ရခိုင်အရေးအား တကျော့ပြန်မီးမွေးတော့မည်လား ??
လက်တလော ထူးခြားတဲ့သတင်းတွေကတော့
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးသော လုပ်ရပ်များ ရှိလာနေကြောင်း ULA/AA က သတိပေးတယ်ဆိုပါတယ်။ဖြစ်စဥ်မှာ မူလတန်းကျောင်း မီးရှို့ခံရတာ ၊ ရိတ်သိမ်းပြီးသားစပါးတွေ မီးရှို့ခံရတာ ၊ ချွေလှေ့စက် မီးရှို့ခံရတာ ၊ ရခိုင်အမျိုးသမီးကို မူစလင်နှစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတာတွေ စသည်ဖြင့် ပါဝင်နေတယ် ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလ ကနေ AA ကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားခဲ့တာရှိလို့ AA ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိမ်းညွတ်သွားမှာစိုးလို့ လူမျိုးရေးပဋိပက္ခနဲ့ အလုပ်ရှုပ်အောင် အကြမ်းဖက်စစ်အုပ်စုဟာ တမင်ဖန်တီးနေသလား ယူဆစရာ ရှိပါတယ်။
နောက်တစ်ခုက အကြမ်းဖက်စစ်ကောင်စီ၏တပ်ဟာ ပါကစ္စတန်မှာ မိုင်းရှင်းလင်းရေးသင်တန်း( ၃ )လကြာ သွားပြီးတက်ရောက်မယ်ဆိုတဲ့သတင်း ဖြစ်ပါတယ် ။ရခိုင်ပြည်နယ်တွင်း AA က ထောင်ထားတဲ့မိုင်းတွေ ရှင်းလင်းဖို့လို့ ဆိုပါတယ်။
AA ထောင်ထားတဲ့မိုင်းတွေထက် စစ်ကိုင်းနှင့်မကွေးမှာ မိုင်းဒဏ်ကြောင့် စစ်ကောင်စီတပ်တွေ အသေများနေတာကို ဖြေရှင်းဖို့ သင်တန်းတက်ရောက်ပုံရပါတယ်။ ရခိုင်မှာ ARSA လိုအဖွဲ့မျိုးအားကြီးလာအောင်လုပ်ပြီး ရခိုင်ရဲ့စစ်ရေးချိန်ခွင်လျှာကို ထိန်းညှိဖို့ ကြိုးစားကောင်းလည်း ကြိုးစားလာနိုင်ပါတယ်။ပါကစ္စတန်နှင့်အကြမ်းဖက်စစ်ကောင်စီ ပက်သက်မှုဟာ တရုတ်ပြည်ရဲ့အကြံပေးအဆိုပြုချက်တွေလည်း ပါကောင်းပါနေနိုင်ပါတယ် ။ ဘယ်လိုအကြံအစည်တွေ ရှိနေတယ်တော့ အတတ်ပြောဖို့ခက်ပေမဲ့ မျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့ လိုမယ်ထင်ပါတယ်။
သတိထားကြပါ ရခိုင်ညီအကိုတို့ ...
နောက်သတင်းတစ်ခုက Buffer Zone ကိစ္စပါ ။ ၎င်းရဲ့အဆိုး ၊ အကောင်း ၊ အကျိုးဆက်နှင့်ဘေးထွက်ဆိုးကျိုးကို ကြိုစဥ်းစားဖို့လိုပါမယ်။ထိုင်း - မြန်မာ နယ်စပ်မှာ Buffer Zone ဆိုပြီး စကား ဟ'လာတာလည်း ကြားရပါတယ်။ ထိုင်း - မြန်မာ နယ်စပ် Buffer Zone ဖြစ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ် - မြန်မာ Buffer Zone ၊ မီဇိုးရမ် - မြန်မာ Buffer Zone တွေ အစရှိသဖြင့် အသီးသီးထပ်ပေါ်ပေါက်လာနိုင်ပါတယ်။ ၎င်းအပေါ်မှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ၊ကောင်းကျိုး ၊အကျိုးဆက်နှင့်ဘေးထွက်ဆိုးကျိုးတွေအပြင် ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ ကမ္ဘာ့နိုင်ငံရေးအရွေ့နှင့်ကစားကွက်တွေပါ စဥ်းစားထားဖို့ လိုမယ်ထင်ပါတယ်။ဒါမှလည်း တစ်စုံတစ်ရာက ဖိအားပေးတိုက်တွန်းလာခဲ့သည်များရှိသော် လုပ်ရင်သင့်တော်မလား ၊ မလုပ်တာသင့်တော်မလားဆိုတာမျိုး ပိုင်ခြားနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်သတင်းတစ်ခုကတော့ ရိုဟင်ဂျာပြန်လည်လက်ခံရေးအတွက် အကြမ်းဖက်စစ်ကောင်စီဗိုလ်ချုပ်တချို့ မောင်းတောရောက်နေတယ်ဆိုတဲ့သတင်းပါ ။
အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အားဖြုတ်ချဖို့ နိုင်ငံရေးလုပ်ကြံမှုမှာ အသုံးချခံအဖြစ်ကစားခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ်ဆိုတော့ စဥ်းစားစရာပါ။ ဗမာ-မူစလင် ၊ ရခိုင်-မူစလင် ၊ ရခိုင်-ဗမာ ၊ ကချင်-ဗမာ ၊ ကရင်-ဗမာ စသည်ဖြင့် တချိန်လုံးလှည့်ပတ်ပြီး လူမျိုးရေးရန်တိုက်မှုတွေ လုပ်နေတဲ့ကောင်တွေ ၊ ဘာသာရေး အထိကရုန်းဖန်တီးနေတဲ့ကောင်တွေ ၊ ရိုဟင်ဂျာဆိုတာ အသိအမှတ်မပြုနိုင်ပါဘူးဆိုတဲ့ကောင်တွေက ပြန်လက်ခံရေးဖက်ဦးတည်လာတယ်ဆိုတော့ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ပါဘူး။ အကြံအစည်ကြီးကြီးမားမား ရှိနိုင်ပါတယ်။
အဲ့ဒီလို ပြန်လက်ခံပေးပြီး ရေရေလည်လည်မီးထိုးဖို့လားဆိုတာ စောင့်ကြည့်ရမှာပဲ ။ မနပ်ရင် ခံရမှာပဲ ။ခုတောင် မငြိမ်မသက်မှုက စကြားနေရပြီ😌
အဲ့ဖက်အာရုံလွှဲနဲ့ အခြားတစ်နေရာကို Kick ဖို့ချောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။တပြည်လုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေမှ ရမယ်ထင်ပါတယ် ။
သတိထားကြပါ ... မြန်မာပြည်သူတွေရေ
myanmar society🇲🇲