ကမ္ဘာ့အားပြိုင်မှုက ဘယ်ကိုရွေ့နေလဲ ??

ဘိုင်ကြီးနှင့်အဖွဲ့ကို  ဘုရားလိုကိုးကွယ်နေတဲ့ခေါင်းကြီးတွေ  သိနိုင်ဖို့ရာ အာပေါက်မတတ်ပြောပြပေးနေတာဟာ  ကိုယ့်ပြည်သူတွေကို  ချစ်လွန်းလို့။သင်းတို့အပေါ် မေတ္တာတွေ ယိုဖိတ်နေတာတော့  မဟုတ်ဘူး ...

DS နှင့်  ဘိုင်ကြီးတို့ဆိုတာ မကင်းရာ မကင်းကြောင်းတွေရယ်ပါ။လက်ရှိကမ္ဘာ့နိုင်ငံရေးဦးတည်ချက်လားရာက  ဘယ်ကိုသွားနေလည်းဆိုတော့  နောက်ကွယ်ကနေ  ကမ္ဘာ့နိုင်ငံရေးကို ဝင်ရောက်ချယ်လှယ်နေတဲ့ DS ကို ဖြိုချနေတာ။လက်ရှိကမ္ဘာ့နိုင်ငံရေးဟာ ဘာကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်နေရသလဲဆိုရင်  အဲ့ဒါကြောင့်ပဲ။

၎င်းကမ္ဘာ့အရေးအားပြိုင်မှုတွေကြားထဲမှာ  မြန်မာပြည်က မအလ'များဟာ  ကံကောင်းပြီး  ကင်းလွတ်ခွင့်ရနေသလို ဖြစ်နေတာပါပဲ။ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုဖြစ်လို့  အသေးအဖွဲတွေ လှည့်မကြည့်နိုင်အားဘူး  ဖြစ်နေကြပါတယ်။တချို့တွေလည်း ဟိုဖက်ကူးရမလို  သည်ဖက်ကူးရမလိုနဲ့  ကြားလယ်မှာ  ကားကားကြီးတွေ ဖြစ်နေတာ  မြင်နေရပါတယ်။

ဒါဆိုရင် ...
ရေတို၊ရေရှည်  ဘယ်လိုသွားမလဲ ??
ဘယ်ဖက်ကို  ပင်းမလဲ ??
ဘယ်သူနဲ့မိတ်ဖက်  ယူမလဲ ??
ဘယ်သူတွေကတော့ အပြုသဘောဆောင်တဲ့ဆက်ဆံရေးပဲ ဖြစ်သင့်လဲ ??
ဘယ်သူတွေနဲ့  တိုးတိတ်တွေ့ဆုံရမလဲ ??
အနာဂတ်ကို ဘယ်လိုတွက်ချက်ယူမလဲ ??
ရေရှည်အကျိုး၊ရေတိုအကျိုးဖြစ်ထွန်းမှုဟာ
သင့် ပေါ်ပဲ  မူတည်ပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး"အား
ရချင်တယ်ပဲ ဆိုကြပါစို့ ...

နိုင်ငံသစ်ထူထောင်မယ်ဆိုရင်  နိုင်ငံသစ်ထူထောင်နိုင်လောက်တဲ့ဉာဏ်ပညာနှင့်အရည်အချင်းတော့ လိုပါလိမ့်မယ်။

မညာတမ်း၊မညှာတမ်းကိုယ့်ကိုကိုယ်  မေးကြည့်ပါ၊ အဲ့သည်လို ဉာဏ်ပညာနှင့်အရည်အချင်း ကိုယ့်မှာ ရှိလားလို့။

ဟင့်အင်း .. ကိုယ်မှာ အဲ့သည်လို ဉာဏ်ပညာနှင့်အရည်အချင်း ရှိမနေခဲ့ဘူးဆိုရင် ..
အဲ့သည်လို  အရည်အချင်းရှိတဲ့အကြံပေး [Think Tank] တွေ ခန့်ထားပေါ့။

အကြံပေးတွေ [Think  Tank] ခန့်ထားတယ် ၊ အလုပ်မဖြစ်ရင်  အလုပ်ဖြစ်မည့်သူ ရှာပေါ့။ အလုပ်ဖြစ်နေလား/အလုပ်မဖြစ်ဘူးလား၊ရေတိုအကျိုးရှိတာလား/ရေရှည်အကျိုး ရှိတာလားဆိုတာလောက်တော့  ကိုယ်က လူကြီးပဲဟာ  သိနေရမှာပေါ့။ 

