ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ


တကယ်တော့ အတ္တကြီးတဲ့ကမ္ဘာ့ခရိုနီသူဌေးကြီးအချို့ဟာ နိုင်ငံတွေရဲ့အစိုးရတွေကို ဝင်ချုပ်လို့ခုလိုဖြစ်တာပါ။ သူတို့က ကမ္ဘာစစ်တွေကိုလည်း ဖြစ်အောင်ကစားနိုင်သလို ရပ်လည်းပစ်နိုင်ပါတယ်။စစ်မြူတာလည်း သူတို့ပဲ။ ကျန်တဲ့နိုင်ငံရေးအသိုင်းဝိုင်းအားလုံးက အသုံးတော်ခံ က'ပြရတဲ့သဘောပါ။ ဒါပေမယ့် သူတို့ကစားကွက်ခင်းသလို အခုမရတော့ပါဘူး။အတွေးအခေါ်ဟောင်းတွေ ဖြစ်သွားလို့ပါ....

နိုင်ငံတကာဆိုင်ရာငတုံးအစိုးရတွေကြောင့် အတ္တကြီးတဲ့ကမ္ဘာ့ခရိုနီသူဌေးကြီးအချို့ရဲ့ ငွေဝယ်ကျွန်တွေ ဖြစ်ကုန်တာပါပဲ။ယခု အဲ့ဒီသူဌေးတွေကို Q17 က ဖြိုနေပါတယ်။

ကိုယ်အမြဲပြောတဲ့စကားတစ်ခွန်းရှိပါတယ်။
"ကမ္ဘာ့ဗဟိုဘဏ်အမြန် ပြိုကျပါစေ"လို့ ဆုတောင်းမိတာ .. အဲ့ဒါကြောင့်ပါပဲ။

ဂမ္ဘီရလိုလို  သူတို့ရဲ့မသေဆေး အသက်ရှည်ရေးက ကလေးငယ်တွေရဲ့သွေးတွေ ၊ ကလေးလိင်ကျွန်တွေ ကို အမြဲတမ်းအသုံးချတယ်။ သူတို့က ဒိဌိ မိစ္ဆာကျွန်တွေပါပဲ။

သူတို့ဟာ ချမ်းသာလွန်းတော့ သူတို့အန္တရာယ်မဖြစ်ရေး ၊ သူတို့သက်တမ်းရှည်ရှည်အန္တရာယ်ကင်းကင်းနေနိုင်ရေးအတွက် နိုင်ငံရေးတွေရဲ့အစိုးရအသိုင်းအဝိုင်းကို ငွေနဲ့ဝယ်ပြီး ချုပ်ကိုင်လိုက်ကြတာပါ။ အဲ့ဒီတော့ တကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ဗဟိုဘဏ်တည်ထောင်ပြီး ကဏ္ဍပေါင်းစုံပါဝင်ကာ ငွေဝယ်ကျွန်အသွယ်သွယ်အား ချုပ်ပစ်လိုက်တာပါ။ငွေနဲ့ ပစ်ပေါက်ပြီး သူတို့ဩဇာကို အကျယ်ချဲ့ပစ်လိုက်တဲ့သဘောပါပဲ။ သူတို့သူဌေးတွေက သူတို့လက်အောက်ရောက်လာတဲ့နိုင်ငံတွေကို ၂ဖက် ခွပြီးစစ်ရေးလည်း အကြောင်းပြချက်တစ်ခုနဲ့ဖန်တီးနိုင်သလို ရပ်နိုင်တဲ့စွမ်းရည်တွေ ရှိနေတာက သူတို့ငွေကြေးနဲ့ ဝယ်ထားတဲ့ ငွေဝယ်ကျွန်နိုင်ငံအစိုးရခေါင်းကြီးပိုင်းတွေဖြစ်နေတာကြောင့်ပါ ။

နောက်ပြီးတော့ သူတို့က အဲ့သည်လို ကမ္ဘာ့နိုင်ငံအသီးသီးကိုငွေနဲ့ဝယ်ချုပ်ပြီး ကမ္ဘာ့ဗဟိုဘဏ်ကနေစီးပွားရေးနဲ့ထိန်းချုပ်ပါတယ်။ နိုင်ငံအသီးသီးကအစိုးရတွေကိုအပိုင်ကိုင်ချည်ပြီးတုတ်ပြီးချိန်မှာ သူတို့မသေရေး ၊ သူတို့သက်တမ်းဆွဲဆန့်ရေး အတွက် ကမ္ဘာပေါ်က ဂမ္ဘီရဆန်ဆန်နေရာတွေကို UNESCO ဖွင့်ပြီး ထိန်းသိမ်းမည်လို့ မက်လုံးပေးတာတွေ အပါဝင် ကမ္ဘာ့နိုင်ငံအတွင်းရှေးဟောင်း အမွှေအနှစ် ဂမ္ဘီရပစ္စည်းတွေကိုလည်း နည်းပေါင်းစုံနဲ့ရှာဖွေပါတယ်။ ဥပမာ - ကုလသမဂ္ဂဆိုင်ရာတွေ ၊ NGOအဖွဲ့အစည်းတွေ...အဲ့သည်လိုအဖွဲ့အစည်းတွေကနေ ကမ္ဘာ့ပေါ်ကထူးခြားဖြစ်စဉ်တွေ ၊ ထူးခြားမှုတွေကို ရှာပါတယ်။ 

ငွေကြေးသုံးစွဲမှုအရ လူအခွင့်အရေး(Human Right) အမည်ခံနဲ့ လူတွေရဲ့သနားကြင်နာမှုကိုအသုံးချရံပုံငွေရှာနိုင်ပြီး တချို့လှူပြီး ၊ တချို့ဘုံးပါတယ်။ 

