လောကဓာတ်ပညာနှင့်သိပ္ပံ
အနောက်အာရှစွန်း(ဥရောပ)ကကောင်တွေဟာ ရယ်တာတော့ အတော်ရယ်ရတယ်။ ကမ္ဘာပေါ်က ရှိသမျှနည်းနာတွေ အကုန်ပတ်ခိုးပြီး သူတို့နည်းနာဆိုပြီး အမည်ခံထားကြတာ။ပိရမစ်ကြီးတွေတောင် မ'မရလို့ မ'ရရင် သယ်မပြီးယူသွားလောက်ပြီ။
အရှေ့အာရှတိုင်းပြည်တွေကတော့ လောကဓာတ်ပညာလို့ခေါ်ပြီး အဲ့သည်နည်းနာကို ခိုးယူမွေးစားပြီး အနောက်အာရှစွန်းတိုင်းပြည်( ဥရောပ )က သိပ္ပံပညာလို့ ခေါ်ကြပါတယ်။
နာဇီများဟာ ဒုတိယကမ္ဘာစစ်တွင်း ဟစ်တလာကို အောင်နိုင်စေမည့် Spear of Destiny ဟုခေါ်သော အစွမ်းထက်သော ရှေးဟောင်းပစ္စည်းများကို ရှာဖွေရန် အိန္ဒိယနှင့် တိဗက်တို့ထံ သွားရောက်လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ နာဇီတွေ စစ်ရှုံးသွားပုံထောက်တော့ ရှာမတွေ့ခဲ့ကြဘူးထင်တယ် 😁။
လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာကြီးဟာ တစ်ချိန်တုန်းက အုပ်ချုပ်မှုတစ်ခုအောက် ၊ တိုးတက်တဲ့နည်းပညာတစ်ခုအောက်မှာ ရှင်သန်နေထိုင်ခဲ့ကြပုံရတယ်ဆိုပြီး ဥရောပသားများက ယူဆကြပါသတဲ့။အဲ့သည်လို ယူဆတယ်ဆိုကတည်းက အတော်များများ သူတို့ လေ့လာတွေ့ရှိပြီးနေလောက်ရောပေါ့။
ဒါကြောင့် One World , One government , One Rule ကို ပြန်လည် ထူထောင်ဖို့ ယနေ့ခေတ်မှာ သူတို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။အဲ့သည်လို သူတို့အနောက်အတိုင်း အသုံးအနှုန်းနဲ့ပြောလိုက်တော့ တို့အရှေ့အတိုင်းကလူတွေက အဲ့ဒါဘာကြီးလဲဆိုပြီး သို့လောသို့လော ဖြစ်သွားတယ်။
သူတို့ဆိုလိုချင်တာက အရှေ့အတိုင်းအခေါ် ၊ အယူအဆအရ " စင်္ကြာဝတေးမင်း " ကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးသူဌေးကြီးတွေက အမေရိကန်ကို ပြေးခဲ့ကြပြီး နာဇီပညာရှင်တွေကိုတော့ အမေရိကန်က လက်သပ်မွေးစားခဲ့ကြပါတယ်။
• Operation Paperclip •
Operation Paperclip ဟာ ဂျာမန်သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များကို အစိုးရအလုပ်အကိုင်အတွက် အမေရိကန်သို့ ယူဆောင်လာပေးသော လျှို့ဝှက်အမေရိကန်ထောက်လှမ်းရေးပရိုဂရမ်တစ်ခုဖြစ်သည်။ အဆိုပါပရိုဂရမ်သည် ၁၉၄၅ မှ ၁၉၅၉ ခုနှစ်အတွင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Operation Paperclip သည် ဂျာမန်သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင် ၁၆၀၀ ကျော်ကို ယခင်နာဇီဂျာမနီမှ အမေရိကန်သို့ ခေါ်ဆောင်သွားသည့် လျှို့ဝှက်အမေရိကန်ထောက်လှမ်းရေးအစီအစဉ်ဖြစ်ပြီး ဥရောပတွင် ၁၉၄၅ ခုနှစ်မှ ၁၉၅၉ ခုနှစ်အတွင်း အစိုးရအလုပ်ခန့်ရန်အတွက်ဖြစ်ပါတယ်။
ပရိုဂရမ်၏ မူရင်းအမည်မှာ Project Overcast ဖြစ်ပါတယ်။ စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ဇီဝနှင့် ဓာတုပစ္စည်းများအပါအဝင် ဂျာမန်လက်နက်များကို ရှာဖွေထိန်းသိမ်းရန်ဖြစ်သည်။ သို့သော်လည်း အမေရိကန်သိပ္ပံထောက်လှမ်းရေး အရာရှိများသည် ရှာဖွေထိန်းသိမ်းရမိသောလက်နက်များအား ကိုယ်တိုင်နားလည်မှု မရှိတာကြောင့် ပညာရှင်တွေပါ ခေါ်ဆောင်ဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဂျာမန်သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင် ၁၆၀၀ ကျော်ကို ယခင် နာဇီဂျာမနီမှ အမေရိကန်သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းသိပ္ပံပညာရှင်များထဲမှတစ်ဦးဖြစ်သည့် Werher von Braun သည် NASA ၏ Marshall Space Flight Center ၏ ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ သူဟာ အမေရိကန်များကို လကမ္ဘာသို့ တွန်းပို့သည့် Saturn V လွှတ်တင်ရေးယာဉ်၏ ဗိသုကာချုပ်လည်း ဖြစ်ပါတယ်။
myanmar society 🇲🇲