Eric Swalwell နှင့် Christine Fang ဆိုတာ ဘယ်သူတွေလဲ?


ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ခရီးသည်လေယာဥ်တစ်စင်းဟာ(ဘိုးရင်း ၇၃၇-၈၀၀ အမျိုးအစား) အမြင့်ပေ ( ၃ ) သောင်းမှာပျံသန်းရင်း ဇောက်ထိုးပျက်ကျသွားတယ်ဆိုပါတယ် ။ စီးနင်းလိုက်ပါလာသည့် ခရီးသည်  ( ၁၃၂ ) ဦးလုံး သေဆုံးခဲ့ပါတယ်။ ယူနန်(ကူမင်) - ဂွမ်ဇိုးပျံသန်းတဲ့ လေယာဉ်လို့ ဖော်ပြပါရှိပါတယ်။

ကချင်လူမျိုး ( ၇ ) ဦးလည်း ပျက်ကျတဲ့လေယာဥ်ထဲမှာ စီးနင်းလိုက်ပါခဲ့တယ်လို့  သိရပါတယ်။

ထူးခြားတိုက်ဆိုင်တာက အမေရိကန်လွှတ်တော်ကိုယ်စားလှယ် Eric Swalwell ရဲ့ ရီးစားဟောင်း ၊ CCP ကလွှတ်ထားတဲ့ တရုတ်သူလျှို Christine Fang ဟာ ထိုပျက်ကျတဲ့ လေယာဉ်ထဲမှာ ပါသွားတယ်လို့ သူမရဲ့ အလုပ် ကုမ္ပဏီကအတည် ပြုတယ်ဆိုပါတယ်။

Eric Swalwell နှင့် Christine Fang  ဆိုတာ ဘယ်သူတွေလဲ?
********************************

"ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် Eric Swalwell က စိုးရိမ်ဖွယ်ရာ ထောက်လှမ်းရေး တရုတ်စပိုင် နဲ့ အတူအိပ်ခဲ့ သလားဆိုတာကို ရေငုံနှုတ်ပိတ်နေပါတယ်" တဲ့။

🇺🇸 အမေရိကန် နိုင်ငံရေးလောကထဲမှာ အရေးပါအရာရောက်တဲ့ ထိုင်ခုံပေါ် ထိုင်နေကြသူ မြို့နယ်ကောင်စီ အဆင့်လောက်ကနေ အမေရိကန် ကွန်ဂရက် ထဲက လွှတ်တော် အမတ်တွေအထိ သာမက ဒုတိယသမတ Joe Biden နဲ့ သူ့သား Hunter Biden တို့အထိ သာကောနဲ့ မကင်းတဲ့လူတွေ အများကြီးရှိနေကြတယ်ဆိုတာကို Trump ရဲ့ကျေးဇူးကြောင့် သိခဲ့ကြရပါတယ်။

Trump လက်ထက်မရောက်ခင်ကတည်းက ပင်တဂွန် 🇺🇸 စစ်ဌာန၊ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားရေးစတဲ့ နေရာတွေအပြင် အထွေထွေရွေးကောက်ပွဲအထိ သာကောရဲ့ လက်တံတဆုံး ဝင်နေတာ Trump လက်ထက်မှာ မြင်တွေ့ခဲ့ကြရပီ။

နိုင်ငံအသီးသီးမှာ ပြည်တွင်းဆန္ဒပြမှုတွေကနေ အကြမ်းဖက်မှု၊ အဓိ ကရုဏ်းတွေဖြစ်ပေါ်လာမှုတွေရဲ့နောက်ကွယ်မှာလည်း သာကောရဲ့ ထောက်ပံ့မှုတွေကို မြင်တွေ့ခဲ့ရပီ။

Big Tech လို့ခေါ်တဲ့ Twitter, Facebook, Google, Youtube, စတဲ့ online media တွေအပြင် Main Stream Media တွေဖြစ်တဲ့ CNN, ABC, CBS, MSNBC, Washington Post, New York Times, စတဲ့ အဓိကသတင်းမီဒီယာကြီးတွေဟာလည်း သာကောနဲ့ မကင်းကြဘူးဆိုတာ သိခဲ့ကြရပီ။

Chinese Virus ကြောင့် WHO ရဲ့အကြီးအကဲတွေဟာလည်း သာကော ပြောစေချင်တာ ပြောခဲ့ကြတယ်ဆိုတာလည်း ကြားခဲ့ကြရပီ။

UN Human Right Council မှာ သာကောကို အဖွဲ့ဝင်ဖြစ်ဖို့ ထောက်ခံပေးတဲ့ နိုင်ငံပေါင်း တစ်ရာကျော်ရှိနေတာကိုလည်း မြင်တွေ့ခဲ့ရပြီးပီ။

ထွက်ပေါ်လာတဲ့ စိတ်ဝင်စားစရာသတင်းတစ်ခုကတော့ လက်ရှိ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒီမိုကရက်လွှတ်တော်ကိုယ်စားလှယ် Eric Swalwell (အဲရစ် စွာဝဲယ်လ်) ရဲ့ သတင်းဖြစ်ပါတယ်။

