စစ်ကောင်စီ၏သေနင်္ဂဗျူဟာ
AA ဟာ စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းအပစ်ရပ်စဲရေး သဘောတူလိုက်တဲ့အပေါ်မှာ အမျိုးမျိုးပြောဆို ဝေဖန်နေကြတာတွေ့ရပါတယ်။ ၎င်းကိစ္စနဲ့ပက်သက်ပြီး မိမိတို့ရဲ့ထင်မြင်ချက် နည်းနည်းလောက် ပေးရရင်ဖြင့် ___ ပထမဆုံးပြောလိုတာက.... AA ကိုယ်တိုင်က စစ်ကောင်စီ၏သေနင်္ဂဗျူဟာအောက်မှာ အညံ့ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ...??? အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ဆိုတာ စစ်ကောင်စီရဲ့သေနင်္ဂဗျူဟာ လက်စွဲပဲ။ စစ်ရေးကို အဆုတ်အတက်လုပ်တဲ့ဗျူဟာပေါ့ ။ အဲ့သည်လိုနည်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိန်းလာတာ နှစ်ပေါင်း ( ၇၀ ) ရှိခဲ့ပြီ။ စစ်ရေးပြင်းထန်လေ ... ပြည်သူကို ဖိတွယ်လေပဲ ၊ ပြည်သူကို ထိတာမခံနိုင်တော့ လက်နက်ချရတော့တာပဲ (သို့မဟုတ်) စစ်ကောင်စီအဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ သဘောတူလိုက်လျောရတဲ့ဂွင်ထဲ ဝင်တိုးရတော့တာပါပဲ ။ ၎င်းသည်ပင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အားနည်းချက်( weak point )လို့ အဲ့သည်လိုပဲ စစ်ကောင်စီက ရှု့မြင်ပါတယ်။ သည်နေ့ ( သို့မဟုတ် ) မနက်ဖြန်...