မြိုင်မြိုင်ဆိုင်ဆိုင် ICJ ဝယ်
ကမ္ဘာ့ကြိုးကိုင်တွေ( Deep State )ရဲ့ပစ်ခွင်းလိုက်တဲ့မြှားဟာ သူတို့ဆီပြန်လာ ထိမှန်တဲ့ဖြစ်ရပ်မျိုးလို့ တင်စားချင်တော့တာပဲ။
အစ္စရေးနိုင်ငံပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ယာယီအစီအမံများ လိုအပ်ကြောင်း နိုင်ငံတကာတရားရုံးမှ တရားသူကြီး ၁၇ ဦးအနက် ၁၅ ဦးက ကောက်ချက်ချလိုက်ပါတယ်။
မြန်မာ၏ ICJ အရေးနောက်မှာ အစ္စရေး၏ ICJ အရေး ကပ်လိုက်လာတာဟာ တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာဘူး။အစ္စရေး၏ ICJ အရေးကို လျော့ပေါ့စစ်ဆေးကြားနာခဲ့ရင် မြန်မာဟာ အလိုလျောက်လွတ်သွားနိုင်ခြေတောင် ရှိတယ်(သို့မဟုတ်)လူမျိုးရေးသန့်စင်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ပြစ်ချက်လောက်နဲ့ ပြီးသွားနိုင်ခြေ ရှိပါတယ်။အကယ်၍ မြန်မာ၏ ICJ အရေးကို ကမ္ဘာ့ကြိုးကိုင်တွေ တင်းယူလိုက်ရင် သူတို့ရဲ့အချစ်တော်အစ္စရေး၏ ICJ အရေး အခက်တွေ့သွားနိုင်တယ်။
အစ္စရေး၏ လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲခံရသည့် အခင်းအကျင်းအနေအထားနှင့် မြန်မာ၏လူမျိုးသုဉ်းသတ်ဖြတ်မှုစွပ်စွဲခံရသည့်အခင်းအကျင်းအနေအထားများအား နှိုင်းယှဉ်ကြည့်ရင် ဘယ်နိုင်ငံ၏ ကျူးလွန်မှုက ပိုပြစ်မှုမြောက်ပြီး ဘယ်နိုင်ငံ၏ကျူးလွန်မှုက သက်သေထင်ရှားရှိသလဲဆိုတာ ယှဉ်ကြည့်ရင်သိသာပါတယ်။
အမှုအသွားအလာအနေအထားများ၏ဖြစ်ရပ်ခြင်းက ဆင်ဆင်တူပါတယ်။ကွဲပြားခြားနားတာက မြန်မာက ကိုယ့်ပိုင်နက်အချုပ်အခြာအတွင်း၌ ဖြစ်ပွားခြင်းဖြစ်ပြီး အစ္စရေးကတော့ သူများ၏ပိုင်နက်အချုပ်အခြာအတွင်း၌ ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ကျူးလွန်တဲ့ Degree အနေအထားမှာလည်း ကွာခြားမှုများစွာ ရှိပါတယ်။
နွေဦးတော်လှန်ရေးပြီးသွားခဲ့ရင်တောင် အဲ့သည် ICJ အရေးကိစ္စက ပြီးနိုင်အုံးမယ် မထင်မိဘူး။ NUG အစိုးရအနေနဲ့ မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး ဆက်လက်တရားရင်ဆိုင်ရနိုင်ခြေတောင် ရှိပါတယ်။
ထို့အတွက်ကြောင့် နိုင်ငံ၏ပုံရိပ်နဲ့သက်ဆိုင်တဲ့အမှုကိစ္စမှာ စကားကိုအလွယ်ပြောတာမျိုး ရှောင်ရှားရမှာဖြစ်ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့အခင်းအကျင်းအနေအထားကို နိုင်ငံတကာက ပြည်တွင်းစစ်နှင့်စစ်ရာဇဝတ်မှုလို့ပဲ သတ်မှတ်တာကြောင့် စစ်ကောင်စီကို လာဖမ်းအပြစ်ပေးမည့်သဘောမှာ မရှိပါဘူး။ အကြမ်းဖက်စစ်ကောင်စီကို မြန်မာပြည်သူပြည်သားတွေကိုယ်တိုင် လက်ရဖမ်းပြီး ပြည်သူ့တရားခုံရုံးတင်ပြီး စစ်ဆေးကြားနာ အပြစ်ပေးရမည့် သဘောတရားမှာပဲ ရှိပါတယ်။
ပြည်တွင်းမှာ ပဋိပက္ခဖြစ်နေတဲ့ကိစ္စရပ်မျိုးကို နိုင်ငံတစ်ခု၏ပြည်တွင်းရေးဟု နိုင်ငံတကာက သတ်မှတ်ထားတာကြောင့် စစ်ကောင်စီ'ကို ဘယ်သူကမှ လာဖမ်းပေးမဲ့အနေအထားမရှိပါဘူး။ ခုလောက်ဆိုရင် ဘယ်သူကမှ စစ်ကောင်စီကို လာဖမ်းပေးမည်မဟုတ်ကြောင်း စောကြောမိလောက်ကြပါပြီ။
