တို့တွေ တသားတည်းဖြစ်ဖို့လိုပြီ
တရုတ်ဗဟိုအစိုးရဟာ မြန်မာ့ပြည်သူများ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပါမယ် ၊ မြန်မာပြည်သူများနဲ့ "ဆွေမျိုးပေါက်ဖော်" ဆက်ဆံရေးကို ထိန်းသိမ်းထားပါမယ်၊ ပြည်သူ့ဆက်ဆံရေးကဏ္ဍအား မထိခိုက်အောင်နေထိုင်ပါမယ်လို့ ပြောနေစေကာမူ လက်တွေ့နိုင်ငံရေးမှာ ၎င်းဟာ ပျားရည်သကာဖုံးအုပ်ထားတဲ့စကားသက်သက်ဖြစ်နေသေးတာကို တွေ့ရပါတယ်။
"ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး" ဝေါဟာရအား အဓိပ္ပာယ်ဖွင့်ဆို၊အနက်ကောက်ယူမှုသည် ပြည်သူကိုဦးတည်သော နိုင်ငံရေး၊လူမှုဆက်ဆံရေးသာ ဖြစ်သင့်လှသည်။
တောင်တန်းဒေသများက နိုင်ငံရေးအဖွဲ့အစည်းတွေ၊လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တရုတ်ဗဟိုအစိုးရက "ထိုင်ဆိုရင်ထိုင်၊ထဆိုရင်ထ" ဖြစ်နေရတဲ့အနေအထားတစ်ခုကို တောင်တန်းဒေသများက ပြည်သူတွေက စိတ်နှလုံးမချမ်းမြေ့ကြသလို မြေပြန့်ဒေသများက ပြည်သူတွေကလည်း မကြိုက်ကြပါဘူး။အခြားတစ်ဖက်မှာ မြေပြန့်ဒေသများက နိုင်ငံရေးခေါင်းဆောင်များ၊လက်နက်ကိုင်အဖွဲ့အစည်းများဟာလည်း တရုတ်ဗဟိုအစိုးရကို မလွန်ဆန်နိုင်ဖြစ်နေရတဲ့အနေအထားကို မြေပြန့်ဒေသများက ပြည်သူတွေက စိတ်နှလုံးမချမ်းမြေ့ကြသလို တောင်တန်းဒေသများက ပြည်သူတွေကလည်း မကြိုက်ကြပါဘူး။
[ သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းပြောခဲ့တဲ့ "ကျနော်တို့ဟာ တရုတ်ကို ကြောက်ရပါတယ်"ဆိုတဲ့စကားကို မြေပြန့်ကပြည်သူတွေဟာ ခါးခါးသီးသီး ရှိကြပါတယ် ]
သင့်အနေနဲ့ လက်ခံချင်သည်ဖြစ်စေ ၊ လက်မခံချင်သည်ဖြစ်စေ ၎င်းအနေအထားဖြစ်ပျက်နေမှုဟာ အမှန်တရားဖြစ်ပါတယ်။
အဲ့သည်လို ဖြစ်နေရတဲ့အကြောင်းအရင်းဇစ်မြစ်ကို စဉ်းစားကြည့်တဲ့အခါ တိုင်းရင်းသားမျိုးနွယ်စုညီအကိုတွေကြားမှာ အချင်းချင်းမတည့်ကြတာ ၊ သွေးမစည်းကြတာ ၊ မညီညွတ်ကြတာ ၊ တသားတည်းမရှိကြတာကြောင့်ဖြစ်ပါတယ်။ အဲ့သည်လို မျိုးနွယ်စုတိုင်းရင်းသားညီအကိုတွေကြား သွေးမစည်းနိုင်အောင်လည်း အဓိကကျသောအရွ့အပြောင်းဖြစ်မည့်နိုင်ငံရေးသော့ချက်လေးတွေကို တေ့လွဲ လွဲအောင် လုပ်ထားခြင်းခံနေရလို့ ဖြစ်ပါတယ်။
အဲ့သည်လိုဖြစ်အောင်လည်း မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးခင်ကတည်းက Deep State ဟာ သူ့ရဲ့လက်ကိုင်ဒုတ်အစိုးရ ( မြန်မာ့စစ်ခေါင်းဆောင်များ ) ကို မွေးမြူတင်မြှောက်ပြီး မြေပြန့်နှင့်တောင်တန်းဒေသကို မတည့်အောင် သွေးခွဲခဲ့တာ ဖြစ်ပါတယ် ၊ မျိုးနွယ်စုတိုင်းရင်းသားညီအကိုတွေကြားမှာ မညီညွတ်အောင် သွေးခွဲထားတာ ဖြစ်ပါတယ်။
Deep State ဖန်တီးထားသော အဲ့သည်လိုအခြေအနေ ၊အနေအထားကို မီးစတဖက်၊ရေမှုတ်ဖက်ပေါ်လစီကိုင်စွဲပြီး ရေရှည်တည်တန့်အောင်ထိန်းသိမ်းထားနိုင်ဖို့အရေးအား တရုတ်ဗဟိုအစိုးရက တာဝန်ယူထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
မြေပြန့်ဒေသများမှခေါင်းဆောင်များနဲ့ မတည့်တဲ့တောင်တန်းဒေသများ၏ခေါင်းဆောင်များဟာ တခြားအားကိုးအားထားရာရှာရင်း တရုတ်ဗဟိုအစိုးရနဲ့ တည့်အောင်နေရင်းက အစေအပါးသဖွယ်ဖြစ်လာရသလို အခြားတဖက်မှာ မြေပြန့်ခေါင်းဆောင်တွေဟာလည်း တောင်တန်းဒေသတိုင်းရင်းသားညီအကိုတွေအား တရုတ်ဗဟိုအစိုးရက မြန်မာ့နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ကြိုးကိုင်ကစားမှာ စိုးရွံ့တဲ့အတွက် တရုတ်ဗဟိုအစိုးရ၏သဘောထားဆိုရင် လွန်ဆန်နိုင်လေ့မရှိကြဘဲ ပြည်သူ့အကျိုးနစ်နာမည့်စီမံကိန်းကြီးတွေနဲ့ အလဲအထပ်လုပ်ပေးကာ လိုက်လျောရလေ့ရှိပါတယ်။အဲ့သည်လိုအနေအထားကနေ ရွေ့လျားလာလိုက်တာ တရုတ်ဗဟိုအစိုးရက " ဟိတ်ဆို..ဟိတ် ၊ တိတ်ဆို..တိတ်" အနေအထားကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
တို့မျိုးနွယ်စုတိုင်းရင်းသားညီအကိုတွေဟာ အဲ့သည်လိုအနေအထားကြီးကို အဆုံးသတ်နိုင်ဖို့ ကြိုးစားချိန်တန်နေပါပြီ။
လက်ရှိကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ အခင်းအကျင်းမှာ တရုတ်ဗဟိုအစိုးရဟာ ယနေ့အချိန်ထိ Deep State ရဲ့လက်ကိုင်ဒုတ်အဖြစ် ရှိနေသေးလား / မရှိတော့ဘူးလားဆိုတာ ဝေခွဲရခက်နေပါသေးတယ်။စောင့်ကြည့်လေ့လာရအုံးမည့်အနေအထားပါ ...
myanmar society 🇲🇲