ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

၂၀၂၁ ခုနှစ်ကာလအတွက် အာရှတိုက်ဖက်ခြမ်းမှာ နိုင်ငံရေးအကြီးအကျယ်လှုပ်ခတ်၊ ရိုက်ခတ်နေတဲ့နေရာ  နှစ်နေရာရှိပါတယ်။အဲ့ဒီနေရာတွေကတော့ မြန်မာနှင့်အာဖကန်နစ္စတန်တို့ပဲ ဖြစ်ပါတယ်။

၎င်းနေရာများတွင် နိုင်ငံရေးလှုပ်ခတ်နေဖို့ လိုအပ်နေ၍လား ??

ဘယ်လိုအကျိုးအမြတ်အစွန်းတွေကြောင့် နိုင်ငံရေးလှုပ်ခတ်နေဖို့ လိုအပ်နေရတာလဲ ??

ပထဝီနိုင်ငံရေး အရေးပါမှုတစ်ခုအတွက်ပဲလား ??

၂၀၂၁ ခုနှစ် ဖော်ဝါရီလ( ၁ )ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့အာဏာသိမ်းခံရမှုအား  အာစီယံ ၊ ကုလသမဂ္ဂ ၊ အမေရိကန်အစရှိသောနိုင်ငံကြီးများနှင့်ဥရောပသမဂ္ဂပါမကျန် တည့်ဆိုင်ဆွေးနွေး အဖြေရှာလုပ်ဆောင်နေပေမဲ့  ယနေ့အထိဖြေရှင်းနိုင်စွမ်း မရှိသေးပါ ။ 

ဘာကြောင့်လဲ ??

ကိုယ်ကျိုးစီးပွားရေးတွေ ဘယ်လောက်များဆက်စပ်နေသောကြောင့်  ပြဿနာဖြေရှင်းရေးမှာ ရှေ့မတက်နိုင်ဖြစ်နေကြရသလဲ ??

ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကြား၊ကမ္ဘာ့အဖွဲ့အစည်းကြီးတွေကြားမှာ အဘယ်၍အဘယ်မျှထိ အဂတိတရားတွေ ထွန်းကားနေလည်းဆိုတာလည်း စဥ်းစားစရာ အချက်ဖြစ်လို့နေပါတယ်။ထိုနည်းတူစွာ ဘာကြောင့် အကြမ်းစစ်ကောင်စီဟာ ကမ္ဘာ့နိုင်ငံတွေရဲ့မျက်နှာသာပေးမှုကို ယခုလောက် ရရှိထားရသလဲဆိုတာ အရမ်းစိတ်ဝင်စားဖွယ်ရာပါ။

အာစီယံအဖွဲ့အစည်းဆိုတာကိုက  အရှေ့တောင်အာရှနိုင်ငံတွေကို ချုပ်ထားတဲ့ ချုပ်ကြိုး ၊ အာဏာရှင်တွေ လက်ချင်းချိတ်ထားတဲ့  အဖွဲ့အစည်းလိုဖြစ်နေခဲ့တာပါ ။အာဏာရှင်တွေ ရှင်သန်ခိုင်မြဲဖို့အတွက် အဘယ်သို့သော အကြောင်းများက မျက်နှာသာပေးနေရသလဲဆိုတာလည်း စဥ်းစားစရာအချက်ဖြစ်ပါတယ်။အဲ့ဒီလိုဖွဲ့စည်းရခြင်းနောက်ကွယ်မှာ ကြိုးကိုင်တွေ ရှိနိုင်ပါတယ် ၊ သဘောကတော့  အရှေ့တောင်အာရှရဲ့စီးပွားရေးကို ချုပ်ထားတဲ့သဘောမျိုးပါပဲ ။ 

ကမ္ဘာစီးပွားရေးသမားသူဌေးကြီးတွေက  ကမ္ဘာ့စီးပွားရေးကို အပိုင်းပိုင်းကန့်ပြီး ဆွဲချုပ်ထားတဲ့သဘောမျိုးပါ ။ ဥပမာ - အမေရိကစီးပွားရေး ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှစီးပွားရေး ၊ တရုတ်ပြည်စီးပွားရေး၊ အိန္ဒိယစီးပွားရေး ၊ အာဖရိကစီးပွားရေး ၊ အရှေ့အလယ်ပိုင်းစီးပွားရေး ၊ အနောက်ဥရောပ စီးပွားရေး စသည်ဖြင့်ပေါ့လေ .. အဲ့လိုရှိပါတယ် ။

