ဇာတ်အိမ်ပြောင်းမလား၊ဇာတ်ရုပ်ပြောင်းမလား??
၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ဝန်းကျင်မှာ တရုတ်ပြည်မကြီးဟာ အရင်စစ်အာဏာရှင်ဟောင်းတွေနဲ့သွားတွေ့ခဲ့တယ်လို့ သတင်းထွက်ခဲ့သလို မြောက်ပိုင်းအဖွဲ့တွေကိုလည်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဖို့ ဖိအားပေးတာတွေ ရှိလာတယ်ဆိုတဲ့သတင်းတွေ ထွက်လာခဲ့ပါတယ်။ ၎င်းသတင်းတွေအရဆိုရင် စစ်ကောင်စီ၏နောက်ထွက်ဇာတ်ကောင်နဲ့ သွားချိတ်ဖို့ တရုတ်ပြည်မကြီးဟာ လမ်းကြိုခင်းချင်နေတာလားဆိုတာလည်း စဥ်းစားစရာတော့ ရှိပါတယ်။ အရင့်အရင် မြန်မာ့အာဏာသိမ်းခံရတာတွေ ပြန်ရှု့မယ်ဆိုရင် ရှေ့ထွက်ဇာတ်ကောင် ၊ နောက်ထွက်ဇာတ်ကောင်တွေနဲ့ စစ်ကောင်စီက အလုပ်ဖြစ်ခဲ့ကြတယ်ပေါ့။ အဲ့သည်တုန်းက ကမ္ဘာ့အခြေအနေ ၊ လက်ရှိကမ္ဘာ့အခြေအနေက သိပ်တော့ မတူလှဘူး။နောက်တစ်ခု ပြည်သူတွေရဲ့နိုင်ငံရေးအသိနှင့် နိုးကြားမှုက အရင်ကထက် ပိုအင်အားကောင်းနေခဲ့တာပါ။ စစ်ကောင်စီခေါင်းဆောင်အပြောင်းအလဲ ဖြစ်တော့မှာလားဆိုပြီးတော့ စဥ်းစားစရာရှိပေမဲ့လို့ ရှေ့ထွက်ဇာတ်ကောင်ရဲ့ဇာတ်ရုပ်က နောက်ထွက်မည့်ဇာတ်ကောင်...