ရုရှား - ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့် အခြေအနေ

ယူကရိန်း - ရုရှားစစ်ပွားကို  အမျိုးမျိုးဝေဖန်နေကြတာတွေ့ရပါတယ်။စစ်ကောင်စီအားကိုးနေတဲ့ ရုရှားပြိုရင်   စစ်ကောင်စီလည်း ပြိုပြီဆိုပြီး တွက်ဆကြသူတွေလည်း  ရှိပါတယ်။ တချို့တွေကျ  ရုရှားဟာ  အရှုံးကြီး  ရှုံးနေပြီတို့  ... အမျိုးမျိုးပေါ့လေ ဝေဖန်ရေးသားကြတာ တွေ့ရပါတယ်။စိတ်ခံစားချက်ကို  ပြောရ၊ရေးရရင်တော့  ကမ္ဘာပေါ်မှာ ရှိသမျှ အာဏာရှင်နိုင်ငံတွေ ပြုတ်သွားလေ  ကြိုက်လေပေါ့...

သတိထားဖို့လိုတာက ... ဆိုကြပါစို့  ... 
ရုရှား - ယူကရိန်း အပစ်အခတ်ရပ်စဲပြီး  ပြေလည်သွားခဲ့ကြတယ်ဆိုပါစို့ .. ၎င်းပုံစံကြီးကို  မြန်မာ့နွေဦးတော်လှန်ရေးပေါ်လာစွပ်ပြီး  သူတို့ပြေလည်သွားပြီး  မင်းတို့လည်း ပြေလည်အောင်ဆွေးနွေးကြတော့ဆိုတဲ့ ၂၀၀၈  ခြေဥအောက်  ပြန်လည်သွပ်သွင်းရေး အစီအမံကြီးလုပ်လာမှာကို  စိုးရတာပါ။ မြန်မာ့အရေးကို အာစီယံကလည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ၊ အမေရိကန်ကလည်း ဘာဆက်လုပ်ပေးရမှန်းမသိဖြစ်နေချိန်မှာ  တရုတ်က  ဟိုဖက်က ပုံစံကြီး ဒီဖက်လာထိုးထည့်မှာ စိုးရပါတယ်။ထိုကဲ့သို့သော ဖိအားမျိုးနှင့်အလားတူဖိအားမျိုးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဘာတွေပြင်ဆင်ထားပြီးပြီလဲတော့  မသိဘူး။ 

"စစ်အာဏာရှင် နိဂုံး   ၂၀၂၃" လို့   ကြွေးကြော်နေတာတော့  တွေ့မိတာပါပဲ ... ဘယ်လို  ပလန်​တွေ ၊ ပလက်တွေ  ထွက်လာမယ်တော့  မပြောတတ်ဘူး။အနိမ့်ဆုံးအဆင့်  ဒီလို ပလန်နဲ့လုပ်ရင်  တော်လှန်ရေး မုချနိုင်တယ်ဆိုတဲ့  ခံစားချက်ကို  ပြည်သူတွေဆီကို ပေးစွမ်းနိုင်ဖို့  လိုပါလိမ့်မယ်။ ထားတော့..အဲ့သည်အပိုင်း ..

ရုရှား - ယူကရိန်းအရေးဟာ  ဆိုးဆိုးရွားရွားဆက်ဖြစ်လာမှာလားဆိုတဲ့အပိုင်းကို  လေ့လာကြည့်တဲ့အခါမှာ... ယခုလို ခွဲခြမ်းစိပ်ဖြာ ကြည့်လို့ရပါတယ်။(သင့်အနေနဲ့   ထင်မြင်ယူဆချက်များရှိခဲ့ရင်  ကောမန့်မှာ  မန့်ပေးလို့ရပါတယ်)

( ၁  ) ရုရှားဟာ  ဗီတိုအာဏာရ  နိုင်ငံတစ်နိုင်ငံ  ဖြစ်နေတာ ထည့်မတွက်လို့မရပါဘူး။ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်  ၎င်းစစ်နိုင် နိုင်ငံတွေက ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက်  လက်ရှိကမ္ဘာ့စည်းမျဥ်းကြီးကို  အသက်သွင်းထားတာ  ဖြစ်ပါတယ်။ဝေပုံကျနဲ့ ကမ္ဘာကြီးကို  စိုးမိုးထားခြင်းမျှသာ  ဖြစ်ပါတယ်။ကမ္ဘာကြီးဟာ  ထင်သလောက်  မရိုးသားပါဘူး။၎င်းအချက်ကို ထည့်မစဥ်းစားလို့  မရပါဘူး။

