တော်လှန်ရေးများ၏ဥသျှောင်
နွေဦးတော်လှန်ရေး ကျရှုံးသွားခဲ့ရင်
ကရင့်တော်လှန်ရေး၊ကချင့်တော်လှန်ရေး၊ကရင်နီတော်လှန်ရေး၊ရှမ်းတော်လှန်ရေး၊ရခိုင့်တော်လှန်ရေး ၊ချင်းတော်လှန်ရေး၊ဗမာ့တော်လှန်ရေး စသည်ဖြင့်... အမျိုးမျိုးသော ရှိသမျှတော်လှန်ရေးတွေ အကုန်ပျက်သှဥ်းသွားဖို့သာ ရှိပါတယ်...
နွေဦးတော်လှန်ရေးကျရှုံးသွားပြီးနောက်မှာ ပြည်သူလူထုက တော်လှန်ရေးဝေါဟာရပေါ်မှာ အယုံအကြည်မရှိနိုင်တော့လို့ပါပဲ ...
တော်လှန်ရေးကို အနှစ်နှစ်ကာလက လုပ်ခဲ့ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေရော ၊ လက်ရှိတော်လှန်ရေးကြီးကို ခေါင်းဆောင်နေကြပါတယ်ဆိုတဲ့သူတွေရော စဥ်းစားကြဖို့ အင်မတန်ကောင်းလှပါတယ်။သမိုင်းကောင်းတွေရေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။သတ္တိရှိရှိ ယုံယုံကြည်ကြည် ရှေ့တိုးလုပ်ကြစေချင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ
ဖက်ဒရယ်ပြည်ထောင်စု
ဖက်ဒရယ်အာမီ
ဖြစ်လာဖို့ရာအတွက် ဥပဒေသတွေ မရှိသေး/မပြည့်စုံသေးလို့၊အပေးအယူမမျှလို့၊ဘယ်ကစကိုင်လို့ကိုင်ရမှန်းမသိဖြစ်နေလို့ ဖြစ်နိုင်ဖို့ရာခက်ခဲနေရပါတယ်ဆိုတာမျိုးက ဆင်ခြေတစ်ခုထက် မပိုပါဘူး။ပထမဆုံးလိုအပ်ချက်က ဖြစ်ချင်စိတ်ရှိဖို့ပဲ လိုတာပါ။ဖြစ်ချင်စိတ်ရှိလို့ ဖြစ်အောင်လုပ်ခဲ့ရင် လုပ်ရင်းနဲ့ဥပဒေသဆိုတာ နောက်က လိုက်လာမှာပါပဲ။
ဘုရားက အရင်မွေးဖွား၊အရင်ဖြစ်တည်ပြီးမှ ဘုရားရဲ့ ဓမ္မကျမ်းစာတွေ၊ ဥပဒေသတွေက တရားဟောရင်း နောက်မှပေါ်ထွက်လာတာ ဖြစ်ပါတယ်။
လူသာ အဓိကဖြစ်ပါတယ်...
myanmar society 🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာ ရှိကြပါစေ ~~