နွားကုတ် လက်ကိုင် လုပ်နေဖို့မလို
မြန်မာ့အရေးနဲ့ပက်သက်လို့ ဒီမိုကရက်တွေနဲ့ အလုပ်မဖြစ်ခဲ့ရင် ရီပက်ဗလစ်ကန်တွေနဲ့ ဆွေးနွေးကြည့်စေချင်ပါတယ်။အောက်လွှတ်တော်ဥက္ကဌအသစ် " ကီဗင်မကာသီ"နဲ့ရော မိတ်ဆက်ဆွေးနွေးကြည့်ပြီးပြီလား။
မြန်မာ့အရေးအတွက် ရေတို၊ရေရှည် ဆက်ဆံရေးအတွက် အမေရိကန် အောက်လွှတ်တော်၊အထက်လွှတ်တော် ( ၂ ) ရပ်လုံးနဲ့ ထိတွေ့မှု ရှိထားခဲ့ရင် ပိုကောင်းမယ် မြင်ပါတယ်။ဒီမိုကရက်တွေနဲ့ရော ရီပက်ဗလစ်ကန်တွနဲ့ပါ ဆက်ဆံကြည့်ဖို့လိုပါတယ်။ဒီမိုကရက်တွေရဲ့နိုင်ငံရေး၊ရီပက်ဗလစ်ကန်တွေရဲ့နိုင်ငံရေး ဘယ်လိုအထာရှိတယ်ဆိုတာ အမျိုးသားညွတ်ရေးအစိုးရ၏ခေါင်းဆောင်များအနေနဲ့ သိပြီး ဖြစ်လောက်မှာပါ။( ၂ ) ဖက်လုံးနဲ့ဆက်ဆံတဲ့အခါ ပါးပါးနပ်နပ် ဖြစ်ဖို့တော့လိုပါတယ်။
ယေဘုယအားဖြင့် အမေရိကနှင့်ဥရောပလောက်သာ လစ်ဘရယ်ဒီမိုကရေစီဝါဒက ဖြစ်ထွန်းတာပါ။
ကျန်တဲ့ကမ္ဘာ့အစိပ်အပိုင်းတွေက အမျိုးသားရေးဝါဒအခြေခံသော နိုင်ငံရေးစနစ်များသာ ဖြစ်ကြပါတယ်။အဲ့သည် အမေရိကနှင့်ဥရောပမှာတောင် အမျိုးသားရေးဝါဒီတွေ ရှိပါသေးတယ်။ ကွန်ဆာဘေးတစ် (ရှေးရိုးစွဲသမားတွေ )လို့ ခေါ်ကြတယ်။အမျိုးသားရေးဝါဒီဆိုတိုင်းလည်း မကောင်းမမြင်ပါနဲ့ ၊ သူတို့ဆီက အမျိုးသားရေးဝါဒီက အမှန်အကန် ကိုယ့်ပြည်သူကိုချစ်တဲ့အမျိုးသားရေးဝါဒီသမားတွေဖြစ်ပါတယ်။ မြန်မာပြည်ကလို " ငါတို့အရိုး စည်းရိုးထိုးမယ်"ဟစ်ကြွေးပြီးလုပ်စားတဲ့ စစ်အာဏာရှင်လက်ကိုင်ဒုတ်၊ကလိမ်ခြုံအမျိုးသားရေးဝါဒီတွေ မဟုတ်ကြပါဘူး။
မအလများအဖွဲ့ဟာ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုပ်တဲ့အာဏာရှင်သာဖြစ်ပြီး အမျိုးသားရေးအရေခြုံကာ တရုတ်၊ရုရှားနှင့်အိန္ဒိယကို အသုံးချနေတာသာဖြစ်ကြောင်း တရုတ်၊ရုရှားနှင့်အိန္ဒိယတို့ သိအောင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လုပ်သင့်တယ်။စာရေးပြီး အသိပေးတာမျိုး ဖြစ်ဖြစ်.. တစ်ခုခုပေါ့။
များသောအားဖြင့် မအလများအဖွဲ့ဟာ အမျိုးသားရေးဝါဒီအရေခြုံပြီး တရုတ်၊ရုရှားနှင့်အိန္ဒိယတို့ရဲ့ထောက်ခံမှုကို ရယူလေ့ရှိပါတယ်။အဲ့သည်လိုနည်းနဲ့ VETO အာဏာကို အလွယ်လေး ရယူနိုင်ခဲ့တာ ကြည့်ရင် သိနိုင်ပါတယ်။
"အနောက်တိုင်းဝါဒီတွေရဲ့ ကျူးကျော်မှုကို ခံနေရပါတယ် ၊ ကူပါ..ကယ်ပါပေါ့ "
သူသာလျှင် တိုင်းပြည်ကို အရမ်းချစ်သောအမျိုးသားရေးဝါဒီသမားပုံဖမ်းပြီး ဒေါ်လာဖိနှိပ်အနိုင်ကျင့်မှု ခံနေရပါတယ်ဆိုပြီး ရုရှားကို သွားပြောခဲ့တာကိုကြည့်ရင် မအလများအဖွဲ့ရဲ့ ချဉ်းကပ်စည်းရုံးနည်းကို သိနိုင်တယ်။ ဒေါ်လာဖိနှိပ်အနိုင်ကျင့်ခံနေရပါတယ်လို့ပြောတဲ့အပေါ်မှာ ရယ်ပွဲဖွဲ့နေတာဟာ ဦးနှောက်အားနည်းရာ ရောက်ပါတယ်။
ဝါရင်းဒုတ်တွေ ၊ ဝါးချွန်တွေပေးတယ်ဆိုပြီး ပေါ်ပင်မှာ ပျော်ရွှင်မနေကြပါနဲ့ ။အဲ့ဒါက For Show Only သာ ဖြစ်ပါတယ်။သူ့လူတွေကို သေနတ် ( ၃ ) မျိုး ကိုင်ဆောင်ခွင့်ရအောင် ဥပဒေထုတ်ပေးထားတယ်ဆိုတာ မမေ့စေချင်ပါဘူး။
Never underestimate the power of stupid people.လူမိုက်တွေရဲ့စွမ်းအားကို ဘယ်တော့မှလျှော့မတွက်လေနဲ့။
(ပုံက စိတ်ချမ်းသာအောင် တမင်တကာ ထည့်ပေးထားတာ😌)
myanmar society 🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~