ဇာတ်အိမ်ပြောင်းမလား၊ဇာတ်ရုပ်ပြောင်းမလား??



၂၀၂၃  ခုနှစ်  ဧပြီလ  ၂၀  ရက်နေ့ဝန်းကျင်မှာ  တရုတ်ပြည်မကြီးဟာ အရင်စစ်အာဏာရှင်ဟောင်းတွေနဲ့သွားတွေ့ခဲ့တယ်လို့  သတင်းထွက်ခဲ့သလို   မြောက်ပိုင်းအဖွဲ့တွေကိုလည်း  အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဖို့  ဖိအားပေးတာတွေ ရှိလာတယ်ဆိုတဲ့သတင်းတွေ  ထွက်လာခဲ့ပါတယ်။ 

၎င်းသတင်းတွေအရဆိုရင်  စစ်ကောင်စီ၏နောက်ထွက်ဇာတ်ကောင်နဲ့  သွားချိတ်ဖို့  တရုတ်ပြည်မကြီးဟာ လမ်းကြိုခင်းချင်နေတာလားဆိုတာလည်း  စဥ်းစားစရာတော့  ရှိပါတယ်။

အရင့်အရင်  မြန်မာ့အာဏာသိမ်းခံရတာတွေ  ပြန်ရှု့မယ်ဆိုရင်  ရှေ့ထွက်ဇာတ်ကောင် ၊ နောက်ထွက်ဇာတ်ကောင်တွေနဲ့  စစ်ကောင်စီက အလုပ်ဖြစ်ခဲ့ကြတယ်ပေါ့။ အဲ့သည်တုန်းက  ကမ္ဘာ့အခြေအနေ ၊ လက်ရှိကမ္ဘာ့အခြေအနေက သိပ်တော့ မတူလှဘူး။နောက်တစ်ခု  ပြည်သူတွေရဲ့နိုင်ငံရေးအသိနှင့် နိုးကြားမှုက  အရင်ကထက် ပိုအင်အားကောင်းနေခဲ့တာပါ။

စစ်ကောင်စီခေါင်းဆောင်အပြောင်းအလဲ  ဖြစ်တော့မှာလားဆိုပြီးတော့  စဥ်းစားစရာရှိပေမဲ့လို့  ရှေ့ထွက်ဇာတ်ကောင်ရဲ့ဇာတ်ရုပ်က  နောက်ထွက်မည့်ဇာတ်ကောင်အား  အခြေလှလှထွက်လာနိုင်ဖို့အတွက်  ဇာတ်ကို ဆွဲခေါ်သွားနိုင်တာ  ခုထိတော့ မတွေ့ရသေးပါဘူး။

အကယ်၍များ  လက်ရှိအခြေအနေနဲ့  နောက်ထွက်ဇာတ်ကောင်  ထွက်လာခဲ့သည်ရှိသော် ပထမဇာတ်ကောင်ရဲ့ မပြီးပြတ်သေးတဲ့ဇာတ်ရုပ်ကို  ဆက်လက် က'နေရဖို့သာ  ရှိတယ်လို့ မြင်တယ်။၎င်းအခြေအနေကို  သူတို့လည်း သိကြဟန်ရှိပါတယ်။

အဲ့သည်တော့ ဇာတ်အိမ်ပြောင်းဖို့  ကြံနေသလားဆိုတာလည်း တွေးစရာရှိတယ်။

နောက်တစ်ချက်က  ဒေါ်အောင်ဆန်းစုကြည်ကို  နေပြည်တော်အကျဥ်းထောင်မှာပဲ  ဆက်လက်ထားရှိမယ်ဆိုတဲ့စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ  စစ်ကောင်စီရဲ့မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ရင်တွင်းအပူကို  လှစ်ဟ ပြသရာရောက်တယ်။မြန်မာ့အရေးသာ သူတို့လက်ခုပ်ထဲက ရေလိုဖြစ်နေခဲ့ရင်  ကမ္ဘာ့အမြင်တင့်အောင်  ဒေါ်အောင်ဆန်းစုကြည်ကိုတော့ဖြင့်  နေအိမ်အကျယ်ချုပ်နဲ့  ထားလောက်တယ်လို့  ယူဆဖွယ် ရှိပါတယ်။

myanmar  society 🇲🇲

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်တော်လှန်ရေးအဖွဲ့များဟာလည်း  ၂၀၂၃  ခုနှစ်မှာ ပွဲသိမ်းနိုင်ဖို့  ကြိုးပမ်းချင်နေကြသလို  ထိုနည်းတူစွာပဲ စစ်ကောင်စီကလည်း  ၂၀၂၃  ခုနှစ်မှာ  ပွဲသိမ်းပစ်လိုက်ချင်နေတာ တွေ့ရတယ်။

တရုတ်ပြည်မကြီးကို  ကမ္ဘာ့နိုင်ငံတချို့  ခပ်စိပ်စိပ်လာတွေ့နေသလို   မြန်မာ - အီရန်  လျှို့ဝှက်ဆက်ဆံရေးလည်း  စိပ်နေတယ်။ ကမ္ဘာ့နိုင်ငံရေး  အရေးအကြောင်းလေးတွေနဲ့လည်း  နည်းနည်းလောက်  ချိတ်စဥ်းစားမယ်ဆိုရင်  ကမ္ဘာ့အာဏာရှင်တွေဟာ   အုပ်စုဖွဲ့နေတာ ၊  ခေါင်းချင်းရိုက်ဆွေးနွေးနေတာ သိသာစေတယ်။



Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း