နောက်ပြီးတော့ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေ  ၊ NGO ဝန်ထမ်းတွေရဲ့ လစာကိုလည်း ငွေကြေးအနိမ့်အမြင့်နဲ့ ကမ္ဘာ့ဗဟိုဘဏ်ကနေ ကစားပြီး နိုင်ငံတကာငွေကြေးနဲ့နှိုင်းယှဉ်လျှင်  မိမိနိုင်ငံငွေကြေးတန်ဖိုးအရ ၎င်းအဖွဲ့အစည်းများထံမှရရှိသောလစာက မက်လောက်စရာဖြစ်စေတာကြောင့် ငွေကြေးအတွက် နိုင်ငံတကာဆိုင်ရာ လူကြီး၊လူငယ်၊NGO ဝန်ထမ်းများကလည်း မိမိနိုင်ငံ၏အတိုင်းအတာအရ လစာမြင့်မားမှုကြောင့် ထိုသူတို့လိုချင်တဲ့အချက်အလက်များရအောင် နိုင်ငံတွင်းမှ နေရာအစုံကို တက်ကြွစွာ လှုပ်ရှားပေးကြပါတယ်။ဒေါ်လာလစာနှုန်းထားဖြင့်ဆိုလျှင် ၎င်းလစာပမာဏက မပြောပလောက်သော်လည်း မိမိနိုင်ငံငွေကြေးတန်ဖိုးနဲ့နှိုင်းယှဥ်လျှင် တန်ဖိုးမြင့်တာကိုး။ ငါးစာနဲ့ငါးမျှားချိတ်မမြင်နိုင်တာကလည်း စာသာတတ်ကြပြီး အတွေးအခေါ်ပိုင်းအရ နိုင်ငံသားများကညံ့ဖျင်းကြတာ၊မိသားစုဝမ်းရေးအတွက်  လိုအပ်ချက်များရှိတာကြောင့်လည်း ပါပါတယ်။ဒါကလည်း အစိုးရလုပ်သူရဲ့အရည်အသွေးညံ့ဖျင်းတာရော၊မစီမံနိုင်တာရောကြောင့်လည်း ပါပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးကတက်လာတဲ့  စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ နိုင်ငံရေး ၊ သယံဇာတည်ရှိမှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊သစ်တောအစရှိသည့်ကဏ္ဍစုံကတက်လာတဲ့ အချက်အလက်တွေ( data )ကို အခြေခံပြီး ထိုသူတို့က ကမ္ဘာ့နိုင်ငံတွေကို ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်မည့် စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ကြတော့တာပါပဲ ။

ယခု ဒီကမ္ဘာ့ခရိုနီသူဌေးတွေဟာ သူတို့အရေးနိမ့်နေလို့ စစ်မြူနေကြပါတယ်။ စစ်မြူနေကြပေမဲ့လည်း ကိစ္စသိပ်မရှိဟု မိမိယူဆမိပါတယ်။ ထိုသူတို့၏လမ်းကြောင်းအား Q17 က သိနေပြီးသားပါပဲ။ ဘာလို့ဆို ကိုယ်တွေတောင် သိနေတာပဲဟာ ၊ Q17 ကလည်း သိပြီးသားဖြစ်မှာပါ ။

နောက်ဆုံးသူတို့အမွှေဇယားက လက်ကျန်အသုံးတော်ခံတွေ ဘယ်လောက်ကျန်မလဲဆိုတာပါပဲ။ တကယ်တမ်းသေချာပြန်ကြည့်ရင် သူတို့လည်းလက်ကျန်အသုံးချဖို့သိပ်မရှိတော့လို့သူတို့လက်အောက်ခံ နိုင်ငံတွေကိုနင်းနိုင်ပါတယ်။ငွေများများရဖို့ အောက်လမ်းနည်းပါမက မှောင်ခိုလမ်းကြောင်းပါ အသုံးချတဲ့နိုင်ငံတွေကတော့ ကြီးကြီးမားမား သူတို့နင်းပြီလို့ပဲမှတ်ပါတော့။သူတို့အသက်ရှင်ရေးအတွက် အထပ်ထပ်နင်းလို့ရသမျှ သူတို့ လက်အောက်ခံဩဇာခံနိုင်ငံကုန်တဲ့အထိ အသုံးချသွားမှာပါ။

နောက်ပြီးတော့ ကမ္ဘာသူကမ္ဘာသားတွေ တုံးနေဖို့ ၊ အ'နေဖို့ ၊ ဉာဏ်ပိန်းနေဖို့အတွက် မူးယစ်ဆေးဝါး၊ အပျော်အပါး၊ လောင်းကစား၊နည်းပညာနှင့် Game များစွာဖြင့် ဆွဲဆောင်ပြီး ဉာဏ်ပညာလမ်းကြောင်းပေါ်မရောက်အောင် သူတို့လုပ်ပါတယ်။ရောဂါထူ၊အသက်တိုဖို့အစားအသောက်မှာပါ ထည့်ပါတယ်။အခု Vaccine အပါပေါ့။

Credit - Shwe Gue

ရှေးဟောင်းပစ္စည်းမှန်သမျှ ပြတိုက်ထဲမှာ ရှိမယ်လို့ ပြောမရဘူး။ ပြတိုက်ထဲမှာ မတွေ့နိုင်တဲ့ ပုံလေးတွေပါထည့်ပေးထားပါတယ် ။ အချိန်ရရင် ပုံလေးတွေပါ ကြည့်ပေးစေချင်တယ် ။

Popular posts from this blog

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း