US ကောင်းကင်က တရုတ်လေဘော်လုံး
အိမ်ဖြူမှာ တရုတ်နှစ်သစ်ကူးပွဲကျင်းပပြခဲ့တယ်။
အဲ့သည်လို အိမ်ဖြူမှာ တရုတ်နှစ်သစ်ကူးပွဲမကျင်းပခင် အပြင်က တရုတ်နှစ်သစ်ကူးပွဲမှာ ပစ်ခတ်မှုဖြစ်လို့ လူ ( ၁၀ ) ယောက်သေသွားခဲ့တဲ့ဖြစ်စဥ် ရှိခဲ့တယ် ၊ အဲ့ဒါကို စာနာသောအားဖြင့် အိမ်ဖြူမှာ တရုတ်နှစ်သစ်ကူးပွဲ ကျင်းပခဲ့တာ ၊ ဖြစ်စဥ်က အဲ့သည်လိုပါ ။ ရိုးသားမှု ရှိ/ မရှိကတော့ တွေးစရာ ရှိတာပေါ့လေ ။
ယခု Spy Balloon အမေရိကန်ပေါ်က ဖြတ်ပျံပြတယ်။ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ စီစီပီအားပေးတွေ အားတက်တာပေါ့လေ။ နောက်ပြဿနာကတော့ နောက်ရှင်းပေါ့။
ကမ္ဘာမြေကို လှည့်ပတ်လျက်ရှိသော ဂြိုလ်တု (၈၂၆၁) လုံးအနက် ဂြိုဟ်တု (၄,၈၅၂) လုံးဟာ သက်ဝင်လှုပ်ရှားလျက်ရှိပါတယ်။တရုတ်ပြည်ကနေ လွှတ်တင်ထားတဲ့ဂြိုလ်တုတွေလည်း မနည်းမနောပါပဲ။၎င်းဂြိုလ်တုတွေကနေ အချိန်နဲ့တပြေးညီ မည်သည့်နေရာကိုမဆို ကြည့်နိုင်တဲ့အနေအထားမှာ အဖြူရောင်တရုတ်လေဘော်လုံးကြီးက အမေရိကန်ကောင်းကင်မှာ ခန့်ခန့်ကြီးမျောပြီး ထောက်လှမ်းဖို့ လုပ်နေရတယ်ဆိုတာမျိုးက အဓိပ္ပာယ်သိပ်မရှိလှပါဘူး။
ဘယ်နိုင်ငံ ၊ ဘယ်သူ ၊ ဘယ်သမ္မတ ၊ ဘယ်သတင်းထောက်လှမ်းရေးမှ အဲ့လောက် မအ' ဘူးထင်ပါတယ်။ 90 ဂွမ်တိ ခေတ်မှ မဟုတ်တာ 90ဂွမ်တိအထာ လုပ်စရာ မလိုဘူးထင်ပါတယ်။ လိုအပ်လို့ လုပ်နေရပါဆိုခဲ့ရင် သေချာတယ် သူတို့ပြောတဲ့နည်းပညာဆိုတာ အင်' တွေများနေလို့ပဲ။
စစ်ရေးသဘောအရ ဘာရယ်လို့ မခန့်မှန်းနိုင်ပေမဲ့ နိုင်ငံရေးသဘောအရကြည့်မယ်ဆိုရင်တော့ ဘဂျိုးနှင့်ဒီမိုကရက်တွေရဲ့ ယူကရိန်းအရှုပ်ထုပ်ကိစ္စ ၊ အမေရိကန်ထောက်ပံ့ငွေနဲ့ ထူထောင်ထားတဲ့ယူကရိန်းက ဇီဝဓာတ်ခွဲခန်းကိစ္စတွေကို အမေရိကန်ပြည်သူတွေ အရမ်းအပြောများနေလို့ အာရုံစူးစိုက်မှုအား လျော့ချချင်တာလည်း ဖြစ်နိုင်ပါတယ်။၎င်းဇစ်မြစ်တွေကို လိုက်မယ်ဆိုရင် ပင်တဂွန်ကလည်း ၎င်းကိစ္စတွေမှာ ပါဝင်ပက်သက်နိုင်ခြေ များနေလို့ပါ။
စဥ်းစားကြည့်လေ ...
သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာ စစ်ဖြစ်ပစ်မယ်ဘာညာနဲ့ ကြွေးကြော်နေချိန် သမ္မတကွယ်ရာ နောက်ကနေ စီစီပီကို "ကျနော်တို့ စစ်မဖြစ်ပါဘူးခင်ဗျ ၊ အဲ့ဒါ လေသက်သက်ပါခင်ဗျနဲ့ " ပင်တဂွန်က ဗိုလ်ချုပ်တချို့ စီစီပီကို ဆက်သွယ်ပြောခဲ့ကြတဲ့ လျှို့ဝှက်ကိစ္စ ပေါ်ပေါက်လာခဲ့တာကို မှတ်မိကြအုံးမှာပါ။ အဲ့သည်ကိစ္စမှာ တာဝန်အရှိဆုံးဖြစ်တဲ့ မာ့ခ်မိုင်လေကို အရေးယူမယ်လုပ်တော့ သူ့ကို ဆွဲပြီး Save လုပ်ခဲ့တာက လက်ရှိသမ္မတ ဘဂျိုးပဲ။
တရုတ်မိုးပျံပူပေါင်းကို ဘယ်သူကများ ပစ်ချဖို့ ပြောမလဲ စောင့်ကြည့်နေတာမှာ " ပစ်သာချပစ်လိုက်ပါကွာ " ဆိုပြီး ပထမဆုံး ပစ်ချဖို့ အမိန့်ပေးစကားသံထွက်လာတာက ဒေါ်နယ်ထရန့်ဖြစ်နေခဲ့တာပါ။
လေဘော်လုံးကြီးပစ်ချရင် ပြည်သူအိုးအိမ်ပေါ်ကျပြီး ထိခိုက်မယ် ၊ စောင့်ကြည့်နေပါတယ်ဆိုပြီး ဘဂျိုး နှင့်ပင်တဂွန်ကတော့ သတင်းစာ ရှင်းလင်းခဲ့ပါတယ်။၎င်းပေါ် အုံးအုံးကျွတ်ကျွတ် ဝေဖန်ကြလို့ ခုတော့ ပစ်ချလိုက်ပါပြီတဲ့ ...
သို့ပေသိ ဝေဖန်သံတွေကတော့ ဆက်လက်ထွက်ပေါ်နေဆဲပါ။
"They shot down but too little to late"ပါတဲ့
myanmar society 🇲🇲