ဗမာလူမျိုးကိုယ်စားပြုစစ်တပ် လိုအပ်သလား??
ဗမာလူမျိုးကိုယ်စားပြုစစ်တပ် ဖွဲ့စည်းမယ်ဆိုပြီး စကားသံပစ်နေကြတာတွေ့တယ်။အဲ့သည်လို ရည်မှန်းချက်နဲ့သွားနေတဲ့အဖွဲ့တချို့လည်း တွေ့ရတယ်။ ဗမာလူမျိုးစုတွေကို ကာကွယ်မည့်တပ်မရှိလို့ စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုကို ခံနေရတာလို့ တချို့လည်း ပြောကြတယ်။ ယေဘုယသဘောအားဖြင့် မှန်သလိုလိုရှိပေမဲ့ အဲ့ဒါဟာ မမှန်ပါဘူး။ အဓိကအားဖြင့်ကတော့ ပြည်သူတွေကို လိုင်စင်နဲ့လက်နက်ကိုင်ဆောင်ခွင့်မပေးတာရယ် ၊ ပြည်သူတွေကို စစ်ပညာသင်ခွင့်မပြုတာတွေကြောင့် ခုလိုအနိုင်ကျင့်ခံနေရတာသာ ဖြစ်ပါတယ်။ စစ်တပ်မရှိတဲ့နိုင်ငံတွေ ကမ္ဘာမှာလည်း ရှိပါတယ်။အိမ်နီးချင်းဘေးရန်ကြောင့် လိုအပ်လို့ စစ်တပ်ဖွဲ့ရမည်ဆိုရင် ၎င်းစစ်တပ်ဟာ နိုင်ငံတဝန်းလုံးက ပြည်သူတွေကို သစ္စာခံနေဖို့လိုပါတယ်။ပြည်နယ်တွေမှာ သူတို့ကိုယ်တိုင် တပ်တွေအသီးသီးရှိကြပေမဲ့ တပြည်လုံးကို သိမ်းပိုက်လို့ရလောက်သည်အထိ အင်အားမရှိကြပါဘူး။ အဆုံးစွန်ဆုံးပြောရရင် သိမ်းပိုက်လို ရခဲ့သည်တိုင် အစိုးရယန္တရားကြီးကို မောင်းနှင်ဖို့ဆိုတာ( ၃၇ ) သန်းသော ဗမာလူထုဆန္ဒမပါဘဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။သို့ပေမဲ့ ဗမာလူမျိ...