အပြီးသပ်လမ်းရှင်းခြင်း(တိုက်စစ်)

ယခု Mission Q17 အရွေ့ခန့်မှန်းချက်အရ အာရှရဲ့ အဓိက Deep Stateရဲ့ မဟာမိတ်(တရုတ်ပြည်၊ထိုင်း)ကို ကမ္ဘာ့ပါဝါအရသော်လည်းကောင်း ၊ စီးပွားရေးအရသော်လည်းကောင်း ၊ ကမ္ဘာ့ငွေကြေးအရှုပ်ဇယား ဒေါ်လာအတုကိစ္စတွေပါ အပြင်းအထန်ဖိအားပေးလာလျှင် ငါ့တို့သည်လည်း ငါတို့နိုင်ငံအတွက် အင်အားကြီးနိုင်ငံများက အတင်းအကြပ်ဖိအားမပေးနိုင်ခင် ချက်ကောင်းကို အပီကိုင်ဖို့ကြိုးစားရမည်။

ဆိုလိုတာက အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်ပြည်က သံတမန်အရပဲခင်းခင်း ဘယ်လိုပဲလာလာ ဒီနိုင်ငံအတွက် အထောက်အပံ့မဖြစ်တဲ့တရုတ်ပြည်ကို ဒီနိုင်ငံအရေးအတွက်အပြတ်လုပ်သင့်တာလုပ်မှ အဆင်ပြေမည်လို့ယူဆထားပါတယ်။

တရုတ်ပြည်ဖက်ကလည်း သူ့နိုင်ငံအတွင်းQ17 Mission ယခုစတင်ချိန်တွင် မြန်မာဖက်ကလည်း တရုတ်ပြည်၏ ဖိအားကို လေသံပစ်ခွင့်တောင်မပေးဖို့လုပ်ထားရပါမည်။လက်ရှိ အာရှရုပ်လုံးအရ UNSC  နှင့် ASEAN တွင် တရုတ်ပြည်က အဓိကကြိုးဆွဲနေတာ တိတိကျကျမြင်ရပြီ။ နေရာတကာ အာရှရေးရာ တရုတ်ပြည်က ပါဝင်နေသည်။ထို့ကြောင့်လည်း တရုတ်ပြည်ကို အပြီးသပ်ကန့်သတ်ဖို့လိုပြီး တရုတ်ပြည်သည်မြန်မာကို ဝင်ရောက်ပတ်သက်မှု အငြင်းဆိုခံရလျှင် ထိုင်းနှင့်ကုလသမဂ္ဂကို ဆင့်ကဲအသုံးချဖို့သာရှိသည်။ ဒါကိုနားလည်ထားရမည်။

အကယ်၍ တရုတ်ပြည်သည် ထိုင်းနှင့်ကုလသမဂ္ဂကို ပေါ်တင်အသုံးချ မရတော့လျှင် ရိုဟင်ဂျာအရေးနဲ့ပြန်မွှေလာမည်။ရိုဟင်ဂျာအရေး ၊ စစ်တပ်  ၊ AA ပြန်လည် ပုံဖော်လာနိုင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရဖက်မှ ပြတ်ပြတ်သားသား ငြင်းထားပါလျှက် တရုတ်ပြည်ဖက်က မွှေလို့မရတော့လျှင် UWSA ကို နောက်ဆုံးထုတ်သုံးကောင်းထုတ်သုံးလာနိုင်သည်။(ရွှေ တြိဂံဒေသ)အတွက်သူတို့ကာကွယ်ဖို့ လိုခြင်းဖြစ်သည်။ အကြမ်းဖျင်းသူတို့ကစားလာနိုင်သည့်ကစားကွက်ဖြစ်သည်။

မြန်မာအရေးအတွက်အထောက်အပံ့မဖြစ်သည့် တရုတ်ပြည်၏လုပ်ရပ်များ၊ တရုတ်ပြည်၏အချိန်ဆွဲပေးနေသည့်ကိစ္စများအား ကိုယ့်ဖက်ကသံတမန်ကြောင်းအရ ပြန်လည်ဖိအားပေးနိုင်ဖို့လိုသည်။ဖြတ်မှပြတ်မည်လို့ ယူဆထားဖို့လိုသည်။

