Posts

Showing posts from March, 2023

နွားကုတ် လက်ကိုင် လုပ်နေဖို့မလို

Image
မြန်မာ့အရေးနဲ့ပက်သက်လို့   ဒီမိုကရက်တွေနဲ့ အလုပ်မဖြစ်ခဲ့ရင်  ရီပက်ဗလစ်ကန်တွေနဲ့  ဆွေးနွေးကြည့်စေချင်ပါတယ်။အောက်လွှတ်တော်ဥက္ကဌအသစ် " ကီဗင်မကာသီ"နဲ့ရော မိတ်ဆက်ဆွေးနွေးကြည့်ပြီးပြီလား။ မြန်မာ့အရေးအတွက်   ရေတို၊ရေရှည် ဆက်ဆံရေးအတွက်  အမေရိကန်  အောက်လွှတ်တော်၊အထက်လွှတ်တော် (  ၂  ) ရပ်လုံးနဲ့  ထိတွေ့မှု  ရှိထားခဲ့ရင် ပိုကောင်းမယ် မြင်ပါတယ်။ဒီမိုကရက်တွေနဲ့ရော  ရီပက်ဗလစ်ကန်တွနဲ့ပါ  ဆက်ဆံကြည့်ဖို့လိုပါတယ်။ဒီမိုကရက်တွေရဲ့နိုင်ငံရေး၊ရီပက်ဗလစ်ကန်တွေရဲ့နိုင်ငံရေး  ဘယ်လိုအထာရှိတယ်ဆိုတာ  အမျိုးသားညွတ်ရေးအစိုးရ၏ခေါင်းဆောင်များအနေနဲ့ သိပြီး ဖြစ်လောက်မှာပါ။(  ၂  ) ဖက်လုံးနဲ့ဆက်ဆံတဲ့အခါ ပါးပါးနပ်နပ် ဖြစ်ဖို့တော့လိုပါတယ်။ ယေဘုယအားဖြင့်  အမေရိကနှင့်ဥရောပလောက်သာ  လစ်ဘရယ်ဒီမိုကရေစီဝါဒက  ဖြစ်ထွန်းတာပါ။ ကျန်တဲ့ကမ္ဘာ့အစိပ်အပိုင်းတွေက  အမျိုးသားရေးဝါဒအခြေခံသော နိုင်ငံရေးစနစ်များသာ  ဖြစ်ကြပါတယ်။အဲ့သည် အမေရိကနှင့်ဥရောပမှာတောင်  အမျိုးသားရေးဝါဒီတွေ  ရှိပါသေးတယ်။ ကွန်ဆာဘေးတစ် (ရှေးရိ...

ရုရှား - ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့် အခြေအနေ

Image
ယူကရိန်း - ရုရှားစစ်ပွားကို  အမျိုးမျိုးဝေဖန်နေကြတာတွေ့ရပါတယ်။စစ်ကောင်စီအားကိုးနေတဲ့ ရုရှားပြိုရင်   စစ်ကောင်စီလည်း ပြိုပြီဆိုပြီး တွက်ဆကြသူတွေလည်း  ရှိပါတယ်။ တချို့တွေကျ  ရုရှားဟာ  အရှုံးကြီး  ရှုံးနေပြီတို့  ... အမျိုးမျိုးပေါ့လေ ဝေဖန်ရေးသားကြတာ တွေ့ရပါတယ်။စိတ်ခံစားချက်ကို  ပြောရ၊ရေးရရင်တော့  ကမ္ဘာပေါ်မှာ ရှိသမျှ အာဏာရှင်နိုင်ငံတွေ ပြုတ်သွားလေ  ကြိုက်လေပေါ့... သတိထားဖို့လိုတာက ... ဆိုကြပါစို့  ...  ရုရှား - ယူကရိန်း အပစ်အခတ်ရပ်စဲပြီး  ပြေလည်သွားခဲ့ကြတယ်ဆိုပါစို့ .. ၎င်းပုံစံကြီးကို  မြန်မာ့နွေဦးတော်လှန်ရေးပေါ်လာစွပ်ပြီး  သူတို့ပြေလည်သွားပြီး  မင်းတို့လည်း ပြေလည်အောင်ဆွေးနွေးကြတော့ဆိုတဲ့ ၂၀၀၈  ခြေဥအောက်  ပြန်လည်သွပ်သွင်းရေး အစီအမံကြီးလုပ်လာမှာကို  စိုးရတာပါ။ မြန်မာ့အရေးကို အာစီယံကလည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ၊ အမေရိကန်ကလည်း ဘာဆက်လုပ်ပေးရမှန်းမသိဖြစ်နေချိန်မှာ  တရုတ်က  ဟိုဖက်က ပုံစံကြီး ဒီဖက်လာထိုးထည့်မှာ စိုးရပါတယ်။ထိုကဲ့သို့သော ဖိအားမျိုးနှင့်အလားတူဖိအားမျိုးအ...

