ကမ္ဘာ့ဇာတ်ခုံပေါ်က ပြဇာတ်များ
တွစ်တာကုမ္ပဏီကို အီလွန်မက်စ်ရဲ့လက်ကို လွှဲလိုက်ရလို့ ပျော်တယ်ဆိုပါတယ်။ (ဂျတ်ဒေါ်စေးက ရိုးရိုးပျော်တာတောင် မဟုတ်ဘူး။ အရမ်းပျော်ဆိုပဲ ... အဖြဲခံထားရမှန်း အသိသာကြီး 😅) ဂျိုးဘိုက်ဒန်ရဲ့သား ဟန်တာဘိုက်ဒန်ရဲ့ Hard Disk ထဲက သက်သေတွေ တွစ်တာပေါ်တက်မလာအောင် ပိတ်ပင်ခဲ့တဲ့အပြင် ၎င်းသက်သေတွေအား တင်သူ၊ရှယ်သူတွေကို ဘမ်းလွန်းအားကြီးလွန်းလို့ ရီပက်ဗလစ်ကန် လွှတ်တော်အမတ်တချို့ရဲ့အကောင့်တွေ ကျရတဲ့အထိ ကသုန်းကရုံး နိုင်ခဲ့တာပါ။ အမေရိကန်သမ္မတရဲ့အကောင့်ကို ဖြုတ်ချခဲ့တဲ့အပြင် လွတ်လပ်စွာပြောဆိုခွင့်ကို အမြဲလိုက်ပိတ်ပင်နေလို့ ဝေဖန်မှုတွေ အရမ်းမြင့်တက်နေခဲ့တာပါ ။ ၎င်းနောက်ပိုင်းမှာ ဂျတ်ဒေါ်စေးတစ်ယောက် တွစ်တာ CEO အဖြစ်ကနေ အနားယူပြီး ထင်မှတ်မထားတဲ့ အိန္ဒိယသားတစ်ယောက် CEO အဖြစ် တက်လာခဲ့ပါတယ်။ အခု တွစ်တာကို အီလွန်မက်စ်ရဲ့လက်ထဲ ထိုးပေးလိုက်ရတဲ့အနေအထားထိ ဖြစ်လာတော့တာပါပဲ။ အီလွန်မက်စ်ဟာ ကမ္ဘာကျော် Social Platform တစ်ခုကို ဟာသပြောသလိုလို ဘာလိုလိုနဲ့ ရက်ပိုင်းအတွင်း ရှယ...