တရုတ်ပြည်ဖက်က အမျိုးသားညီညွတ်ရေးအစိုးရ၏ဖိအား ပြန်ပေးခံရလျှင် အငြင်းခံရလျှင် အထက်ကရေးပြထားသည့်အတိုင်း ကုလသမဂ္ဂ ၊ ထိုင်း ၊ UWSA ၊ ရိုဟင်ဂျာအရေး ၊  AA ၊ ARSA ကိုအပြင်းအထန်ထုတ်သုံးလာမည်ဖြစ်သည့်အတွက် အကန့်လိုက် ၎င်းအဖွဲ့အစည်းများကို ခွဲချပြီး မည်သို့မည်ပုံဖြေရှင်းရမည်ကိုလည်း ကြိုတင်ပြင်ဆင်သင့်သည်ဟု ထင်ပါသည်။

ထို့ကြောင့် ဒီနိုင်ငံအတွက် အရေးကြီးဆုံးတချက်က တကယ်ငြိမ်းချမ်းရေးအောင်ပွဲအား လိုချင်လျှင် PDFs ဖက်မှ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများအား အမှည့်​ချွေ ​ချွေနေချိန်တွင် နည်းပါးလာနေသောအကြမ်းဖက်စစ်ကောင်စီလက်ပါးစေများကို အပြီးတိုင်ရှင်းဖို့ တိုင်းရင်းသားအားလုံး တညီတညွတ် လူထုနဲ့ပါဝင်ကြပါ။တချက်ကလေး အပင်ပန်းခံယုံဖြင့် အောင်ပွဲက လက်တစ်ကမ်းတွင်ရှိပါသည်။

အထက်ပါစာအား အကျဥ်းချုံးရလျှင် -
တရုတ်ပြည်ဖက်က ရွေ့လာနိုင်သည့် နိုင်ငံရေးခြေလှမ်းတချို့ကတော့ -

(1) ကုလသမဂ္ဂသည် အကြမ်းဖက်စစ်ကောင်စီနှင့်တရုတ်ပြည်အငြင်းခံရလျှင် ပြင်းပြင်းထန်ထန် အသံတွေ ပေးလာနိုင်သည်။
(2) ထိုင်းနိုင်ငံကတဆင့် အပူတပြင်းပိတ်ဆို့မှုတွေတရုတ်ပြည်က လုပ်ခိုင်းလာနိုင်သည်။
(3) AA & ARSA ကိုထုတ်သုံးလာနိုင်သည်၊ရခိုင်ကိုအဆွကစားလာနိုင်သည်။
(4) နောက်ဆုံးမရလျှင် UWSA ကို ထုတ်ကစားမည်..ခန့်မှန်းထားသည်။

၎င်း ( ၄ )ချက်သည် အကြမ်းဖက်စစ်ကောင်စီ အထိနာလျှင် အသုံးပြုမည့် နိုင်ငံရေးအရွေ့များဟု  မိမိအနေနဲ့ 'တစ်ပေးတွက်ချက်ထားမိပါတယ်။ ၎င်းအား အမျိုးသားညီညွတ်ရေးအစိုးရနှင့်PDFs များ ၊ တိုင်းရင်းသားများနှင့်တိုင်းရင်းသားလက်နက်ကိုင်များဖက်ကလည်း ဟန်ချက်ညီညီ၊ဗျူဟာကျကျ တကန့်ဆီ လျှောက်လှမ်းနိုင်ဖို့ နည်းဗျူဟာချ ကစားနိုင်လျှင် ပိုကောင်းမည်ဟု မြင်ပါသည်။

ယခု ကမ္ဘာတဝှမ်းကျက်စားနေသည့်Q17 Mission မီးစိမ်းပြချိန် မိမိတို့နိုင်ငံသည်လည်း လသာခိုက်
ဗိုင်းငင်ဆိုသလိုပဲ အကန့်လိုက်ခွဲချပြီး တပြည်လုံးရှိ PDFs နှင့် တိုင်းရင်းသားလက်နက်ကိုင်များတက်ညီလက်ညီပူးပေါင်း၊တပြည်လုံးရှိလူထုကလည်း PDFs အနေအထားနဲ့အသင့်ပြင်ဆင်ထားပြီးနားစွင့်၊ ဖြည့်စွက်အချက်အလက်များအားမျှရင်း 
မိမိတို့အောင်နိုင်ရေးကို မိမိဖာသာအားထုတ်ကြဖို့
ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အတူတကွပူးပေါင်းပေးကြပါ။ ခွင့်သာချိန် လက်အလွတ်မခံပါကြနှင့်။
မြင်မိသလောက် အနည်းအကျဉ်း ချပြထားတာပါ။

အရေးတော်ပုံအောင်ရမည်။

#Suthamee
myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း