"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )
ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး ပြောဆို ဆွေးနွေးချက်များ - ဇင်း ။ ။ တကာကြီးက အရက်သောက်တာ အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို၊တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။ ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။ ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊ တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။ ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ " ဖြောင့်ချက် " ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။ ဇင်း ။ ။ ဘာကြောင့် ရေးတာလဲ တကာကြီး ။ ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာ၀န်ရှိလို့ပါ ဘုရား ။ ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလဲ တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။ ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။ ဒီပြဿနာလေးရှင်းပေးပါအုံး................. ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ၀င်ပြီး မေးကြည့်တာပဲ ။ ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။ တပည့်တော် ဖြေပါတော့မယ် ။ ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။ (၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။...