ယနေ့အချိန်ထိ ကိုယ်ထူကိုယ်ထ တောင့်ခံ၊သည်းခံ၊ရုန်းကန်ခဲ့ကြလို့သာ နွေဦးတော်လှန်ရေးဟာ အနေအထားတစ်ခုထိ တက်လှမ်းလာနိုင်တာလည်း ဖြစ်ပါတယ်။
[ နိုင်ငံရေးသဘောတရားကို ဝေဖန်ပေးခြင်းမျှသာ ဖြစ်ပါတယ် ၊ အကြမ်းဖက်စစ်ကောင်စီကို အမှုပေါ့စေလိုတဲ့ဆန္ဒတစ်စုံတရာမပါရှိပါဘူး ]
myanmar society 🇲🇲
လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်သည်ဟုစွပ်စွဲခံထားရသည့်ဖြစ်စဉ်နှစ်ခုကို မြင်သာတဲ့အပိုင်းအား နှိုင်းယှဉ်ကြည့်ရရင် -
မြန်မာမှာက ARSA က နယ်စပ်စခန်းတွေတိုက်လို့ စတာ ၊ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်အတွင်းမှာ ရွာတွေကိုမီးရှို့ခဲ့တယ် ၊ လူတွေသိန်းချီ ဘင်္ဂလားဒက်ရှ်ဖက် ပြေးခဲ့ရတယ် ၊ နောက်တစ်ခုက အင်းဒင်မှာ ရုပ်ကြွင်းသက်သေ ၁၀ ဦး နှင့်ဂူတာပြင်မှာ သတ်ဖြတ်ခဲ့တဲ့ရုပ်အလောင်းရာချီအား နေရာခွဲပြီးမြှုပ်နှံခဲ့သည်ဆိုသော စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့တာမျိုးတော့ ရှိတယ်။ တခြားသောစွပ်စွဲပြောဆိုချက်တွေကတော့ အမှန်တကယ်ဖြစ်ပျက်ခဲ့ရင်တောင် အလီဘိုင်ပြဖို့ခက်ခဲပါတယ်။မြန်မာမှာက ကိုယ့်ပိုင်နက်အချုပ်အခြာတွင်း ဖြစ်ပွားခြင်း ဖြစ်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးသွားခဲ့ရသည့် ဘင်္ဂလီ/ရိုက တရားမဝင်ရွေ့ပြောင်း အခြေချသူတွေလို ဖြစ်နေခဲ့တာတကြောင်း ၊ တချို့တွေကတော့ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေလည်း ပါနိုင်ပါတယ်။ယခုနောက်ပိုင်း ဘင်္ဂလားဒက်ရှ်က ကုတူပါလောင်ဒုက္ခသည်စခန်းမှာ ARSA နှင့် RSO ကြားက တိုက်ပွဲတွေ ၊ ၎င်းလက်နက်ကိုင်နှစ်ဖွဲ့ရဲ့ အရပ်သားများအား သတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်မှု၊ပြန်ပေးဆွဲမှု ၊ စခန်းတွင်းမီးရှို့မှုတွေ၊ လက်နက်နှင့်ဘိန်းမှောင်ခိုကူးမှု ၊ လူကုန်ကူးတာတွေကစလို့ ရိုဟင်ဂျာလူထုခေါင်းဆောင် မူဟစ်အူလာ သတ်ဖြတ်ခံခဲ့ရတာတွေထိဆိုရင် အခြေအနေက သုံးသပ်ဖို့ အတော်လုံလောက်တယ်။
အစ္စရေးမှာကလည်း ဟားမက်စ်က နယ်စပ်စခန်းစတိုက်ရာကနေ စဖြစ်တယ် ။ အစ္စရေးက တန်ပြန်ထိုးစစ်မှာ ဟားမက်ပစ်မှတ်ဆိုပြီး အရပ်သားအဆောက်အဦး ၊ ဘာသာရေးအဆောက်အဦး ၊ ကုလသမဂ္ဂရုံး ၊ သတင်းဌာနာရုံး ၊ ဆေးရုံမချန် တွယ်ခဲ့တာ ။ အရပ်သားသေကြေမှုကတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဓာတ်ပုံသက်သေ ၊ ဗီဒီယိုသက်သေ ၊ လူသက်သေ ၊ပစ္စည်းသက်သေတွေကတော့ မြန်မာထက် အစ္စရေးကျူးလွန်မှုမှာ ပိုပြည့်စုံတယ်။ အစ္စရေးရဲ့တန်ပြန်ထိုးစစ်ကြောင့် နေအိမ်စွန့်ခွာပြေးတဲ့ လူဦးရေကလည်း သန်းချီရှိခဲ့တာပဲ။အရပ်သား ၂၆၀၀၀ ကျော် သေဆုံးသွားပြီလို့ နောက်ဆုံးလေ့လာချက်မှတ်တမ်းတွေက ဆိုပါတယ်။အစ္စရေးကတော့ သူများပိုင်နက်မှာ ဖြစ်ပွားခဲ့တာ။အဲ့သည်လိုတော့ ကွဲပြားမှု ရှိပါတယ်။