Posts

Showing posts from February, 2024

မိမိအိမ်ခြံဝန်းအတွင်း တပိုင်တနိုင်သီးနှံစိုက်ပျိုးမှုဟာ ဘေးဖြစ်စေသလား??

Image
မိမိ၏ကိုယ်ပိုင်ဝန်းခြံအတွင်းစိုက်ပျိုးသော  တပိုင်တနိုင်သီးနှံစိုက်ပျိုးမှုဟာ  သမားရိုးကျစိုက်ပျိုးနည်းထက်  ကာဗွန်ထုတ်လုပ်မှု ( ၅ ) ဆပိုများသည်ဟု  သုတေသီများက  ဆိုပါတယ်။ ထို့ကြောင့် တပိုင်တနိုင်စိုက်ပျိုးမှုဟာ  ကာဗွန်ဒိုင်အောက်ဆိုက် (CO₂) ပိုမိုထုတ်လုပ်နေမှုအတွက်  တာဝန်ယူတာဝန်ခံမှုရှိရန်လိုဟု  လေ့လာသူများကဆိုပါတယ်။၎င်းသည်ကား သူတို့အပြောဖြစ်သည်။[ ပုံတွင်  ရှုပါ ] သဘောတရားက  မင်းတို့ဖာသာစိုက်မစားကြနဲ့ ၊ ငါတို့  ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့သီးနှံနှင့်အသားတုပဲ စားကြဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ပညာရှင်တွေပြောတဲ့စကားဆိုတိုင်း  မယုံကြည်အပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့  ယနေ့ခေတ်မှာ ကမ္ဘာလုံးအတိုင်းအတာနဲ့  အဲ့သည် သုတေသီတို့ ၊ ပညာရှင်တို့ ၊ ကမ္ဘာ့နိုင်ငံရေးသမားတို့ဆိုတာ  ငွေဝယ်ကျွန်တွေ ဖြစ်နေကြလို့ပါပဲ။ ကဲ .. ပြောကြပါဦးဗျာ ။  မိမိတို့ပြောတာက  လွန်သလား ။ WEF ရဲ့အစေအပါး  Climate Change ဆရာကြီးတွေ  ပြောတာက လွန်သလားဆိုတာ။  ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ကို  ပျက်စီးစေတဲ့နျူးကလီးယားတွေ ၊ ဗုံးတွေ ၊ ဒိုင်းနက်...

မြိုင်မြိုင်ဆိုင်ဆိုင် ICJ ဝယ်

Image
ကမ္ဘာ့ကြိုးကိုင်တွေ( Deep State )ရဲ့ပစ်ခွင်းလိုက်တဲ့မြှားဟာ သူတို့ဆီပြန်လာ ထိမှန်တဲ့ဖြစ်ရပ်မျိုးလို့  တင်စားချင်တော့တာပဲ။ အစ္စရေးနိုင်ငံပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ယာယီအစီအမံများ လိုအပ်ကြောင်း နိုင်ငံတကာတရားရုံးမှ တရားသူကြီး ၁၇ ဦးအနက် ၁၅ ဦးက ကောက်ချက်ချလိုက်ပါတယ်။ မြန်မာ၏ ICJ  အရေးနောက်မှာ  အစ္စရေး၏ ICJ အရေး ကပ်လိုက်လာတာဟာ  တိုက်ဆိုင်မှုတော့  မဟုတ်တန်ရာဘူး။အစ္စရေး၏ ICJ အရေးကို လျော့ပေါ့စစ်ဆေးကြားနာခဲ့ရင်  မြန်မာဟာ  အလိုလျောက်လွတ်သွားနိုင်ခြေတောင်  ရှိတယ်(သို့မဟုတ်)လူမျိုးရေးသန့်စင်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ပြစ်ချက်လောက်နဲ့  ပြီးသွားနိုင်ခြေ ရှိပါတယ်။အကယ်၍ မြန်မာ၏ ICJ  အရေးကို  ကမ္ဘာ့ကြိုးကိုင်တွေ တင်းယူလိုက်ရင်  သူတို့ရဲ့အချစ်တော်အစ္စရေး၏ ICJ အရေး အခက်တွေ့သွားနိုင်တယ်။ အစ္စရေး၏ လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲခံရသည့်  အခင်းအကျင်းအနေအထားနှင့် မြန်မာ၏လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲခံရသည့်အခင်းအကျင်းအနေအထားများအား  နှိုင်းယှဉ်ကြည့်ရင်  ဘယ်နိုင်ငံ၏ ကျူးလွန်မှုက  ပိုပြစ်မှုမြောက်ပြီး  ဘယ်နိုင်ငံ၏ကျ...

တို့တွေ တသားတည်းဖြစ်ဖို့လိုပြီ

တရုတ်ဗဟိုအစိုးရဟာ  မြန်မာ့ပြည်သူများ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပါမယ် ၊ မြန်မာပြည်သူများနဲ့  "ဆွေမျိုးပေါက်ဖော်" ဆက်ဆံရေးကို  ထိန်းသိမ်းထားပါမယ်၊ ပြည်သူ့ဆက်ဆံရေးကဏ္ဍအား မထိခိုက်အောင်နေထိုင်ပါမယ်လို့  ပြောနေစေကာမူ  လက်တွေ့နိုင်ငံရေးမှာ  ၎င်းဟာ ပျားရည်သကာဖုံးအုပ်ထားတဲ့စကားသက်သက်ဖြစ်နေသေးတာကို  တွေ့ရပါတယ်။ "ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး" ဝေါဟာရအား အဓိပ္ပာယ်ဖွင့်ဆို၊အနက်ကောက်ယူမှုသည်  ပြည်သူကိုဦးတည်သော နိုင်ငံရေး၊လူမှုဆက်ဆံရေးသာ  ဖြစ်သင့်လှသည်။ တောင်တန်းဒေသများက  နိုင်ငံရေးအဖွဲ့အစည်းတွေ၊လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ   တရုတ်ဗဟိုအစိုးရက  "ထိုင်ဆိုရင်ထိုင်၊ထဆိုရင်ထ"  ဖြစ်နေရတဲ့အနေအထားတစ်ခုကို  တောင်တန်းဒေသများက ပြည်သူတွေက  စိတ်နှလုံးမချမ်းမြေ့ကြသလို  မြေပြန့်ဒေသများက ပြည်သူတွေကလည်း မကြိုက်ကြပါဘူး။အခြားတစ်ဖက်မှာ  မြေပြန့်ဒေသများက  နိုင်ငံရေးခေါင်းဆောင်များ၊လက်နက်ကိုင်အဖွဲ့အစည်းများဟာလည်း  တရုတ်ဗဟိုအစိုးရကို  မလွန်ဆန်နိုင်ဖြစ်နေရတဲ့အနေအထားကို  မြေပြန့်ဒေသများက ပြည်သူတွေက  စိတ်နှ...