၂၀၂၄ မှာသမ္မတအဖြစ်ဆက်အရွေးခံမည်ဆိုသော MR. JOE
ဂျိုးဘိုက်ဒန်ဟာ ၂၀၂၄ မှာ သမ္မတအဖြစ် ထပ်မံအရွေးခံမယ်ဆိုပြီး သူ့မဟာမိတ်တွေကို ပြောတဲ့အကြောင်း အိမ်ဖြူတော်က အတည်ပြုပါတယ်။
အမေရိကန်နိုင်ငံရေးသမားတွေ အားပြိုင်မှုကြားမှာ အမေရိကန်ပြည်တွင်းရေးဟာ ဒီထက်ပိုဆိုးလာနိုင်စရာတွေ ဖြစ်လာမည့်သဘောရှိပါတယ်။ကမ္ဘာ့နိုင်ငံငယ်တွေလည်း ဓါးစာခံအဖြစ် အသီးသီးထပ်ပေါ်လာဖို့ ရှိပါတယ်။
Greater China Plan - 2076 အရ တရုတ်ပြည်ဟာ ဟောင်ကောင် ၊ တိုင်ဝမ်ကို တရုတ်ပြည်မထဲ သွတ်သွင်းဖို့ကြိုးစားလာမှာဖြစ်တယ်လို့ ရေးဖူးတယ်။ဟောင်ကောင်ကတော့ သွပ်သွင်းပြီးသွားပြီ။တိုင်ဝမ်ပဲ ကျန်တယ်။တိုင်ဝမ်ကိုလည်း တရုတ်ပြည်မထဲ တချိန် သွပ်သွင်းမှာပါပဲ။ဘယ်အချိန်လဲဆိုတာတော့ မှန်းရခက်တယ်။ လက်တလောမှာ တရုတ်ပြည်ဟာ တိုင်ဝမ်ကို စစ်ဆိုင်ဖို့ ပြင်နေတာလည်း တွေ့ရတယ်။ တိုင်ဝမ်ကို စစ်ဆိုင်ဖို့ ပြင်နေတာကို တရုတ်ပြည်သူတွေကန့်ကွက်တာလည်း တွေ့နေရတယ်။သဘာဝကပ်ဘေးကြောင့် လှိမ့်ပိန့်နေအောင် ခံထားရတဲ့ပြည်သူတွေက စစ်ဖြစ်မယ်ဆိုတော့ ကန့်ကွက်ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။တိုင်ဝမ်မှာ ဒီမိုကရက်တစ်အင်အားစုတွေက စီးထားတာဆိုတော့ တရုတ်ပြည်အနေနဲ့ အလွယ်သွပ်သွင်းဖို့တော့ ခက်လိမ့်မယ်။
အခြားတစ်ဖက်မှာ ဂျိုးဘိုက်ဒန်တို့အဖွဲ့ဟာလည်း ပြည်တွင်းထောက်ခံမှုတွေ ကျဆင်းနေတာတွေရှိသည့်ကြားက ဂျိုးဘိုက်ဒန်ဟာ ၂၀၂၄ မှာ ထပ်အရွေးခံမယ်လို့ သူ့ရဲ့မဟာမိတ်တွေကို အသိပေးထားပြန်ပါသေးတယ်။လွယ်လွယ်နဲ့ဆင်းသွားမဲ့ ပုံစံမရှိပါဘူး။မရခါမှမရရော ရသလောက်ပွဲကြမ်းပြီးမှ ဆင်းသွားမည့် သဘောရှိတယ်။
လုပ်စစ်ပွဲတွေ မြင်နေရအုံးမလားတောင် မသိပါဘူး။ဘယ်သူတွေ ထပ်သေကြ ၊ ကြေကြရပြီး ဘယ်နိုင်ငံတွေဟာ ကမ္ဘာ့နိုင်ငံရေးဓါးစာခံတွေ ထပ်ဖြစ်ကြအုံးမလဲ မသိနိုင်ဘူး။ဂျိုးဘိုက်ဒန်တို့အဖွဲ့တက်လာပြီးမှကို အာဏာသိမ်းနိုင်ငံတွေ ၊ နိုင်ငံချင်းစစ်ထိုးမှုတွေ ၊ ဆူပူလှုပ်ရှားမှုမီးတွေဟာ ယနေ့ထိလောင်မြိုက်နေဆဲ ဖြစ်တယ်ဆိုတာ အစွဲမရှိရင် မြင်သာပါတယ်။
စောင့်ကြည့်ကြပါစို့လား....
myanmar society🇲🇲