အမြင်မတော် ဆင်တော်နဲ့ ခလောက်

မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိပ်မက်ကို  သူတို့က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့နှစ်သိမ့်ကြမလို့တဲ့လား။

၈၈ အရေးတော်ပုံအတွက်  ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့  နှစ်သိမ့်ခဲ့တာ ယခုထိမမေ့သေးဘူး။တော်လှန်ရေးအစိုးရကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးချင်တာက မတော်လှန်စေချင်တာလား။ 
DS ရေ ... အဲ့အကွက်လောက်နဲ့ လာမချုပ်နဲ့ ...

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုလည်း တို့မလိုဘူး...
တို့လိုချင်တာ ပြည်လုံးကျွတ်လွပ်လပ်ရေး...

....................................

တော်လှန်ရေးအစိုးရဆိုတာ  လက်နက်ကိုင်ပြီး ရဲရဲတောက် တော်လှန်ရသည့် အမျိုး ... 
[ Risk ယူပြီး အလုပ်လုပ်ရတဲ့အစိုးရမျိုးဗျာ ]

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်က  ဒိုင်ယာလော့လှလှလေးတွေနဲ့  ပဏာစားပွဲတက်ရသည့် အမျိုး ...

တော်လှန်ရေးအစိုးရကို  ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးချင်နေတယ်ဆိုတော့  အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေပြီ ။ 

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အစိုးရနဲ့  ရိုဟင်ဂျာအရေးနဲ့  ထပ်တွေ့ရအုံးမည့်သဘောလား...

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နဲ့  ရိုဟင်ဂျာအရေး  တွေ့ခဲ့တာတောင်  မကြာသေးဘူးဆြာရေ ... 😅

အကွက်ဆန်းတွေ  ထွင်ကြပါကွာ ၊  တစ်ခါလာလည်း  ၂  ကျပ်ကွက်...နှစ်ခါလာလည်း  ၂ ကျပ်ကွက်ပဲ ဖြစ်နေတယ်၊ ကြာတော့ ...ကစားကွက်တွေက ပျင်းဖို့ကောင်းနေပြီ... 😅

တော်သေးပြီ...

myanmar society🇲🇲

{  အမျိုးသားညီညွတ်ရေးအစိုးရအား  နိုဘယ်လ်ဆုမရစေချင်တဲ့ ၊ မယူစေချင်တဲ့ဆန္ဒမျိုးနဲ့ ရေးနေတာ မဟုတ်ကြောင်းပါ ၊ ဖြစ်ပေါ်လာနိုင်တဲ့နိုင်ငံရေးအခြေအနေ ​တစေ့တစောင်း ပြောယုံမျှသာ ဖြစ်ပါတယ် ။

တို့အစိုးရ နိုဘယ်ဆုကြီးလည်းရ  ... 
ကမ္ဘာ့နိုင်ငံတွေကလည်း ဝိုင်းအသိအမှတ်ပြုကြ ...
တော်လှန်ရေးကြီးလည်း အောင်မြင်  ...
ပြည်လုံးကျွတ်လွတ်လွပ်ရေးကြီးလည်း ဆင်နွှဲ ...
ပြည်သူတွေအားလုံး ပြုံးပျော် ... 
ဖရဏာပီတိ ဆီထိဂွမ်းသို့... ဖြစ်ချင်တာပေါ့ဗျာ .. 
မဖြစ်ချင် ဘယ်သူရှိမလဲ ??

တကယ့်အဖြစ်မှန်က - 
တို့အစိုးရကို  ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြုဖို့  လက်တွန့်နေကြဆဲ ... 

ပြည်သူ့အချစ်တော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ယောက်လုံးက အမှုရင်ဆိုင်ကာ အကျဥ်းကျခံနေရဆဲ ... 

ရွာတွေ ၊ မြို့တွေဟာ မီးတွေလောင်မြိုက်နေဆဲ ... 

အပြစ်မဲ့ပြည်သူတွေ သေကြေနေဆဲ ...

စစ်ဘေးရှောင် ကိန်းဂဏာန်းတွေဟာ တိုးပွားနေဆဲ ...

အပြစ်မဲ့နိုင်ငံရေးသမားနှင့်ပြည်သူတွေက  အကျဥ်းထောင်ထဲမှာ ...

တကယ့်အရှိတရားအတွက်  တော်လှန်ရေးအောင်မြင်ခြင်းကသာ အဖြေ ဖြစ်နေတာဟာ  မိမိတို့မပြောလည်း သိနေကြမှာပါ 😞 }

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း