အာဖကန်နစ္စတန် နှင့် မြန်မာမှာ တခြားသောဝင်ငွေရှာလို့ရနိုင်သည့်လမ်းကြောင်းတွေ ရှိနိုင်သေးလားဆိုပြီး စဥ်းစားကြည့်တဲ့အခါမှာ ရွှေတြိဂံဒေသမှာ မြန်မာဟာ ခရာဖြစ်နေတာကို တွေ့ရသလို  အာဖကန်နစ္စတန်ဟာလည်း  ရွှေလခြမ်းဒေသမှာ ခရာဖြစ်နေတာကို တွေ့ရတယ် ။

 

"ရွှေလခြမ်း"ဒေသမှာ  အီရန် ၊ ပါကစ္စတန် နှင့် အာဖကန်နစ္စတန်တို့ပါဝင်ပေမဲ့  အာဖကန်နစ္စတန်က အဓိကနေရာလိုဖြစ်နေတာပါ ။ ထိုနည်းတူစွာ ရွှေတြိဂံနယ်မြေဟာ ထိုင်း၊ လာအို နှင့် မြန်မာ နယ်နိမိတ်ချင်း ထိစပ်နေသည့် မဲခေါင်မြစ်တွေဆုံတဲ့ နေရာဖြစ်သည်ဟုဆိုသော်လည်း တကယ်တမ်းတွင် ယူနန် နှင့် ဗီယက်နမ်အထိ အဖျားခတ်ပါတယ်။

"ရွှေတြိဂံ" ဟူသောအမည်နာမအား စီအိုင်အေမှ ဖန်တီးခဲ့သည်ဟုလည်း ဆိုသည်။ ဘာကြောင့် ရွှေတြိဂံဟု အမည်မှည့်ခေါ်ခဲ့ရသလဲဆိုတဲ့အပိုင်းကို ဆက်လက်လေ့လာနိုင်ရင်  ပသျှူးခေါင်းပြတ်လို့ခေါ်တဲ့ Deep State ၏ လက်တံတွေနဲ့တောင် ဆက်စပ်နေနိုင်ပါတယ် ။ 

လူကုန်ကူးမှု ၊ ကိုယ်တွင်းကလီစာရောင်းဝယ်မှု ၊ လက်နက်မှောင်ခို ၊ ဘိန်းဖြူနှင့်တခြားသောမူးယစ်ဆေးမှောင်ခို ၊ ငွေတုလုပ်ငန်း ၊ လောင်းကစား ၊ သယံဇာတများ ပေါပေါများများ ရနိုင်သည့် ဒုစရိုက်သမားများကျင်လည်ရာနေရာလည်း ဖြစ်ပါတယ် ။ ပြောရရင်  ငွေမဲလမ်းကြောင်းအား အာသာတွေ့နေသော ဝိသမလောဘနိုင်ငံရေးသမားများ၏  စားကျက်လည်း ဖြစ်ပါတယ်။ဒုစရိုက်သမားတွေချည်း သက်သက်ပဲ ၎င်းဒုစရိုက်လမ်းကြောင်းကို ဘယ်လိုမှလုပ်မရပါဘူး ၊ ၎င်းလမ်းကြောင်းများအား မျက်စိမှိတ်ပေးနေသော နိုင်ငံရေးသမားတွေကြောင့်သာ လွယ်ကူစွာ ဖြန့်ချိလို့ရနိုင်တာမျိုးပါ ။ (လူကုန်ကူးမှုဟာ ဂြိုလ်သားစမ်းသပ်မှုလမ်းကြောင်းအထိ ရှည်လျား​ပါတယ် ၊ ပေါ့ပေါ့တော့ မဟုတ်ပါဘူး။)

