ကြွေတလှည့် ကြက်တခုန်
ပထမဦးဆုံး ပြောချင်တာကတော့ ( ၆၂ ) နှစ်မြောက် KIO ထူထောင်ခြင်းအခန်းအနားအကြိုကျင်းပပွဲမှာ သေဆုံးသွားရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းဆိုပါရစေ။ ပျော်ပွဲရွှင်ပွဲကျင်းပနေတုန်း ဗုံးကျဲခံရတဲ့ဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် မအလ' ဟာ သူတပ်ရဲ့တဖြည်းဖြည်းကျဆင်းနေတဲ့စိတ်ဓာတ်ကို ဆွဲတင်ဖို့ လုပ်ဟန်တူပါတယ်။ လူမိုက်ခေါင်းဆောင်ဆိုတော့ လူမိုက်တပည့်တွေအကြိုက် ကြမ်းပြရမ်းပြတဲ့သဘောမျိုးပေါ့ ။ KIO ၊ KIA အရာရှိတွေ ပွဲတက်မည့်သတင်းရလို့ လုပ်ကြံသတ်ဖြတ်တဲ့ သဘောလည်း သက်ရောက်ပါတယ်။ တရုတ်ပြည်ဟာ မြန်မာစစ်တပ်ရဲ့အင်အားအခြေအနေကို ပေးဖို့တောင်းဆိုခဲ့ပြီး အလဲအလှယ်အဖြစ် EAOs လက်နက်ကိုင်တွေရဲ့ တည်နေရာ ၊အနေအအထား၊အင်အားအခြေပြုမှုကို ပြန်လည်ပေးအပ်မယ်ဆိုပြီး နွေဦးတော်လှန်ရေးအစမှာ ပြောခဲ့ဖူးတာကို တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လုံးဝ မေ့မထားပါနဲ့ ၊ သတိလက်လွတ်မနေပါနဲ့ ၊ ပြင်သင့်တာတွေ ပြင်ထားပါ ။ နောက်တစ်ခုက...