စစ်ကောင်စီ၏သေနင်္ဂဗျူဟာ


AA ဟာ စစ်ကောင်စီနဲ့  စေ့စပ်ညှိနှိုင်းအပစ်ရပ်စဲရေး သဘောတူလိုက်တဲ့အပေါ်မှာ  အမျိုးမျိုးပြောဆို ဝေဖန်နေကြတာတွေ့ရပါတယ်။

၎င်းကိစ္စနဲ့ပက်သက်ပြီး မိမိတို့ရဲ့ထင်မြင်ချက် နည်းနည်းလောက် ပေးရရင်ဖြင့် ___

ပထမဆုံးပြောလိုတာက....
 AA ကိုယ်တိုင်က စစ်ကောင်စီ၏သေနင်္ဂဗျူဟာအောက်မှာ အညံ့ခံလိုက်ရတာလည်း  ဖြစ်နိုင်ပါတယ်။

ဘာကြောင့်လဲ...???

အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ဆိုတာ  စစ်ကောင်စီရဲ့သေနင်္ဂဗျူဟာ  လက်စွဲပဲ။

စစ်ရေးကို  အဆုတ်အတက်လုပ်တဲ့ဗျူဟာပေါ့ ။

အဲ့သည်လိုနည်းနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေကို  ထိန်းလာတာ  နှစ်ပေါင်း ( ၇၀ )  ရှိခဲ့ပြီ။

စစ်ရေးပြင်းထန်လေ ... ပြည်သူကို  ဖိတွယ်လေပဲ ၊ ပြည်သူကို ထိတာမခံနိုင်တော့  လက်နက်ချရတော့တာပဲ (သို့မဟုတ်) စစ်ကောင်စီအဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ သဘောတူလိုက်လျောရတဲ့ဂွင်ထဲ  ဝင်တိုးရတော့တာပါပဲ ။

၎င်းသည်ပင်  တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့  အားနည်းချက်( weak point )လို့  အဲ့သည်လိုပဲ  စစ်ကောင်စီက  ရှု့မြင်ပါတယ်။

သည်နေ့  ( သို့မဟုတ် ) မနက်ဖြန်   ရန်ကုန်၊ မန္တလေးမြို့ကြီး တစ်မြို့မြို့ကို  တော်လှန်ရေးဖက်တော်သားတဖွဲ့ဖွဲ့က  သိမ်းနိုင်တာနဲ့   အဲ့မြို့  ဗုံးကျဲခံရပြီသာ  မှတ်တော့ပဲ ။(အထူးအဆန်းတော့မဟုတ်ပေ ၊ ကျူးဘားအာဏာရှင်တုန်းကလည်း  အဲ့သည်လိုပဲ လုပ်ခဲ့တဲ့သမိုင်းသက်သေတွေ  ရှိတယ်)

ကမ္ဘာ့နိုင်ငံရေးအမြင်အရ  နည်းနည်းလောက် အကျယ်ဖြန့်ပြီး ရှု့ကြည့်မယ်ဆိုရင် ____   

အာစီယံအထူးကိုယ်ယ်စားလှယ်  Pak Sokhonn က  တင်သွင်းတဲ့ စေ့စပ်ညှိနှိုင်းအကြံပြုချက်  ( ၈ ) ချက်ထဲမှာ  စစ်ကောင်စီနဲ့စေ့စပ်ညှိနှိုင်းဖို့  ငြိမ်းချမ်းရေးလိုလားနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိတယ်လို့ ရည်ညွှန်း​ဖော်ပြထားတာတွေ့ရတယ် (PPST ကို ရည်ရွယ်ပြောဟန်တူပါတယ် ) ၊ အပစ်ရပ်ပြီး  ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ရာမှာ  EAOs ၊ NUG ၊ PDFs နှင့် တခြားအဖွဲ့များအားလည်း  စစ်ကောင်စီနည်းတူ  ဖိအားပေးသင့်တယ် ၊ သိမ်သွင်းသင့်တယ်ဆိုတာမျိုး အကြံပြုထားတာ တွေ့ရမှာ  ဖြစ်ပါတယ်။

