နိုင်ငံသားဥပဒေဖျက်သိမ်းရသည့်ရည်ရွယ်က ဘာဖြစ်မလဲ ??
တချို့တွေက NUCCရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းခြင်းရဲ့အတိမ်အနက်ကို နားမလည်ကြဘူး။
အခြေခံဥပဒေ ဖျက်သိမ်းလိုက်လို့ ဘာမှမဖြစ်ပါဘူး။ သင့်ကို အခြေခံဥပဒေ မရှိသည့်နိုင်ငံက လာတာပဲလို့ တခြားနိုင်ငံက ယူဆယုံအပြင်မပိုပါဘူး။
နိုင်ငံသားဥပဒေဖျက်သိမ်းတာကျတော့ အဲ့သည်လိုမဟုတ်ပါဘူး။နိုင်ငံတစ်ခု၏နိုင်ငံသားဥပဒေဆိုတာဟာ ၎င်းနိုင်ငံသားတစ်ဦးချင်းစီ၏အကျိုးစီးပွား၊ပိုင်ဆိုင်မှု၊ကိုယ်ရေးအချက်အလက် ၊ နိုင်ငံသားအဖြစ်အသိအမှတ်ပြုမှု စသည့် နိုင်ငံသားတစ်ဦးချင်းစီ၏ လူနေမှုဘဝတွေနဲ့ဆက်စပ်ပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ ( ၄ ) သန်း ကျော်ရှိပါတယ်။ယခုဆိုရင် အဲ့သည်ထက်တောင် များနေလောက်ပါပြီ။ နိုင်ငံသားဥပဒေဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတော့ ပြည်ပရောက်မြန်မာတွေက မြန်မာနိုင်ငံသားဖြစ်ကြောင်း ဘယ်လိုအထောက်အထားနဲ့ သွားပြမလဲ ??
အဲ့သည်အတွက် မနှစ်နာအောင် အစားထိုးပေးမဲ့အစီအမံလုပ်ထားလားဆိုတော့ သူတို့မှာရှိတာလည်း မဟုတ်ပါဘူး။
နိုင်ငံသားဖြစ်မှုကို မွန်းမံတယ်ဆိုတာပဲ ရှိပါတယ်။နိုင်ငံသားကတ် အဟောင်း - အသစ် လဲပေးတယ် အဲ့ဒါမျိုးပဲ လုပ်လေ့ရှိပါတယ်။နိုင်ငံသားဥပဒေဖျက်သိမ်းမှုအတွက် တစ်စုံတစ်ရာ အစားထိုးလုပ်ပေးနိုင်တဲ့ ဥပဒေသစ် ၊ နိုင်ငံသားကတ် အဟောင်း - အသစ် အစားထိုးပေးမည့်စီမံကိန်းနှင့်အစီအမံမရှိဘဲ နိုင်ငံသားဥပဒေကို ဖျက်သိမ်းတာဟာ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားအဖြစ်က ပယ်ဖျက်လိုက်တဲ့သဘော သက်ရောက်နေပါတယ်။မင်းတို့ပြည်သူတွေ ခွေးဆိုး တောရောက်ပြေးချင်ရာပြေးကြပေတော့ ဆိုတဲ့သဘော သက်ရောက်နေတယ်။
အဲ့သည် NUCC ညီလာခံမှာ CRPH ကိုယ်စားလှယ်တွေနှင့် NUG က နောက်ရက်တွေမှာ ဆက်မတက်ရောက်နိုင်သည့်အတွက် မတက်ရောက်ခဲ့ဘူးဆိုတော့ နိုင်ငံသားဥပဒေ ဖျက်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ထဲမှာ CRPH နှင့် NUGကတော့ မပါတဲ့သဘောမျိုးတော့ သက်ရောက်ပါတယ်။