(  ၂  ) ရုရှားလက်ထဲမှာ  နျူးကလီယား ၅၀၀၀ - ၆၀၀၀  လောက်ရှိနေတယ်။ ဒီအချက်ကလည်း ထည့်မစဥ်းစားလို့  မရတဲ့အချက်ဖြစ်ပါတယ်။

( ၃  ) ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းနယ်မြေတွေကို   စီးမိထားတယ်။၎င်းနယ်မြေတွေက  ရုရှားဖက်ကို  ယိမ်းတယ် ၊ ရုရှားကို  ထောက်ခံကြတယ်။ဒါကြောင့်  ပူတင်က ၎င်းဒေသတွေကို  ရုရှားနယ်ထဲ ဆန္ဒထောက်ခံမှု ရယူပြီး ထည့်မယ်ဆိုပါတယ်။ ။အဲ့ဒီအချက်ကလည်း  ထည့်မစဥ်းစားလို့  မရတဲ့အချက်ဖြစ်ပါတယ်။(ယူကရိန်းတစ်ပြည်လုံးကို  ရုရှားက  မျှော်မှန်းထားပေမဲ့  မထင်မှတ်တဲ့ခုခံစစ်တွေကြောင့်   ပွဲတစ်ဝက်မှာ ဗျူဟာပြောင်းလဲပြီး ယူကရိန်းအရှေ့ပိုင်းနယ်တွေကို  ဦးတည်သွားခဲ့တာ တွေ့ခဲ့ရပါတယ်)

( ၄  ) ရုရှားက  ယူကရိန်းမှာ  ဇီဝဓာတ်ခွဲခန်းတွေနဲ့ပက်သက်တဲ့ စာရွက်စာတမ်းပေါင်း  ၂၀၀၀၀ ကျော်သိမ်းဆည်း ရမိထားတယ်လို့   ကြေညာတယ်။ ယူကရိန်းနှင့်အမေရိကန်  ငြင်းချက်ထုတ်တာ  ခုထိ မတွေ့ရသေးပါဘူး။ ချိတ်ဆက်မှုနှင့်အသွားအလာကို ဇစ်မြစ်လိုက်ကြည့်တဲ့အခါ  ပင်တဂွန်သည်ပင် ပါဝင်ပက်သက်နိုင်ခြေ  ရှိနေတယ်။စစ်ဖြစ်တော့  ၎င်းဇီဝဓာတ်ခွဲခန်းတွေဟာ  ဥရောပအရှေ့ပိုင်း ၊ အာဖရိက ၊ အရှေ့တောင်အာရှကို  ရွေ့ပြောင်းသွားခဲ့တယ်လို့   ဆိုပါတယ်။ဒါဟာလည်း ထည့်မစဥ်းစားလို့  မရတဲ့အချက်ဖြစ်တယ်။၎င်းနဲ့  ပက်သက်တဲ့အကြောင်းအရာတွေ ရေးစရာအများကြီးရှိပေမဲ့  လက်ခံနိုင်သူ နည်းလို့ မရေးဖြစ်ပါဘူး။ထားတော့ ... အဲ့သည်အပိုင်း