နွေဦးတော်လှန်ရေးသည် မှတ်ကျောက်လည်း ဖြစ်သည်

Image
တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်က အာစီယံဘုံသဘောတူညီမှု မူ ( ၅ )ချက်ကို ထောက်ခံတဲ့ပေါ် အာစီယံက ကြိုဆိုစကားဆိုလိုက်ပြီး  တရုတ်အထူးသံက  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ပြီး   NUG ရဲ့အမေရိကန်မှာ ရုံးခန်းဖွင့်တဲ့ကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့တယ်လို  သိရပါတယ်( KIO ကတော့  NUG ရုံးဖွင့်လှစ်တာကို  ဆွေးနွေးတာမျိုး မရှိခဲ့ဘူး၊လာရောက်မိတ်ဆက်တာလို့ ဆိုပါတယ်)။ NUG ရဲ့ပြောဆိုချက်ဟာ သံတမန်ရေးမဆန်ဘူးလို့လည်း  စီစီပီဖက်က ဆိုပါတယ်။တရုတ်ပြည်ဖက်ကရော ပြည်သူ့ကရွေးကောက်တင်မြှောက်ထားတဲ့  NUG အစိုးရကို  ဘာတွေများ သံတမန်ရေးဆန်ဆန်ပြောခဲ့ ၊ ကူညီခဲ့ဖူးလဲလို့  မေးခွန်းထုတ်စရာ  ရှိပါတယ်။ စီစီပီပြောပြောနေတဲ့ " မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်" ဆိုတာ ပြည်သူတွေ အားမသာခင်ထိသာ ဖြစ်ဖွယ်ရှိပါတယ်။ပြည်သူတွေ အားသာလာတာနဲ့ စီစီပီဟာ ဝင်စွက်ဖက်လာမည့်အရိပ်အရောင်တွေ တွေ့နေရပါတယ်။ အာစီယံဘုံသဘောတူညီမှု  မူ ( ၅  )ချက်ဆိုတာ  စီစီပီချပေးထားတဲ့ Guide Line သက်သက်သာ ဖြစ်ပါတယ်။လိုရင်းတိုရှင်းပြောရရင် တော်လှန်ရေးကြီး  ခုလိုမအူမလည်ဖြစ်နေအောင်...

အိမ်ဖြူတော်ထိပ်တန်းအရာရှိ အများအပြားဟာ ယခင်က Penn Biden Center တွင် လုပ်ကိုင်ခဲ့ဖူးသူများဖြစ်နေ