ဒါပေမဲ့ နောက်ရက်တွေမှာ ဆက်လက်ကျင်းပခဲ့တဲ့ NUCC ညီလာခံတက်ရောက်သူတွေဟာ နိုင်ငံသားဥပဒေဖျက်သိမ်းကြောင်း ကြေညာခြင်းဟာ မျှော်မြင်တွေးခေါ်မှုနည်းပါးသူတွေ၊ကိုယ့်အတ္တတစ်ခုတည်းကြည့်တတ်သူတွေ၊ပြည်သူတွေရဲ့လူနေမှုဘဝ ဘာဖြစ်ဖြစ်ဆိုတဲ့အတွေးမျိုး ရှိသူတွေလို့ သမုတ်ချင်တော့တာပါပဲ။မြန်မာ့နိုင်ငံရေးမှာ အဲ့သည်လို လူတွေပါဝင်နေတာဟာ ပြည်သူတွေအတွက် အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။NUCC အစည်းအဝေးနောက်ဆုံးနေ့မှာ ပါဝင်ခဲ့သူတွေအကုန်လုံးကို တတ်နိုင်သမျှ List လုပ်ထားဖို့တော့ လိုလိမ့်မယ် ထင်တယ်။
ရိုဟင်ဂျာတွေကို ( သို့မဟုတ် ) တချို့သောလူနည်းစုတိုင်းရင်းသားတွေကို နိုင်ငံသားပေးချင်ယုံနဲ့ နိုင်ငံသားဥပဒေဖျက်ဖို့ လိုလားလို့ တွေးစရာ ရှိပါတယ်။ ရိုဟင်ဂျာတွေကို ( သို့မဟုတ် ) တချို့သောလူနည်းစုတိုင်းရင်းသားတွေကို နိုင်ငံသားကတ်ထုတ်ပေးချင်ယုံနဲ့ နိုင်ငံသားဥပဒေက ဖျက်သိမ်းစရာကို မလိုပါဘူး။ ရိုဟင်ဂျာမှ မဟုတ်ဘူး တိုင်းရင်းသား ( ၁၃၅ ) မျိုးထဲက ဘယ်တိုင်းရင်းသားကိုဖြစ်ဖြစ် နိုင်ငံသားပေးချင်ရင် လ.ဝ.က ရုံးက ကြီးကြပ်ပြီး လက်မှတ်ထိုးပေးလိုက်လို့ရပါတယ်။
အဲ့သလိုပဲ လ.ဝ.က ရုံးကအရာရှိတွေ ငွေယူပြီးနိုင်ငံသားကတ်ထုတ်ပေးနေတာမှ အများကြီးရယ်ပါ။သူတို့တက်လာလို့ သူတို့အစိုးရဖြစ်ရင် သူတို့ လိုသလောက် ထုတ်ပေးလို့ရနေနိုင်တာပဲဟာ။
ဒါဆို ဘာကြောင့် နိုင်ငံသားဥပဒေကို အသည်းအသန် ဖျက်ဖို့လိုနေတာလည်း ဆိုတာ စဉ်းစားစရာ ဖြစ်မနေဘူးလား ??
[ တကယ်က သိသိကြီးနဲ့ အဲ့သည်လို လုပ်တာဖြစ်ဖို့ များပါတယ်။အဓိကက CRPH နှင့် NUG ကို လူထုယုံကြည်မှုနည်းအောင် လုပ်တာ။ကံကောင်းသွားတာက CRPH ရော ၊ NUG ရောက လက်မခံနိုင်လို့ မတက်ဘူးဆိုပြီး နောက်ဆုတ်သွားတော့ သူတို့အမှု သူတို့ပြန်ပတ်တာသွားမျိုးဖြစ်ဖို့ များတယ်။မြန်မာ့အချုပ်အခြာအာဏာကို ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်ချင်ပုံ ရတယ်။ကောမန့်မှာ လာရောက်ဆွေးနွေးမှုတွေအားလုံးကို ကျေးဇူးတင်တယ် ~ ❤️❤️ ]
myanmar society 🇲🇲