ရွှေလခြမ်းဟာ အရှေ့တောင်အာရှ၏ ရွှေတြိဂံဒေသထက် ဘိန်းထုတ်လုပ်မှုသမိုင်းကြောင်း များစွာရှည်လျားပါတယ်။ ၁၉၅၀ ခုနှစ်အလွန်ကာလများတွင် "ရွှေလခြမ်း"အဖြစ် ဖြစ်တည်ခဲ့ပြီး  ၎င်းနောက် ၁၉၈၀ ပြည့်နှစ်အလွန်ကာလများမှ "ရွှေတြိဂံ"အဖြစ် ပေါ်ပေါက်လာသော ခေတ်သစ်ဘိန်းထုတ်လုပ်သည့်နေရာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၅ ခုနှစ်မှ စတင်ကာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ရသည်ဟု အချက်အလက်များကဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ နောက်ဆုံးအချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်တွင် ဘိန်းထုတ်လုပ်မှုဟာ ၄၀၅ မက်ထရစ်တန်ခန့် ထွက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ခန့်မှန်းခြေ  ၈၇၀ မက်ထရစ်တန်၏ ထက်ဝက် အောက်သာရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှု ဧရိယာသည်လည်း ၂၀၁၉ ခုနှစ်တွင် ၃၃၁၀၀ မှ  ၂၉၅၀၀ ဟက်တာလျော့ကျခဲ့သောကြောင့်  ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဆိုနိုင်ပါတယ်။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်အစိုးရခေါင်းဆောင်တဲ့လက်ထက်ပေါ့ ၊ အမေရိကန်မှာဆိုရင် ဒေါ်နယ်ထရန့်လက်ထက် ဖြစ်ပါတယ် ။ ( တိုင်ဝမ်က ဘိန်းချက်လုပ်သူတွေကို ရဟတ်ယာဥ်နဲ့ပြန်ပို့ရတာနှင့်စစ်ဆေးရေးဂိတ်က X - Ray စက်ကြီးတွေကို ဖျက်စီးခဲ့သည်အထိကို ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့တာပါ ။ ဘိန်းခင်းတွေကို  ပြည်သူတွေကဖျက်မယ်ဆိုပြီး ချီတပ်သွားတာ အကြမ်းဖက်စစ်တပ်က သံဆူးကြိုးအတားတွေ ချပြီး ဆက်မချီတက်ရဘူး ၊ ဖျက်ခွင့်မပေးနိုင်ဘူးဆိုပြီး တားခဲ့သေးတာတောင် သတိရနေမိသေးတော့... 😁 )

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဘိန်းထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အရေးပါသော ခွေးသွားစိပ်တစ်ခုလည်းဖြစ်ပါတယ်။ကမ္ဘာ့ဘိန်းဖြူ၏ ၉၀ ရာခိုင်နှုန်းကို အာဖကန်နစ္စတန်မှ ထွက်သည်ဟု တင့်စားကြပြီး   ၂၅ ရာခိုင်နှုန်းခန့်ကို ရွှေတြိဂံနယ်မြေမှထွက်တယ်လို့ ဖော်ကျူးထားခဲ့ကြတာပါ ။ ဤမျှလောက်ရောင်းအားကောင်းနေခဲ့ပေမဲ့ အာဖကန်နစ္စတန်ရော ၊ မြန်မာရောဟာ ချွတ်ခြုံကျအောင် မွဲပြာကျနေခဲ့တာပါ ။ 

အဲ့ဒီလမ်းကြောင်းကရတဲ့ ငွေမဲတွေ ဘယ်အဖွဲ့အစည်း ၊ ဘယ်သူတွေလက်ထဲရောက်သွားသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ် ။

လက်ရှိခန့်မှန်းသုံးသပ်ချက်တွေအရ   မြန်မာနိုင်ငံတွင် COVID-19 ကြောင့် စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသလို  ဖေဖော်ဝါရီလ ( ၁ )ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုကြောင့်  မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှုဟာလည်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဆိုပါတယ် ။

ဤသည်ကပင်လျှင် ဝိသမဘောဘနိုင်ငံရေးသမားများဖြစ်စေချင်သော  လမ်းကြောင်းပေလော ??

Giant Author
Myanmar Society

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း