်ကောင်းစောင့် 'သာကူး'လုပ်တန်လုပ်၊အချောင်ဝင် ဖျာခင်းတန်ခင်းနဲ့ အလစ်ချောင်းနေတဲ့"တရုတ် စီစီပီ"။
ပေမမှီဒေါင့်မမှီ နှစ်ထွာတစ်မိုက်လောက်ဉာဏ်နဲ့ စီးပွားစားကျက်ပို့ထားတဲ့ သူတို့ရဲ့'ယွမ္မဘီ'ကို 'ဒေါ်လာစျေးကွက်' နေရာလုပီး တစ်ကမ္ဘာလုံးငွေကြေးစံနစ်ကအစ အစားထိုးပစ်ချင်နေတာ "ပီအယ်လ်အေ ပေါက်ဖေါ်ကြီး CCP"။
ထရမ့်ရဲ့ ပေါ်လစီအရ ၄ နှစ်စလုံး
တကယ်ကို ဘာစစ်မှမဖြစ်ဖူးခဲ့။ မြောက်ကိုရီးယားနှင့်အရှေ့အလယ်ပိုင်းတွေမှာလည်း ထရမ့်ကြောင့်ငြိမ်းချမ်းရေးဆောင်ပုဒ်တွေတပ်လာနိုင်ခဲ့တယ်။ ထရမ့်ကိုယ်တိုင်လည်း နိုဗယ်နှစ်ကြိမ် အချိန်ခံရတယ်။
ဘိုင်ဒင်က အစောကြီးထဲက တရုတ်ကို ဆရာတင်ထားတဲ့သူ။ သူ့ကြိုးဆွဲဆရာ CCP လက်ရှိ လုပ်နေတဲ့ "တရုတ်တစ်ပြည်ထောင်ပေါ်လစီ"ကို
လုံးလုံးမျက်နှာချိုသွေး အားပေးပေါင်းတယ်။ တရုတ်ကွန်မြူနစ်တွေသင်ကြားပေးတဲ့ သန္ဓေသားသတ်တာတွေအပါအဝင် လူဦးရေထိန်းချုပ်တာတွေကို သူလုပ်မယ်။ ကွန်မြူနစ်တွေ ဘယ်ပြည်သူမှလက်နက်ကိုင်ခွင့်မပေးပဲအုပ်ချုပ်နေကြသလို ကန်မှာလည်း ကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်ဥပဒေ ၂ ဖျက်သိမ်းပြီး ပြည်သူတစ်ရပ်လုံးကို သူ့လက်ဝဲဒီမိုတွေရဲ့လက်ခုပ်ထဲကရေဖြစ်အောင်လုပ်မယ်။ ထင်ထင်သလို EO တွေထုတ်ပြန် 'ဟင်းရွက်ရေဆွတ်'လက်မှတ်ရေးထိုးပြီး သင်္ကြန်အမြောက်ချည်းဖေါက်ဖေါက်ပြတယ်။
ခက်နေသေးတာက ပင်တဂွန်စစ်တပ်က ဘိုင်ဒင်ဖိုးတွမ်တီးကို သမ္မတအဖြစ် ဘယ်တုန်းကမှ အသိအမှတ်ပြုမထားတဲ့အချက်ပါ။ စက္ကူစုတ်သမ္မတဘိုင်ဒင်ကြီး ဘယ်ပဲသွားသွား Air force One- Presidential Aircraft "အစစ်"ကိုလုံးဝသုံးခွင့်မပေး။ ကိုရီးယမ်းငပေါဘော်ဒီကပ်တစ်ယောက်ကလွဲပီး ဘိုင်ဒင့်အနားမှာ ဘယ် United States Secret Service စစ်စစ်မှန်မှန်မှလဲ မရှိရှာ။
ပင်တဂွန်ဟာ ဘိုင်ဒင်တို့အဖွဲ့ကိုပြည်တွင်းစစ်မဖြစ်အောင်လောက် ဒေါင့်ဖြုတ်သရုပ်ဆောင်ခိုင်းထားပေမယ့် အဆင့်မြင့်လုံခြုံရေးအထပ်ထပ်နဲ့စိုးစံနေတဲ့သမ္မတထရမ့်ရဲ့ ဖလော်ရီဒါရုံးခန်းနှစ်ခုက မိန့်ကြားချက်တွေကိုတော့ အမြဲနားစွင့်ပြီး မြေဝယ်မကျလိုက်နာပေးနေတယ်။
ဖေဖော်ဝါရီ ၁ ရက်က မအလစစ်တပ်ဟာ သူတို့ပထွေးတရုတ်လူ ဘိုင်ဒင်အာဏာရတာကို အခွင့်ကောင်းယူပြီး ဗမာပြည်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍအာဏာသုံးခုလုံးကို လက်နက်နဲ့ဗိုလ်ကျလုယူပစ်လိုက်တယ်။
ရွေးကောက်ပွဲကြောင့် ရှုံးမဲမဲနေတဲ့မင်းအောင်လှိုင်ဟာ အမှန်တကယ်ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရာရှိတွေကို သွေးရူးသွေးတမ်း ဖမ်းဆီးပစ်လိုက်တယ်။
ထရမ့်ရဲ့ QFS ကျွမ်းကျင်သူ ဗဟိုဘဏ်အကြီးအကဲဟောင်း ဦးကျော်ကျော်မောင်ဘယ်လိုဖြစ်သွားတာကိုမသိရသေးပေမယ့် လက်ထောက်အုပ်ချုပ်ရေးမှူး Bo Bo Nge ကိုထိန်းသိမ်းချုပ်နှောင်လိုက်တယ်။ ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ အရင်စစ်အစိုးရလက်အောက်မှာ ဗဟိုဘဏ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Cabalတို့ရဲ့ Rothschild အဂတိဗဟိုဘဏ်စနစ်ကျွမ်းကျင်သူဦးသန်းငြိမ်းကို ပဲ မအလက အကြံအတိုင်း ပြန်လည်အစားထိုးခန့်အပ်လိုက်တယ်။
တရုတ်နဲ့ကန် ထချကြမှ အမိမြန်မာပြည်အတွက် ရင်အေးရမှာမဟုတ်။ "ပြည်လုံးကျွတ်ဆန္ဒပြပြီးကြရင် ပြည်လုံးကျွတ်ထချကြဖို့ပဲကျန်တယ်"။ ပြည်သူတွေရဲ့'အညှစ်'ကို အဆင်သင့်စောင့်ပြင်ထားတဲ့ကမ္ဘာ့ဝမ်းဆွဲလက်သယ်က ဗမာ့ ဒီမိုကရေစီအစစ်ကို 'ဆွဲထုတ်'မီးရှူးသန့်စင်ပေးလိုက်လိမ့်မယ်။
မကြာခင်မှာပဲ မအလတို့ ဆန်ကုန်မြေလေး ချေးပါမြက်ပုပ် ကျောက်ရုပ်သေးပန်း ဂွေးတန်းလန်းတွေအတွက် ပြေးလမ်းမှန်သမျှ လိုက်လံပိတ်ဆို့ခံရတော့မှာဖြစ်ကြောင်းပါ။ ။
နိယတ သမ္ဗောဓိ ပရာယန
ခွန်ရွှေသိုက်
၂၉၊၀၃၊၂၁ တနင်္လာနေ့မွန်းလွဲတစ်နာရီ
ဝါရှင်တန်ဒီစီ