ဒါကြောင့်   AA နှင့် စစ်ကောင်စီနဲ့စေ့စပ်ညှိနှိုင်းမှုကို  ဗန်းပြပြီး တခြားသောတိုင်းရင်းသားလက်နက်ကိုင်တွေပါ  အညံ့ခံလာအောင်လုပ်တဲ့အကွက်  ဖြစ်နိုင်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  အပစ်ရပ်ထားပြီး( ခဏတာ ဖြစ်ဖြစ် )  ၎င်းရလဒ်ကို ကိုင်ပြီး  NUG နှင့် PDFs ကို  အလဲထိုးဖို့  ရည်ရွယ်ဟန်တူပါတယ် ။ တဆက်တည်းမှာ ရွေးကောက်ပွဲအကြံကို တပါတည်း  အထမြောက်အောင်  လုပ်ချင်ဟန် ရှိတယ်။

အဓိကအားဖြင့်တော့  ဒီမိုကရက်ပါတီအခြေမလှလို့    တရုတ်နှင့်စစ်ကောင်စီတို့ရဲ့ လက်ဝါးရိုက်ထားတဲ့အကွက်တွေပဲ  နေမှာပါ။ 

စစ်ကောင်စီရဲ့အလျင်လိုမှုကို  ပြသနေတဲ့သဘောမျိုးပါပဲ။  အာဏာသိမ်းဇာတ်ညွှန်းကို  ကမ္ဘာ့နိုင်ငံရေးနဲ့အံကိုက်ဝင်အောင် အမြန်အဆုံးသတ်ချင်နေပြီဟု ယူဆရပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေအခြေမကျခင်  မြန်မာပြည်မှာ သူပဲအနိုင်ရဗိုလ်စွဲသူဖြစ်အောင်  လုပ်မှာဖြစ်လို့   ခုကာလတွေမှာတော့  စစ်ကောင်စီဟာ အကြမ်းရမ်းဆုံး  စစ်ရေးကစားမယ် မှန်းရတယ်။တကယ့်မြေပြင်မှာလည်း  အကြမ်းရမ်းဆုံးကစားနေတာ  တွေ့နိုင်ပါတယ်။

Deep  State အပေါင်းအပါများဟာ  သူတို့အခြေမလှလို့  ကိုဗစ်ကိုတဖန်ပြန် ပွဲထုတ်ဖို့  ကြံနေသလားဆိုတဲ့စဥ်းစားစရာတစ်ချက်ကိုလည်း တွေ့ရပါတယ် ။

အဲ့ဒါကတော့ ....
အင်ဒိုနီးရှားသမ္မတက  အနာဂတ်ကပ်ရောဂါအတွက် ရန်ပုံငွေအလုံအလောက်မရှိဘူးလို့  ငြီးတွားတဲ့သတင်းတက်လာခဲ့တာပါ ။ 

ဒီသတင်းထူးဆန်းလှပါကလားလို့  အထင်ရောက်နေမိခဲ့တာ။
ခုရက်ပိုင်းအတွင်း တရုတ်မှာ  ကိုဗစ်ပြန်လည်ဖြစ်ပွားနေပြီး နေ့စဥ်အလိုက် စံချိန်တင်အများဆုံးဖြစ်လာတယ်လို့  ​သတင်းများကဖော်ပြလာတော့မှပဲ   ချိန်းချက်တွေအတွက်  ဘတ်ဂျက်မခိုင်လို့ စိတ်ပျက်နေတာမှန်း သဘောပေါက်တော့တယ်။

အဲ့ဒီတော့  နှာခေါင်းစီး(Mask)လေးတော့ ပြန်တပ်ထားကြဖို့  အကြံပြုလိုပါတယ် ...

myanmar society  🇲🇲

မြန်မာပြည်သူပြည်သားတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း