ကမ္ဘာ့ဇာတ်ခုံပေါ်က ပြဇာတ်များ


တွစ်တာကုမ္ပဏီကို  အီလွန်မက်စ်ရဲ့လက်ကို  လွှဲလိုက်ရလို့  ပျော်တယ်ဆိုပါတယ်။

(ဂျတ်ဒေါ်စေးက
ရိုးရိုးပျော်တာတောင်  မဟုတ်ဘူး။
အရမ်းပျော်ဆိုပဲ  ... 
အဖြဲခံထားရမှန်း အသိသာကြီး 😅)

ဂျိုးဘိုက်ဒန်ရဲ့သား ဟန်တာဘိုက်ဒန်ရဲ့ Hard Disk ထဲက သက်သေတွေ  တွစ်တာပေါ်တက်မလာအောင်  ပိတ်ပင်ခဲ့တဲ့အပြင်  ၎င်းသက်သေတွေအား တင်သူ၊ရှယ်သူတွေကို ဘမ်းလွန်းအားကြီးလွန်းလို့  ရီပက်ဗလစ်ကန် လွှတ်တော်အမတ်တချို့ရဲ့အကောင့်တွေ ကျရတဲ့အထိ  ကသုန်းကရုံး နိုင်ခဲ့တာပါ။ အမေရိကန်သမ္မတရဲ့အကောင့်ကို ဖြုတ်ချခဲ့တဲ့အပြင်  လွတ်လပ်စွာပြောဆိုခွင့်ကို အမြဲလိုက်ပိတ်ပင်နေလို့  ဝေဖန်မှုတွေ အရမ်းမြင့်တက်နေခဲ့တာပါ ။ 

၎င်းနောက်ပိုင်းမှာ  ဂျတ်ဒေါ်စေးတစ်ယောက်  တွစ်တာ CEO အဖြစ်ကနေ  အနားယူပြီး  ထင်မှတ်မထားတဲ့ အိန္ဒိယသားတစ်ယောက် CEO အဖြစ်  တက်လာခဲ့ပါတယ်။

အခု တွစ်တာကို  အီလွန်မက်စ်ရဲ့လက်ထဲ  ထိုးပေးလိုက်ရတဲ့အနေအထားထိ  ဖြစ်လာတော့တာပါပဲ။

အီလွန်မက်စ်ဟာ ကမ္ဘာကျော်  Social Platform တစ်ခုကို ဟာသပြောသလိုလို  ဘာလိုလိုနဲ့ ရက်ပိုင်းအတွင်း ရှယ်ယာတွေအကုန်ဝယ်သွားနိုင်ခဲ့တာဟာ  နိုင်ငံရေးချုပ်ကိုင်မှုမပါဘဲ  မရပါဘူး။

နိုင်ငံရေးနှင့်စီးပွားရေးဟာ ဆက်စပ်ပါတယ်။
တခါတလေမှာ  နိုင်ငံရေးဟာ စီးပွားရေးအသွင်ဆောင်ပြီးလည်း  လာတတ်ပါတယ်။

အီလွန်မက်စ်လို  ချမ်းသာတဲ့ဘီလီယံနာသူဌေးတွေ ကမ္ဘာပေါ်မှာ  အများကြီးပါ ။ဝယ်ချင်တိုင်း  ဝယ်လို့မရပါဘူး။

ဒီအုပ်စုဟာဖြင့်  ရူးသလိုလိုပေါသလိုလိုနဲ့  ကမ္ဘာကို  Drama ခင်းပြနေတာလို့ပဲ ယူဆပါတယ်။

၎င်းနဲ့ဆက်စပ်ပြီးပြောချင်တာကတော့ -

ကမ္ဘာပေါ်မှာ လူမျိုးစုတချို့ ( သို့မဟုတ် )နိုင်ငံတချို့ဟာ ကမ္ဘာ့ခေါင်းဆောင်တစ်ချို့ကောင်းစားရေးအတွက်  အဖိနှိပ်ခံ ၊ အနှိမ်ခံဘဝနဲ့  ရှင်သန်ပေးနေရတဲ့ဘဝတွေ  ရှိတယ်ဆိုတာ ကောင်းစွာသဘောပေါက် နားလည်ထားဖို့လိုပါတယ်။

၎င်းနိုင်ငံအချို့ထဲမှာ မြန်မာနိုင်ငံပါဝင်ပါတယ်။
၎င်းအချင်းအရာကို ကျော်ဖြတ်ဖို့ဆိုရင် ပညာကို ရှေ့တန်းတင်ပြီး မလျော့သောဇွဲလုံ့လထုတ်ပြီး စည်းလုံးမှုနဲ့ကျော်ဖြတ်မှသာ ဖြစ်နိုင်မှာပါ ။

သမ္မတဂျိုးဘိုက်ဒန်တက်လာပြီးနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံများ၏အင်အား ချိန်ခွင်လျှာညှိခြင်းတွေ အဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေတယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေးလေ့လာနေသူတွေအဖို့  ထင်ထင်ရှားရှား မြင်တွေ့ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။

Global Power Balancing မှာ ကိုယ့်နိုင်ငံဟာ စတေးခံ'အခင်းအကျင်းမျိုး ဖြစ်မနေဖို့ လိုပါတယ်။ဖြစ်နေခဲ့ရင်လည်း ပြင်ဖို့လိုပါတယ်။

ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးကိုက  နင်းကစားချင်စရာကောင်းလောက်တဲ့အနေအထားကို ကိုယ်ကိုတိုင်က အခွင့်အလမ်းကြီးတစ်ရပ်သဖွယ် ဖန်တီးထားသလိုဖြစ်နေခဲ့ရင်  ကမ္ဘာ့နိုင်ငံရေးသမားတွေက နင်းကစားမှာပါပဲ။အဲ့လိုမဖြစ်အောင် ထိန်းသိမ်းရမှာက အစိုးရခေါင်းဆောင်တွေ၊မြန်မာ့နိုင်ငံရေးသမားတွေ နှင့် လက်နက်ကိုင်ထားတဲ့မျိုးနွယ်စုခေါင်းဆောင်တွေမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ 

စတေးခံ' ဖြစ်နေခဲ့ရင်လည်း  လွတ်မြောက်ဖို့အတွက် မြန်မာပြည်သူပြည်သားတွေအနေနဲ့ ညီညွတ်စွာ အတင်းကုန်းထ ၊ ရုန်းကြွဖို့လိုမှာ အမှန်ပါ။

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း