FTX - ယူကရိန်းနှင့်ဒီမိုကရက်ပါတီ

George Soros ပြီးရင် ဒုတိယအကြီးဆုံး ဒီမိုကရက်တွေရဲ့ အလှူရှင်ဖြစ်တဲ့ CEO Sam Bankman-Fried  ဦးစီးတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ cryptocurrency ကုမ္ပဏီ FTX ဟာ ပြီးခဲ့တဲ့အပတ်က ပြိုကျခဲ့ပြီး FTX ရဲ့ ဖောက်သယ်တွေ  $ ဘီလျံနဲ့ချီပြီး  ဆုံးရှုံးကုန်ကြပါတယ်။  FTX  မှာလျော်စရာမရှိပဲ ဒေဝါလီ  လူမွဲအဖြစ်ခံယူဖို့  USA မှာ လျှောက်ထားခဲ့ပါတယ်။  ဒေဝါလီခံတဲ့အချိန်မှာ  သိရတာက  FTX  နဲ့ နှီိးနွယ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပေါင်း တကမ္ဘာလုံးမှာ ၁၃၄  ခုရှိပြီး  FTX ကပြန်လည်ပေးဆပ်ရန်  တာဝန်ရှိတဲ့  ဒေါ်လာ ဘီလျံ ၅၀  ဟာ ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်က 🇺🇸  အမေရိကန်အခွန်ထမ်းတွေရဲ့  ဒေါ်လာဘီလီယံပေါင်းများစွာကို 🇺🇦  ယူကရိန်း စစ်ပွဲအတွက် ကူညီမည် ဟု  ပြောပြီး  ရက်ပိုင်းအတွင်းမှာပဲ  FTX နဲ့ 🇺🇦 ယူကရိန်းအစိုးရတို့ဟာ ပါတနာအဖြစ် ပူးပေါင်းခဲ့ကြောင်း အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့ပါတယ်။

🇷🇺 ရုရှားက  🇺🇦  ယူကရိန်းကို  ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်ဝင်ရောက်ခဲ့တယ်။  မတ်လတွင် 🇺🇸 ဘိုင်ဒင်အစိုးရက  လုံခြုံရေးအကူအညီအတွက် ယူကရိန်းသို့ စုစုပေါင်းဒေါ်လာ ၂ ဘီလီယံ စတင် ပေးပို့ခဲ့တယ်။  ယူကရိန်းအစိုးရနဲ့  FTX တို့ လက်တွဲပြီး နှစ်ရက်အကြာ မတ်လ 16 ရက်နေ့တွင် Biden သည် ယူကရိန်းအား နောက်ထပ်ဒေါ်လာ သန်း 800 ပေးပို့ ခဲ့ပြန်တယ်။  ၂၀၂၂ နိုဝင်ဘာလအထိ အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၆၀ ဘီလီယံကျော် ပေးပို့ခဲ့ပြီး  ဖြစ်ပါတယ်။

ယူကရိန်းအစိုးရဟာ  Bitcoin နှင့် cryptocurrencies ကို စစ်ပွဲသုံးပစ္စည်းများအဖြစ်သို့ ပြောင်းလဲရန် ၎င်း၏ဒေါ်လာသန်းပေါင်းများစွာတန်သောကြိုးပမ်းအားထုတ်မှုကို လွယ်ကူချောမွေ့စေမည့် crypto လှူဒါန်းမှုဝဘ်ဆိုဒ်အသစ်တစ်ခု "Aid for Ukraine" (ယူကရိန်းအတွက် အကူအညီ)  နာမည်နဲ့ တည် ထောင် ခဲ့ပါတယ်။  