ကိုယ်ကိုင်ထားတဲ့အကြံပေးတွေ [Think  Tank ] ဟာ  DS ဖက်ပင်းသလား ၊ DS ကိုတိုက်ဖျက်နေတဲ့အဖွဲ့ဖက်ပင်းနေသလား ၊ လူတစ်စုအခွင့်အရေးအတွက်ပဲ  ဦးတည်အကြံပေးနေခဲ့သလား ၊ မြန်မာပြည်သူအားလုံး၏အကျိုးအား ရှေ့ရှု့အကြံပေးနေသလား၊ ဘနဖူးသိုက်တူးမဲ့ အကြံသမားလားဆိုတာလည်း  သိထားဖို့  လိုမှာပေါ့လေ။

နိုင်ငံခြားကဏ္ဍနဲ့ပက်သက်ပြီးဆက်ဆံရတဲ့အခါမှာလည်း   ဒီလိုလုပ်ပါ့လား ၊  ဟိုလိုလုပ်ပါလားဆိုပြီး  အကြံပေးလာသူတွေ ရှိမှာပဲ။ အကြံပေးလာသူဟာ  DS  နှင့်အဖွဲ့ဖက်ယိမ်းသူလား ၊ DS ကို တိုက်ဖျက်နေတဲ့အဖွဲ့ဖက် ယိမ်းသူလား ဆိုတာ ကိုယ်၌က ခွဲခြမ်းစိပ်ဖြာသိနိုင်ရပါမယ်။သူ့အကြံပေးချက်က  မြန်မာပြည်သူအကျိုးအတွက်  ဘယ်လောက်အကျိုး ရှိနိုင်မလဲ  ကောင်းမွန်စွာ ပိုင်းခြားနိုင်ဖို့လိုပါတယ်။ သူတို့ ပြောတိုင်းလိုက်လုပ်နေတာမျိုး မဖြစ်ရပါဘူး။ မိမိသာလျှင်  ဆုံးဖြတ်ချက်အား အကျိုးရှိ၍  ပိုင်ပိုင်နိုင်နိုင်ချသူဖြစ်ရပါမယ်။
[ မြန်မာပြည်မှာ  ကိုယ့်ကိုကိုယ် DS လက်ကိုင်ဒုတ် ဖြစ်မှန်းမသိ  ဖြစ်နေကြတဲ့သူတွေက  အများကြီးရယ်ပါ ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲမှာလည်း  အဲ့သည်လို DS လက်ကိုင်ဒုတ်ဖြစ်မှန်းမသိ ဖြစ်နေသူတွေကို  မြင်နေရတယ် ]

ကုန်ကျစရိတ်နည်းအောင် ကိုယ်တိုင်ထလုပ်နေခဲ့ရတာပဲ ဖြစ်ဖြစ် ၊ အကြံပေးတွေ [ Think Tank ] ခန့်ပြီးလုပ်နေတာပဲဖြစ်ဖြစ်  ကိုယ်လုပ်တဲ့အလုပ်ဟာ  ရင်းထားရတဲ့အချိန်၊အရင်းအနှီးနဲ့  အချိုးချကြည့်လို့  ထင်သလောက်မဖြစ်ထွန်းရင်  စဥ်းစားဖို့ လိုနေပြီဆိုတာ အလုပ်ကို ဦးစီးနေတဲ့သူက  သိကို သိနေရပါမယ်။ဘာကြောင့်လဲဆိုတာ အဖြေရှာကို ရှာရမယ်၊လိုအပ်ရင် ပြုပြင်ရပါမယ်။အကျိုးဖြစ်ထွန်းမည့် နည်းလမ်းသစ်တွေ ကြံဆလုပ်ကိုင်ရပါမယ်။

နောက်တစ်ခုက  ပြည်လုံးသိမ်းမဟာဗျူဟာလိုမျိုးဟာ  သိရဖို့   မအလ'များဖက်က   သူ့လူကိုယ့်ဖက်သားတွေ  ထည့်ပြီးလောက်ပြီ  မှန်းတယ်။ သတိထားပြီး  လုပ်ကြ၊ကိုင်ကြပေါ့လေ ...
[ သတိပိုရှိဖို့  ပြောယုံပါ ၊  ငပိန်းတွေက ဒါဟာ သွေးခွဲတာပါ  လုပ်နေကြအုံးမလားမသိဘူး😁 ]

မြန်မာပြည်သူတွေကို  အားပေးစကားပြောရရင်တော့  ကမ္ဘာ့နိုင်ငံရေးသဲသဲကွဲဖြစ်သွားသည်အထိ  တောင့်ခံပေးထားနိုင်ရင်  အကျိုးမယုတ်ဘူးပဲ  မြင်ပါတယ်။

ဓာတ်ပုံလေးတွေကိုလည်း   ရှု့စားပေးပါဦး 
ကျေးဇူးတင်ပါတယ် ~~

myanmar  society 🇲🇲


မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ  ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း