Image
အိမ်ဖြူတော်ထိပ်တန်းအရာရှိ အများအပြားဟာ  ယခင်က Penn Biden Center တွင်  လုပ်ကိုင်ခဲ့ဖူးပြီး  လက်ရှိအုပ်ချုပ်ရေးအရာရှိများကြားတွင် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာလည်း အကြံပေးအဖွဲ့တွင်  ဘိုက်ဒန်အတွက် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်း Penn Biden Center ဆိုတာကတော့  အမျိုးအစားခွဲထားသော ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကို  ရှာဖွေတွေ့ရှိခဲ့သည့် နေရာလည်း  ဖြစ်ပါတယ်။  West   Exec တွဲဖက်တည်ထောင်သူ  အန်တိုနီဗလစ်ကန်က   နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖို့  ၎င်း West Exec Firm ကို  ကျောခိုင်းခဲ့ရပါတယ်။ Teneo က  West  Exec နဲ့ဆက်စပ်တယ်။ Penn Biden Center က  စီစီပီအစိုးရထံကနေ  ဒေါ်လာ ၅၅ သန်း ကို ရံပုံငွေအဖြစ်လက်ခံခဲ့တာရှိသလို  ၊ West  Exec  ကတော့  အမေရိကန်တက္ကသိုလ်တွေနှင့် တရုတ်ပြည်ကြား စေ့စပ်လုပ်ကိုင်ခဲ့တာမျိုး ရှိခဲ့တယ်။အဲ့သည်လိုလုပ်နိုင်ဖို့  Teneo က ထောက်ပံ့ပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ဥပဒေကြောင်းအရ  အသင်းအဖွဲ့တွေ၊ဖောင်ဒေးရှင်းအတွက် ငွေကြေးအစီရင်ခံရန်  လိုအပ်ပုံမရပါဘူး။အဲ...

တော်လှန်ရေး( ၂ )နှစ်ပြည့် စစ်ရေးအခြေအနေ

Image
မိမိတို့အနေနဲ့ စစ်ရေးနဲ့ပက်သက်လို့  သိပ်မသိသလို မကျွမ်းကျင်တာကြောင့် မရေးဖြစ်ခဲ့ပါဘူး။တော်လှန်ရေး (  ၂ )နှစ်ပြည့်မှာ ကိုယ်မြင်သလောက်၊နားလည်မိသလောက်လေး  ရေးပြရခြင်းဖြစ်ပါတယ်။လိုအပ်ချက်များရှိလျှင်   ဖြည့်ပြီးတွေးပေးစေလိုပါတယ်။ တော်လှန်ရေး အစောပိုင်းမှာ  ကချင်နှင့်ချင်းတို့  ဖက်ကို  စုပြုံကျရောက်နေတဲ့  စစ်ကောင်စီအင်အားဟာ   စစ်ကိုင်း ၊ မကွေးတို့မှာ  စစ်ရေးမြင့်တက်လာပြီး ကာလိုက်တာကြောင့်  စစ်ကိုင်းနှင့်မကွေးမှာ အရမ်းအထိနာသွားခဲ့ပေမဲ့လို့  ကချင်နှင့်ချင်းတို့ဖက်မှာ   စစ်ရေးဟာ သိသိသာသာလျော့ကျသွားတာကို  တွေ့ခဲ့ရပါတယ်။ ချင်းပြည်နယ်မှာဆိုရင်  ကျေးရွာပေါင်း (၈၈) ရွာ ရှိတာမှာ (၅၁)  ရွာထိ  စစ်အုပ်ချုပ်ရေးအောက်က  လွတ်မြောက်အောင်  လုပ်နေနိုင်ပြီလို့  တချို့သော သတင်းရင်းမြစ်က  ဆိုပါတယ်။ အရင်လို   စစ်ကောင်စီအင်အား  ထောင်ဂဏာန်းနဲ့  ကချင်နှင့်ချင်းဖက်ကို  စစ်ချီတာမျိုး  သိပ်မတွေ့ရတော့ဘူး။ စစ်ကိုင်းနှင့်မကွေးဖက်မှာ စစ်ရေး အရမ်းမြင့်တက်နေတာကို...