Bankman-Fried ဟာ စုစုပေါင်းဒေါ်လာ ၃၉.၈ သန်းကို ဒိမိုကရက်ပါတီအား လှူဒါန်းခဲ့တာကြောင့် George Soros ပြီးရင်  ဒီမိုကရက်ကို  ဒုတိယ အများဆုံး  ထောက်ပံ့ပေးသူဖြစ်ပါတယ်။  Bankman-Fried သည် 2020 ခုနှစ်မှစတင်၍ Biden အတွက် အရေးပါသောအလှူရှင်ဖြစ်လာခဲ့ပါတယ်။


ယူကရိန်းဟာ  မတ်လထဲမှာ  အမေရိကန်အခွန်ထမ်းတွေရဲ့ အကူအညီ  ငွေကို အသုံးပြုပြီး  FTX  ရဲ့ဝန်ဆောင်မှုကို ဝယ်ယူခဲ့ပါတယ်။  FTX  ရဲ့ CEO  Sam  က  ဒီငွေတွေကို ဒီမိုကရက်ပါတီ  မဲဆွယ်စည်းရုံးရေးအတွက်  ဒေါ်လာ သန်း ၄၀ ကို  အလှူငွေအဖြစ်  ဒီမိုကရက်တွေလက်ထဲ  ပြန်လည်ပြောင်းပေးခြင်းဖြစ်ပါတယ်။  ဒါဟာ ကြီးမားသော ငွေကြေးခဝါချမှု အစီအစဉ်ဖြစ်ပါတယ်။ 

နောက်ဆုံးသတင်းအရ  FTX  CEO  နဲ့  သူ့လုပ်ဖော်ကိုင်ဖက်  နှစ်ယောက်ဟာ  ဒူဘိုင်း  ကို ထွက်ပြေးကာနီး  Bahamas ဘဟားမား  နိုင်ငံမှာ  အာဏာပိုင်တွေရဲ့  ထိမ်းသိမ်းတာကို ခံထားရတယ်လို့သိရပါတယ်။


သုံးစွဲသူတွေအားလုံးအတွက်  လွတ်လပ်စွာ ရေးသားခွင့် ရစေချင်လို့  Elon Musk က $ ၄၄ ဘီလျံနဲ့  twitter  ကိုဝယ်ခဲ့ပါတယ်။  သူ့ကြောင့်  အခုလို  ဒီမိုကရက် - ယူကရိန်း - FTX  တို့ရဲ့  ငွေကြေးခဝါချမှုကို  လူအများသိမြင် ဖတ်ရှုခွင့်ရတာဖြစ်ပါတယ်။  အရင်ပိုင်ရှင်သာဆိုရင်  ဒီသတင်းတင်တဲ့သူတွေ  ဘန်းခံရမှာ၊  အကောင့်ပိတ်ခံရမှာသေခြာပါတယ်။  

လျပ်စစ်ကား Tesla ကိုထုတ်လုပ်သူ၊  အာကာသထဲကို  မိမိနည်းပညာနဲ့  ရော့ကက်တွေလွှတ်၊  ကမ္ဘာမြေပေါ်ကို အောင်မြင်စွာ ပြန်လည်ဆင်းသက်စေနိုင်တဲ့ Elon Musk လို လူမျိုးကိုကျတော့  တိုင်းပြည်အတွက်  အန္တရာယ်ရှိမရှိ၊  နိုင်ငံခြားနဲ့  ဘယ်လိုဆက်နွယ်မှုတွေရှိသလဲ  ဆိုတာကို  စောင့်ကြည့်ရမယ်လို့  ပြောတဲ့  Biden  နဲ့  ဒီမိုကရက်တွေဟာ  FTX  ပြဿနာကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ  စိတ်ဝင်စားစရာပါပဲ။

နိုင်ငံတကာက သတင်းတွေကို  မီငြမ်းရေးသားပြီး  ဓါတ်ပုံတွေကို  twitter  ကကော်ပီယူပါတယ်။  ပုံတွေကိုကြည့်ရင် ပိုပြီး  သဘောပေါက်လွယ်ပါလိမ့်မယ်။

Thanks for reading~~
Thin Lwin