( ၅  ) ယူကရိန်းကို  ထောက်ပံ့နေတဲ့အမေရိကန်ပြည်သူတွေရဲ့အခွန်ငွေ ( ၁၁၃ ) ဘီလျီယံ သောပမာဏအတွက်  အမေရိကန်ပြည်သူတွေက  မကြည်ဖြူနိုင်တော့တာ  တွေ့ရတယ်။ ယူကရိန်းအတွက်နဲ့   နျူးကလီးယားစစ်ပွဲ ဖြစ်မှာမျိုးလည်း  အမေရိကန်ပြည်သူတွေ  မလိုလားကြပါဘူး။ ဆွေးနွေးပွဲကတဆင့်  ငြိမ်းချမ်းရေးရသွားဖို့ပဲ  စိတ်ဆန္ဒရှိနေကြတာ  တွေ့ရပါတယ်။ အမေရိကန်အုပ်ချုပ်ရေးပိုင်းက  အကျိုးအမြတ်အတွက်  ကွက်ကွက်ကွင်းကွင်းရှိနေလို့   စစ်ဖြစ်ချင်နေတယ်ဆိုခဲ့ရင်တောင်  အမေရိကန်ပြည်သူတွေကို  လှည့်ဖျားဖို့   မလွယ်ဘူး ၊ ကမ္ဘာ့ပြည်သူတွေကို  လှည့်ဖျားဖို့  မလွယ်ပါဘူး။ဒါကလည်း ထည့်မစဥ်းစားလို့  မရတဲ့အချက် ဖြစ်ပါတယ်။

( ၆ ) ဥရောပနိုင်ငံတွေကလည်း  လေသံသာ  ပစ်နေပေမဲ့   ရုရှားဆီက  ဓာတ်ငွေ့၊ရေနံ မယူဖို့အရေး နှင့်  စစ်လက်နက်ပစ္စည်းထောက်ပံ့ရေးမှာ  တွန့်နေကြလို့ ၊ ဝိုင်းတိုက်တွန်းလို့သာ  မတတ်သာ လုပ်ပေးနေရတဲ့ပုံပေါက်တယ်။ ဒါဟာလည်း  ထည့်မစဥ်းစားလို့  မရတဲ့အချက်ဖြစ်ပါတယ်။

( ၇ )  ၂၀၂၄  မှာ  သမ္မတဂျိုးဘိုက်ဒန်ဆင်းသွားရင်  နောက်တက်လာမဲ့ အမေရိကန်သမ္မတဟာ  ယူကရိန်းအရေးအား  ခုလောက်စိတ်ဝင်စားမှု  ရှိချင်မှ   ရှိပါလိမ့်မယ်။၎င်းကိုလည်း တွက်ချက်ရမှာ ဖြစ်ပါတယ်။

( ၈  ) စစ်ဖြစ်ပြီး တစ်နှစ်ကြာပြီးနောက်မှာ ရုရှားရဲ့စီးပွားရေးဟာ  ထင်သလောက်  ထိုးကျသွားတာ မတွေ့ရဘူး။ အရာအရာပြင်ဆင်ပြီးမှ  ရုရှားက လှုပ်ရှားတဲ့သဘောလို့   ကောက်ချက်ဆွဲလို့ရနိုင်တယ်။  

( ၉  ) ယူကရိန်းဟာ အရင်ကတည်းက  အဂတိတရားတွေ  ထူပြောတဲ့နေရာအဖြစ်  ပြောစမတ်ဖြစ်နေခဲ့ပေမဲ့  ရုရှား - ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ငွေတွေကို   ယူကရိန်းအရာရှိတွေ လာဘ်စားတဲ့ကိစ္စဟာ  ကမ္ဘာသိလို   ပြန့်သွားခဲ့ပါတယ်။ ဒါဟာလည်း   ထည့်မစဥ်းစားလို့  မရတဲ့အချက်  ဖြစ်ပါတယ်။

အားလုံးကို  ခြုံငုံသုံးသပ်ကြည့်ရရင်   ကမ္ဘာ့နိုင်ငံတွေရဲ့ ယူကရိန်းပေါ်ထောက်ပံ့မှု  ရပ်သွားတဲ့တနေ့  ၊ ငြိမ်းချမ်းရေးအပစ်အခတ်စာချုပ် ချုပ်ဆိုပြီး  ရုရှား - ယူကရိန်းစစ်ပွဲဟာ  အဆုံးသတ်သွားဖွယ်  ရှိတယ်လို့ပဲ   ခန့်မှန်းရပါတယ်။ ဒီကြားထဲမှာ  စက်ပိတ်ထားရက်နဲ့  နျူးကလီဒုံးကျည်ကြီး  ချော်တောငေါ့ပြီး  ထွက်သွားရင်တော့  မပြောတတ်ဘူး။

myanmar  society 🇲🇲

မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း