နိုင်ငံသားဖြစ်ရေးဥပဒေအား ဖျက်သိမ်းမည်ဟု ဆိုရာဝယ်
လက်ရှိမျက်မှောက်နိုင်ငံရေးမှာ အမေရိကနှင့်ဥရောပမှာ တရားမဝင်ရွေ့ပြောင်းအခြေချလာတဲ့သူတွေဟာ သန်းချီသောပမာဏဖြစ်နေလို့ နယ်စပ်ခြံစည်းရိုးလုံခြုံဖို့အရေးအား သူတို့ပြည်သူတွေက အသံကုန်ဟစ်ပြီး border policy တင်းကြပ်ဖို့ ကုန်းအော်နေချိန် ဖြစ်ပါတယ်။ အမေရိကနှင့်ဥရောပမှာ border policy တင်းကြပ်ပိတ်ပင်ဖို့ ကြိုးစားနေချိန်မှာ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးများက border policy ဖွင့်ဖို့ကြိုးစားနေတာဟာ နည်းနည်းတော့ လွဲနေတယ်လို့ ယူဆမိပါတယ်။ တရားမဝင်ရွေ့ပြောင်းအခြေချသူများဟာ များသော အားဖြင့် နိုင်ငံရေးတည်ငြိမ်တယ်၊ လုပ်စားလို့ကောင်းတယ်၊နိုင်ငံသားဖြစ်နိင်ရေး လွယ်ကူတယ်ဆိုတဲ့အချက်တွေကို အခြေပြုပြီး မည်သည့်နိုင်ငံကို ရွေ့ပြောင်းအခြေချရမည်ကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ရောက်ချင်ရာရောက်၊ပေါက်ချင်ရာပေါက် ဦးတည်ချက်မဲ့ မိမိအခြေပြုနေထိုင်ရာနေရာကို စွန့်ခွာပြီး ဘယ်သူမှ မသွားကြပါဘူး။ ရွေ့ပြောင်းအခြေချနေထိုင်ခြင်းဖြင့် နိုင်ငံရေးကို...