ရှုံးမဲ မဲလာနိုင်သော ကမ္ဘာ့/မြန်မာ့နိုင်ငံရေး

အကြမ်းဖက်စစ်တပ်က အဆုံးစွန်ဆုံးထိ ရောက်အောင်သွားဖို့  ဆုံးဖြတ်ပြီးသားနေမှာပါ။ပြည်သူတွေ မွန်းကြပ်သည်ထက်ကြပ်အောင် လှုပ်မရသည်အထိ တဖြည်းဖြည်းချင်း ဆွဲချုပ်မှာပါပဲ။အဲ့ဒါကို ဘယ်လိုဖြည်ချမလဲ ၊ ဘယ်လိုဖောက်ထွက်မလဲ ကျနော်တို့ပြည်သူဖက်က စဥ်းစားဖို့လိုမယ် ထင်ပါတယ်။

စစ်ကောင်စီလက်ပါးစေတွေဟာ စစ်ကောင်စီခေါင်းဆောင်ကို ကာကွယ်နေတာထက် သူတို့ကိုသူတို့ ရှင်သန်အောင်ကာကွယ်နေရတဲ့အနေအထားကို ချဥ်းနင်းဝင်ရောက်လာနေပြီဖြစ်တာကို တွေ့ရတယ်။

မြို့ကြီးတွေပေါ်က စလိုက်တဲ့နွေဦးတော်လှန်ရေးဆန္ဒပြဆန့်ကျင်မှုဟာ   တောရွာဇနပုဒ်တွေအထိ ပြန့်နှံ့သွားပြီး ၎င်းဆန္ဒပြဆန့်ကျင်မှုဟာ လက်နက်ဆွဲကိုင်တော်လှန်ရေးအဖြစ်အသွင်ပြောင်းကာ တောရွာဇနပုဒ်တွေကတဆင့်  မြို့ကြီးတွေပေါ် တဖန်ပြန်တက်လာပြီး  အဆုံးသတ်သွားဖို့ ရှိတယ်လို့ မြင်မိပါတယ် ။

သူတို့ဖက်က ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ ရှုံးရိပ်ပြလာချိန်ရောက်လာတော့မှ  ဆွေးနွေးမယ် ဘာညာလုပ်ကောင်းလုပ်လာနိုင်ပါတယ်။အဲ့ဒီအချိန်ကျရင် ပြည်သူတွေဒီလောက်သေနေကြပြီ၊ဒုက္ခရောက်နေကြပြီ ခေါင်းဆောင်တွေဟာ အတ္တတွေလျော့ပြီး ဆွေးနွေးကြပါလို့  စစ်ကောင်စီထောက်ခံသူတွေရော၊တရုတ်နှင့်အာစီယံအပါအဝင် ပြည်ပနိုင်ငံတွေ ဝင်ပြောပြီး NUG ကို ကြပ်ကြလိမ့်ဦးမယ်  ထင်ပါတယ်။အဲ့ဒါမှ အခြေအနေမကောင်းရင်  တိုင်းပြည်ကနေ  ထွက်ပြေးကြလေသတည်းပေါ့လေ။ယေဘုယသဘောတရားအရ  အဲ့ဒီလိုပဲ  လာဖို့ရှိပါတယ်။

အဲ့ဒါကလည်း သိပ်ခက်လှတဲ့အနေအထားတော့ မဟုတ်ပါဘူး။ ဖြေးဖြေးချင်း အနိုင်ယူနည်း ရှိသလို လျှပ်တစ်ပြတ်အနိုင်ယူနည်းတွေလည်း ရှိတာဆိုတော့ ကျော်လွှားဖို့  ခက်မယ်မထင်မိဘူး။

ဒီကြားထဲမှာလည်း သူတို့ဖက်ကအကွက်ဆန်းတွေ ထွင်ချင်လည်း ထွင်ကြလိမ့်ဦးမယ်  ထင်ပါတယ်။အဓိကကတော့ ပြည်သူတွေ စည်းလုံးဖို့ ၊ တောင့်ခံနိုင်ဖို့ပဲ  လိုပါတယ်။

ကမ္ဘာ့အရေးမှာလည်း စစ်ကြီးဖြစ်တာ့မှာလားဆိုပြီး သုံးသပ်နေကြတာတွေ တွေ့တယ်။ကမ္ဘာစစ်ကြီးတွေ ပြန်ကြည့်မယ်ဆိုရင်လည်း စက်မှုထိပ်သီးနိုင်ငံကြီးတွေ ထိပ်တိုက်တွေ့ပြီး ဖြစ်ခဲ့ကြတာပဲ တွေ့ရတယ်။ခုလို ကိုဗစ်လှိုင်း  ၃ ၊ ၄ ကြိမ် ခံစားနေရတဲ့  ကမ္ဘာ့နိုင်ငံတွေရဲ့ပြည်သူတွေက ကမ္ဘာစစ်ဖြစ်မှာကို လိုလားကြလိမ့်မယ်တော့ မဟုတ်ဘူးထင်ပါတယ်။ကမ္ဘာ့ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်မြင့်နေတာကြောင့် လှည့်စားဖို့ကလည်း သူတို့ထင်သလောက်မလွယ်ဘူး ဖြစ်နေကြတယ်။ကမ္ဘာ့ပြည်သူကို တပတ်ရိုက်လို့ရမှ ကမ္ဘာစစ်ဆိုတာမျိုးက ဖြစ်လိုကောင်းတဲ့အရာမျိုးပါ။ အဲ့ဒီလမ်းမရလို့ အိုမီခရွန်ဗိုင်းရပ်စ်အသစ်ကို ရွေးချယ်ခဲ့တယ်လို့ပဲ  မိမိတော့မြင်မိတယ်။

Deep State နှင့် တရုတ်ပြည်ရဲ့အပေါင်းအပါတွေဟာ ကမ္ဘာ့အရေးချုပ်ဖို့ကြိုးစားနေကြတာမှာ ချုပ်လို့မရသေးလို့ ဗိုင်းရပ်စ်အသစ်လွှတ်တယ်၊အဲ့လိုပဲ မြင်မိတယ်။

ဆိုတော့ .. ကမ္ဘာ့/မြန်မာ့နိုင်ငံရေးဟာ ရှုံးမဲ မဲလာနိုင်တယ်ဆိုပါတော့ ...

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း