မိမိအိမ်ခြံဝန်းအတွင်း တပိုင်တနိုင်သီးနှံစိုက်ပျိုးမှုဟာ ဘေးဖြစ်စေသလား??
မိမိ၏ကိုယ်ပိုင်ဝန်းခြံအတွင်းစိုက်ပျိုးသော တပိုင်တနိုင်သီးနှံစိုက်ပျိုးမှုဟာ သမားရိုးကျစိုက်ပျိုးနည်းထက် ကာဗွန်ထုတ်လုပ်မှု ( ၅ ) ဆပိုများသည်ဟု သုတေသီများက ဆိုပါတယ်။ ထို့ကြောင့် တပိုင်တနိုင်စိုက်ပျိုးမှုဟာ ကာဗွန်ဒိုင်အောက်ဆိုက် (CO₂) ပိုမိုထုတ်လုပ်နေမှုအတွက် တာဝန်ယူတာဝန်ခံမှုရှိရန်လိုဟု လေ့လာသူများကဆိုပါတယ်။၎င်းသည်ကား သူတို့အပြောဖြစ်သည်။[ ပုံတွင် ရှုပါ ]
သဘောတရားက မင်းတို့ဖာသာစိုက်မစားကြနဲ့ ၊ ငါတို့ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့သီးနှံနှင့်အသားတုပဲ စားကြဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ပညာရှင်တွေပြောတဲ့စကားဆိုတိုင်း မယုံကြည်အပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ ကမ္ဘာလုံးအတိုင်းအတာနဲ့ အဲ့သည် သုတေသီတို့ ၊ ပညာရှင်တို့ ၊ ကမ္ဘာ့နိုင်ငံရေးသမားတို့ဆိုတာ ငွေဝယ်ကျွန်တွေ ဖြစ်နေကြလို့ပါပဲ။
ကဲ .. ပြောကြပါဦးဗျာ ။ မိမိတို့ပြောတာက လွန်သလား ။ WEF ရဲ့အစေအပါး Climate Change ဆရာကြီးတွေ ပြောတာက လွန်သလားဆိုတာ။
ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့နျူးကလီးယားတွေ ၊ ဗုံးတွေ ၊ ဒိုင်းနက်မိုက်တွေ ၊ ကောင်းထဲကို ဓာတုပစ္စည်းပက်ဖြန်းပြီး မိုးတုရွာခိုင်းခြင်းတွေ ၊ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊မြေသြဇာတွေနှင့်မီးခိုးတွေလှိုင်လှိုင်ထွက်နေတဲ့စက်ရုံကြီးတွေကိုတော့ သူတို့မပြောကြဘဲ ဘာမဟုတ်တဲ့ မိမိဝန်းခြံအတွင်း တပိုင်တနိုင်စိုက်ပျိုးရေး (Home Garden )ကို ပြဿနာ ရှာရသလဲဆိုတာ နည်းနည်းလောက်စဉ်းစားကြည့်ယုံနဲ့ သိနိုင်ပါတယ်။
ဘာကြောင့် မိမိဝန်းခြံအတွင်းမှာ တပိုင်တနိုင်စိုက်ပျိုးမှုကို အစားအသောက်ထုတ်လုပ်သောကုမ္ပဏီကြီးများက ဖယ်ရှားချင်ရသလဲဆိုရင် သူတို့စီးပွားရေးကို ထိခိုက်လို့ပဲ။အဲ့သည်လိုတပိုင်တနိင် စိုက်ပျိုးစားခြင်းဟာ သူတို့ရဲ့စီးပွားရေးကို ထိခိုက်နေလို့ပါပဲ။နောက်တစ်ခုက သီးနှံ၊သားငါး အစစ်စားဖူးသူဟာ သီးနှံတု၊အသားတုကို ငြင်းပယ်လာကြမည့်အရေးကို သူတို့က ကြိုကာချင်လို့ပဲ။ အစစ်စားဖူးသူဟာ အတုကို ဘယ်တော့မှ ခုံမင်စွာ စားနေလိမ့်မယ် မဟုတ်ပါဘူး။အစစ်တခါမှ မစားဖူးသူများသာ အတုကိုပဲ အစစ်သကဲ့သို့ထင်ပြီးစားသုံးကြမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်ခြံဝန်းအတွင်း တပိုင်တနိုင် သီးနှံစိုက်ပျိုးစားသုံးခြင်းဟာ ပိုးသတ်ဆေးကင်းဝေးပြီး ပိုပြီးတောင် ကျန်းမာရေးနဲ့ညီညွတ်ပါသေးတယ်။သီးနှံပင်များအား တပိုင်တနိုင်စိုက်ပျိုးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်ပါမယ်၊နေရောင်ခြည်ဓာတ်ပိုရနိုင်သလို၊မြေကြီးနဲ့ထိတွေ့ဖြစ်တဲ့သင့်အတွက် မြေဓာတ်ပိုမိုရရှိတာဖြစ်တာကြောင့် သင့်ရဲ့ကျန်းမာရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်စေပါတယ်။သီးနှံပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကြတာဖြစ်လို့ တော်ယုံအနံ့အသက်မကောင်းတဲ့လေထုကို ချေဖျက်နိုင်တာ ဖြစ်ပါတယ်။ သီးပင်စားပင်များအား စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်ကို စိမ်းစိုစေပါတယ်။ စိမ်းစိုတဲ့ပတ်ဝန်းကျင်များ မိမိဝန်းကျင်တွင်ရှိနေခြင်းဟာ ကျွန်ုပ်တို့၏ မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ တစ်အိမ်ကို သီးနှံပင်တစ်ပင်စိုက်ပျိုးခဲ့ရင်တောင် အိမ်ခြေ( ၅ )သိန်း မှာ စိုက်ပျိုးခဲ့ရင် သီးနှံပင် ( ၅ )သိန်း ရှိမှာဖြစ်ပါတယ်။အိမ်သုံးစရိတ်လည်း ကာမိသလို နိုင်ငံ၏ဘဏ္ဍာရေးကို ချွေတာပေးရာလည်းရောက်ပါတယ်။
ယခုဆိုရင် WEF နဲ့ဆက်စပ်သည်ဟု ယူဆရသော Climate Change ဆရာကြီးတွေဟာ ဧရာဝတီသတင်းဌာနပေါ် ရောက်လာတာကို တွေ့ရပါတယ်။WEF နဲ့ဆက်စပ်တဲ့ Climate Change ဆရာကြီးတွေနောက်မှာ Global Agenda ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအစီအမံတွေလည်း ကပ်ပါလာမှာ မလွဲဖြစ်ပါတယ်။ ဒဲ့ပြောရရင် မြန်မာ့နိုင်ငံရေးကို ချယ်လှယ်ဖို့ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ထဲသွတ်သွင်းမည့်စနက်တွေ သူတို့ယူလာကြမှာ မလွဲဖြစ်ပါတယ်။ထိုနည်းတူပဲ ဧရာဝတီသတင်းဌာနဟာ တို့ပြည်သူတွေ သတိထားစောင့်ကြည့်ရမည့်စာရင်းမှာ သွတ်သွင်းရမည့် သတင်းဌာနတစ်ခု ဖြစ်လာနေပါပြီ။
တချို့ပညာရှင်ဆိုတဲ့လူတွေ ပြောကြသေးတယ်။
"မြန်မာဟာ သယံဇာတကျိန်စာသင့်နေတာပါတဲ့"
မသိရင် သယံဇာတပေါများတာကပဲ အပြစ်တစ်ခုလိုလို ဖြစ်နေတဲ့သဘော။ အမှန်က မြန်မာဟာ သယံဇာတကျိန်စာသင့်နေတာ မဟုတ်ပါဘူး။ကမ္ဘာ့ကြိုးကိုင်တွေရဲ့ကျိန်စာတိုက်ခြင်းကိုသာ တို့တိုင်းရင်းသားညီအကိုတွေ ခံနေရတာပါ။တို့တိုင်းရင်းသားညီအကိုတွေအား ကျိန်စာတိုက်၊ကျိန်စာသင့်စေပြီးမှ တို့တွေရဲ့သယံဇာတကို သူတို့က စျေးချိုချိုနဲ့ ထုတ်ယူနေကြတာသာ ဖြစ်ပါတယ်။
တို့တွေစည်းလုံချိန်တန်နေပါပြီ၊
တို့တွေတသားတည်းဖြစ်ချိန်တန်နေပါပြီ၊
မိစ္ဆာစနက်ဆိုးတွေကို တို့တွေ တွန်းလှန်ပစ်ကြပါစို့
myanmar society 🇲🇲