ဖက်ဒရယ်ဒီမိုကရေစီဟု ဆိုရာဝယ်
ဖက်ဒရယ်ဒီမိုကရေစီဟု ဆိုရာဝယ် ဖက်ဒရယ်သည်"တင်းတောင်း" ဆိုလျှင် ဒီမိုကရေစီဟာ အနားသပ် "အကွတ်"ဖြစ်ပါတယ်။ ထို့ကြောင့် ဖက်ဒရယ်ဟုဆိုလျှင် ဒီမိုကရေစီသည် တွဲလျက်ပါကို ပါရမည့်အရာ ဖြစ်သည်ဟု ဆိုချင်သည်။ ဖက်ဒရယ်ဒီမိုကရေစီဆိုရင် သက်ဆိုင်နယ်မြေအသီးသီး၌ လွပ်လပ်စွာ ခွဲဝေအုပ်ချုပ်ကြတယ်လို့ အကြမ်းအားဖြင့် နားလည်မိကြမှာပါ။ ထူးခြားတာက မြန်မာ့ဖက်ဒရယ်ရေးရာမှာတော့ "အမျိုးသားရေး"ဆိုတဲ့ကိစ္စက အပိုဆောင်းပါနေတယ်လို့ ဆိုရမည် ထင်ပါတယ်။ ဖက်ဒရယ်သည် "အမျိုးသားတန်းတူညီရေး "အား ထိုက်သင့်သလောက် ဖြစ်ထွန်းစေ ဖြစ်ပေါ်စေနိုင်ပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း တန်းတူညီမျှရေးအတွက် မခြုံငုံမိနိုင်ပါဘူး။ အမျိုးသားတန်းတူညီမျှရေးဆိုသော ဝေါဟာရသည် တိုင်းရင်းသားမျိုးနွယ်စုများအား ခိုင်းနှိုင်းခေါ်ဆိုဟန် ရှိပုံရသည်။ သွေးမနှောသော တိုင်းရင်းသားစစ်စစ်သီးသန့်များအား ရည်ရွယ် ဟန်ရှိသော စကားရပ်ဖြစ်ပုံရသည်။ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်အခွင့်အရေးအားဆိုလိုပုံ မရပေ။ ထိုသို့ဆိုလျှင် က...