တဘောင်များနှင့်နိုင်ငံရေးသပ်လျှိုမှု
ဝေသာလီပြည်ကို ဖျက်ဖို့ ကြံစည်ရာမှာ တဘောင်'လက်နက်ဟာ အဓိကနေရာမှ ပါဝင်ပါတယ်။လူတွေကို ဝေဝါးအောင်၊ယုံမှားသံသယဖြစ်အောင်၊တွေဝေအောင်၊အဲ့သည်တဘောင်ဟာ အမှန်ဆိုတာ ယုံကြည်လာအောင် ဆိုက်ဝါးထည့်တာမျိုးပါ။နောက်ကွယ်ကနေ နိုင်ငံရေးအရ ၎င်းတဘောင်ဟောကိန်းဟာ တကယ်ဖြစ်လာတော့မဲ့ပုံစံမျိုး လူတွေယုံလာအောင် ထောက်ပံ့ပေးရတာမျိုးတော့ ရှိတာပေါ့။ နဂါးကိစ္စကို အစပြန်ကောက်ရရင်_____ "တပေါင်းစစ်ချီ ဒေါင်းစစ်သည်" တဘောင်က စပါတယ်။ အဲ့သည်ထဲမှာ "နဂါးတက်မင်း ပြည်တော်ဆင်း တိုင်းပြည်သာယာ ဝပြောမယ်" ဆိုတာပါပါတယ်။နဂါးတက်မင်းဆိုတာ နဂါးအမည်ရပုဂ္ဂိုလ်အား ဆိုလိုတာလား၊ နဂါးတက်တူးတိုးထားသူလား... နဂါးကိုနှိမ်နင်းပြီး တက်လာမည့်မင်းလား ... ဘာမှရေရေရာရာ ပြောထားတာမျိုးလည်း မရှိပါဘူး။ရှေးပဝေသဏီက တဘောင်ကို ချိန်ကိုက် လော်ဘီလုပ်ပြီး ထုတ်လာတာကလည်း အတော်သံသယ ရှိစရာကောင်းပါတယ်။လူထုကို စုစည်းအင်အားပြစေချင်လို့ လော်ဘီလုပ်ပြီး ထုတ်လိုက်တာလားတော့လည်း မပြောတတ်ဘူး။အဲ့သည်လို ထုတ်လာတဲ့တဘေ...