🇨🇳တရုတ်နိုင်ငံသူ Christine Fang ဆိုတဲ့ အမျိုးသမီးဟာ ကောလိပ်ကျောင်းသူအဖြစ် California ပြည်နယ် San Francisco - Bay Area ကို 2011 မှာ ရောက်လာခဲ့ပါတယ်။ ကျောင်းသူဘဝနဲ့ နောက်ပိုင်းလေးနှစ်မှာတော့ နိုင်ငံရေးလောကသားတွေဖြစ်တဲ့ မြို့နယ်ကောင်စီဝင်တွေ၊ မြို့တော်ဝန်တွေနဲ့ လုံးထွေးရောနှောလှုပ်ရှားခဲ့ပါတယ်။

Fang ဟာ China's Ministry of State Security (တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဋ္ဌာန ဆိုတာ ထိပ်တန်း ထောက်လှမ်းရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်) ရဲ့အမှုထမ်းတစ်ဦးလို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။ သူမနဲ့ စတင်သိခဲ့တဲ့အချိန်မှာ Swalwell ဟာ Dublin မြို့နယ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်တာဝန်ယူထားချိန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ် ရံပုံငွေအတွက် Fang က အလှုုခံပေးခဲ့ပါတယ်။ ဒီလိုနဲ့ Swalwell ဟာ 2013 မှာ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။

ဒီအချိန်တွင်းမှာပဲ Fang ဟာ တခြားမြို့ နှစ်မြို့က မြို့တော်ဝန်တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေရှိခဲ့တယ်။ တချို့နိုင်ငံရေးဩဇာရှိသူတွေနဲ့ အတူ အိပ်ခဲ့တယ်လို့ FBI ကသိရှိခဲ့ပါတယ်။

FBI က Fang ကိုစောင့်ကြည့်နေချိန် 2015 မှာ Fang ဟာ တရုတ်စပိုင် ဖြစ်ကြောင်း Swalwell ကို သတိပေးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ Swalwell က Fang နဲ့ အဆက်အသွယ်ဖြတ်လိုက်ပါတယ်။ မကြာခင် မှာပဲ Fang လည်း တရုတ်ပြည်ကို ထွက်သွားတယ်လို့သိရပါတယ်။ 

လူသိနည်းတဲ့ ကွန်ဂရက်အဖွဲ့ဝင်တွေ၊ အမှုထမ်းတွေနဲ့ အတူ အိပ်စက်ဖို့ စပိုင်အများအပြားကို တရုတ်အစိုးရက စေလွှတ်ခဲ့တယ်ဆိုတာ အမှန်ပါပဲလို့ အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက Fox News ကို ပြောပြခဲ့ပါတယ်။ 

Trump သမ္မတအဖြစ် အရွေးခံရချိန် 2016 မှာ Swalwell ဟာ အောက်လွှတ်တော် စုံစမ်းထောက်လှမ်းရေးကော်မီတီဝင်တစ်ဦးဖြစ်နေပါပြီ။ သူဟာ Trump ကို ရုရှားနဲ့ပါတ်သက်တယ်ဆိုပြီး လေးနှစ်အတွင်း အကြီးအကျယ် စွပ်စွဲခဲ့သူဖြစ်ပါတယ်။ Trump ဟာ ယူကရိန်းကိစ္စမှာ အာဏာကိုအလွဲသုံးစားလုပ်တယ်ဆိုပြီး impeach လုပ်တဲ့ အထဲမှာလည်း တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပါတယ်။ အဲဒီလေးနှစ်အတွင်းမှာ သူနဲ့ Fang ရဲ့ ဇာတ်လမ်းကိုတော့  ဒီမိုကရက်ခေါင်းဆောင်တွေအားလုံးက မသိချင်ယောင်ဆောင်နေခဲ့ပြီး ဘာပြစ်မှုမှမရှိတဲ့ Trump ကိုသာ စွပ်စွဲမှုမျိုးစုံနဲ့ ဖြုတ်ချဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါကြောင့်  ၂၀၂၂ ခုနှစ် ၊ မတ်လကုန်မှာ သူအပေါ်မဟုတ်တန်းတရားစွပ်စွဲမှုတွေအတွက်  ဟေလာရီကလင်တန်နှင့်အပေါင်းအပါများကို  ဒေါ်နယ်ထရန့်က ပြန်လည်တရားစွဲဆိုခဲ့ပါတယ် 👇
https://www.facebook.com/109138645835163/posts/4972197456195900/

မြန်မာပြည်မှာ သာကောရဲ့ ချုပ်ကိုင်ထားမှုကြီးမားလှပီထင် ပြီး စိတ်ဆင်းရဲနေခဲ့ရတယ်။ 2020 ကျမှ တကမ္ဘာလုံး သာကောရဲ့ လွှမ်းမိုးမှု ခံနေရပါလားဆိုတာ ထင်ထင်ရှားရှား သိလာရလို့ အဆိုးထဲက အကောင်းတစ်ခုအဖြစ် စိတ်သက်သာရာတော့ ရခဲ့ပါတယ်။ 

ပုံနဲ့အတူပါ စာများကိုဖတ်ကြဖို့ တိုက်တွန်းပါတယ်။

Thanks for reading.

Thein Lwin

Swalwell refuses to explain relationship with suspected Chinese spy accused of affairs with mayors


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း