နွေဦးတော်လှန်ရေးသည် မှတ်ကျောက်လည်း ဖြစ်သည်


တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်က အာစီယံဘုံသဘောတူညီမှု မူ ( ၅ )ချက်ကို ထောက်ခံတဲ့ပေါ် အာစီယံက ကြိုဆိုစကားဆိုလိုက်ပြီး  တရုတ်အထူးသံက  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ပြီး   NUG ရဲ့အမေရိကန်မှာ ရုံးခန်းဖွင့်တဲ့ကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့တယ်လို  သိရပါတယ်( KIO ကတော့  NUG ရုံးဖွင့်လှစ်တာကို  ဆွေးနွေးတာမျိုး မရှိခဲ့ဘူး၊လာရောက်မိတ်ဆက်တာလို့ ဆိုပါတယ်)။

NUG ရဲ့ပြောဆိုချက်ဟာ သံတမန်ရေးမဆန်ဘူးလို့လည်း  စီစီပီဖက်က ဆိုပါတယ်။တရုတ်ပြည်ဖက်ကရော ပြည်သူ့ကရွေးကောက်တင်မြှောက်ထားတဲ့  NUG အစိုးရကို  ဘာတွေများ သံတမန်ရေးဆန်ဆန်ပြောခဲ့ ၊ ကူညီခဲ့ဖူးလဲလို့  မေးခွန်းထုတ်စရာ  ရှိပါတယ်။

စီစီပီပြောပြောနေတဲ့ " မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်" ဆိုတာ ပြည်သူတွေ အားမသာခင်ထိသာ ဖြစ်ဖွယ်ရှိပါတယ်။ပြည်သူတွေ အားသာလာတာနဲ့ စီစီပီဟာ ဝင်စွက်ဖက်လာမည့်အရိပ်အရောင်တွေ တွေ့နေရပါတယ်။

အာစီယံဘုံသဘောတူညီမှု  မူ ( ၅  )ချက်ဆိုတာ  စီစီပီချပေးထားတဲ့ Guide Line သက်သက်သာ ဖြစ်ပါတယ်။လိုရင်းတိုရှင်းပြောရရင် တော်လှန်ရေးကြီး  ခုလိုမအူမလည်ဖြစ်နေအောင်  စီစီပီက  လုပ်ထားတာပါ။


စီစီပီဟာ အာစီယံပေါ်မှာ  သြဇာသက်ရောက်မှု ကြီးမားသလို ၊ ပြည်တွင်းက တချို့တချို့သော EAOs တွေပေါ်မှာလည်း သြဇာသက်ရောက်မှုက  ကြီးမားပါတယ်။မတတ်သာလို့  ဆက်ဆံရတယ်ဆိုရင်တောင်  သတိကြီးကြီးထားဆက်ဆံသင့်တဲ့ အရာမျိုးဖြစ်တယ်လို့  မြင်မိတယ်။ကိုယ်တွင်ပါလို့  နွား  ကျားကိုက်ခံရမှာမျိုးက  မဖြစ်သင့်ဘူးပဲ  မြင်ပါတယ်။

တော်လှန်ရေးကြီးအောင်ဖို့  အမေရိကန် ကူမှဖြစ်မှာလားဆိုတော့  အဲ့သည်လိုတော့ မဟုတ်ပါဘူး၊ စီစီပီက ကူရင်လည်း  ဖြစ်ပါတယ်။တချို့ကိစ္စတွေမှာ မျက်လုံးမှိတ်ပေးထားရင် ရပါတယ်။ဒါပေမဲ့  ဘယ်လိုနားချချ  မရတဲ့အစားထဲမှာ  စစ်ကောင်စီအပြင်  စီစီပီလည်းပါတယ်။အာဏာမသိမ်းခင်ကတည်းက မြန်မာအပါအဝင် အာစီယံနဲ့ပက်သက်လို့   စီစီပီဟာ ဘယ်လိုတော့ မဖြစ်သင့်ကြောင်း ခဏခဏဝေဖန်ဖူးပေမဲ့  စီစီပီဟာ အလေးမထားခဲ့ပါဘူး။

ပြည်သူဖက်ကို  မကြည့်တဲ့စီးပွားရေးတွေကြောင့်  မြန်မာပြည်တင်သာမက  နိုင်ငံရပ်ခြားမှာ  သွားလုပ်တဲ့စီစီပီရဲ့စီးပွားရေးတွေဟာ  နာမည်ဆိုး၊နာမည်ပျက်ရတာ များတယ်။အထူးသဖြင့်  ပြည်တွင်းနိုင်ငံရေးကို  ဝင်ခလောက်တာမျိုးကို  မြန်မာပြည်သူတွေက လုံးဝသဘောမတွေ့ပါဘူး။

👉 NUG၊ပြည်တွင်းက EAOs/EROsတွေ၊စီစီပီ၊ အာစီယံ၊အမေရိကန်၊ဥရောပနိုင်ငံတွေအပါဝင်  အားလုံး(အားလုံး)ကို  ဒီတော်လှန်ရေးကြီးက  စောင့်ကြည့်မှတ်တမ်းတင်နေကြတယ်ဆိုတာ မမေ့ကြဖို့တော့  လိုပါတယ်။ 👈

အနာဂတ်ဆက်ဆံရေး ကောင်းမွန်ခြင်း၊မကောင်းမွန်ခြင်းက ပြည်သူတွေရဲ့တော်လှန်ရေးပေါ်မှာ ဘယ်သူတွေက ဘယ်လိုဆက်ဆံခဲ့ကြတယ်ဆိုတဲ့အပေါ် အများကြီး  မူတည်ပါတယ်။

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း