တော်လှန်ရေးများ၏ဥသျှောင်

Image
နွေဦးတော်လှန်ရေး  ကျရှုံးသွားခဲ့ရင်    ကရင့်တော်လှန်ရေး၊ကချင့်တော်လှန်ရေး၊ကရင်နီတော်လှန်ရေး၊ရှမ်းတော်လှန်ရေး၊ရခိုင့်တော်လှန်ရေး  ၊ချင်းတော်လှန်ရေး၊ဗမာ့တော်လှန်ရေး  စသည်ဖြင့်...    အမျိုးမျိုးသော ရှိသမျှတော်လှန်ရေးတွေ  အကုန်ပျက်သှဥ်းသွားဖို့သာ  ရှိပါတယ်...  နွေဦးတော်လှန်ရေးကျရှုံးသွားပြီးနောက်မှာ ပြည်သူလူထုက တော်လှန်ရေးဝေါဟာရပေါ်မှာ အယုံအကြည်မရှိနိုင်တော့လို့ပါပဲ ... တော်လှန်ရေးကို အနှစ်နှစ်ကာလက  လုပ်ခဲ့ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေရော ၊ လက်ရှိတော်လှန်ရေးကြီးကို  ခေါင်းဆောင်နေကြပါတယ်ဆိုတဲ့သူတွေရော  စဥ်းစားကြဖို့  အင်မတန်ကောင်းလှပါတယ်။သမိုင်းကောင်းတွေရေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။သတ္တိရှိရှိ  ယုံယုံကြည်ကြည်  ရှေ့တိုးလုပ်ကြစေချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်အာမီ   ဖြစ်လာဖို့ရာအတွက် ဥပဒေသတွေ  မရှိသေး/မပြည့်စုံသေးလို့၊အပေးအယူမမျှလို့၊ဘယ်ကစကိုင်လို့ကိုင်ရမှန်းမသိဖြစ်နေလို့   ဖြစ်နိုင်ဖို့ရာခက်ခဲနေရပါတယ်ဆိုတာမျိုးက ဆင်ခြေတစ်ခုထက် မပိုပါဘူး။ပထမဆုံးလိုအပ်ချက်က...

US ကောင်းကင်က တရုတ်လေဘော်လုံး

Image
အိမ်ဖြူမှာ  တရုတ်နှစ်သစ်ကူးပွဲကျင်းပပြခဲ့တယ်။ အဲ့သည်လို  အိမ်ဖြူမှာ  တရုတ်နှစ်သစ်ကူးပွဲမကျင်းပခင်   အပြင်က  တရုတ်နှစ်သစ်ကူးပွဲမှာ ပစ်ခတ်မှုဖြစ်လို့  လူ (  ၁၀ ) ယောက်သေသွားခဲ့တဲ့ဖြစ်စဥ်  ရှိခဲ့တယ် ၊  အဲ့ဒါကို စာနာသောအားဖြင့်  အိမ်ဖြူမှာ တရုတ်နှစ်သစ်ကူးပွဲ ကျင်းပခဲ့တာ ၊  ဖြစ်စဥ်က  အဲ့သည်လိုပါ ။  ရိုးသားမှု  ရှိ/ မရှိကတော့  တွေးစရာ  ရှိတာပေါ့လေ ။ ယခု Spy Balloon အမေရိကန်ပေါ်က ဖြတ်ပျံပြတယ်။ဘာပဲဖြစ်ဖြစ်  လောလောဆယ်တော့ စီစီပီအားပေးတွေ  အားတက်တာပေါ့လေ။ နောက်ပြဿနာကတော့  နောက်ရှင်းပေါ့။  ကမ္ဘာမြေကို လှည့်ပတ်လျက်ရှိသော ဂြိုလ်တု (၈၂၆၁) လုံးအနက်  ဂြိုဟ်တု (၄,၈၅၂) လုံးဟာ သက်ဝင်လှုပ်ရှားလျက်ရှိပါတယ်။တရုတ်ပြည်ကနေ လွှတ်တင်ထားတဲ့ဂြိုလ်တုတွေလည်း မနည်းမနောပါပဲ။၎င်းဂြိုလ်တုတွေကနေ  အချိန်နဲ့တပြေးညီ  မည်သည့်နေရာကိုမဆို  ကြည့်နိုင်တဲ့အနေအထားမှာ  အဖြူရောင်တရုတ်လေဘော်လုံးကြီးက  အမေရိကန်ကောင်းကင်မှာ  ခန့်ခန့်ကြီးမျောပြီး  ထောက်လှမ်းဖို့  လုပ...