တဘောင်များနှင့်နိုင်ငံရေးသပ်လျှိုမှု


ဝေသာလီပြည်ကို ဖျက်ဖို့  ကြံစည်ရာမှာ  တဘောင်'လက်နက်ဟာ  အဓိကနေရာမှ ပါဝင်ပါတယ်။လူတွေကို ဝေဝါးအောင်၊ယုံမှားသံသယဖြစ်အောင်၊တွေဝေအောင်၊အဲ့သည်တဘောင်ဟာ အမှန်ဆိုတာ ယုံကြည်လာအောင်  ဆိုက်ဝါးထည့်တာမျိုးပါ။နောက်ကွယ်ကနေ  နိုင်ငံရေးအရ  ၎င်းတဘောင်​ဟောကိန်းဟာ တကယ်ဖြစ်လာတော့မဲ့ပုံစံမျိုး လူတွေယုံလာအောင်   ထောက်ပံ့ပေးရတာမျိုးတော့  ရှိတာပေါ့။

နဂါးကိစ္စကို  အစပြန်ကောက်ရရင်_____ 
"တပေါင်းစစ်ချီ  ဒေါင်းစစ်သည်" တဘောင်က စပါတယ်။ အဲ့သည်ထဲမှာ  "နဂါးတက်မင်း  ပြည်တော်ဆင်း တိုင်းပြည်သာယာ ဝပြောမယ်" ဆိုတာပါပါတယ်။နဂါးတက်မင်းဆိုတာ နဂါးအမည်ရပုဂ္ဂိုလ်အား ဆိုလိုတာလား၊ နဂါးတက်တူးတိုးထားသူလား...  နဂါးကိုနှိမ်နင်းပြီး  တက်လာမည့်မင်းလား ... ဘာမှရေရေရာရာ ပြောထားတာမျိုးလည်း  မရှိပါဘူး။ရှေးပဝေသဏီက  တဘောင်ကို  ချိန်ကိုက်  လော်ဘီလုပ်ပြီး  ထုတ်လာတာကလည်း  အတော်သံသယ ရှိစရာကောင်းပါတယ်။လူထုကို  စုစည်းအင်အားပြစေချင်လို့  လော်ဘီလုပ်ပြီး  ထုတ်လိုက်တာလားတော့လည်း  မပြောတတ်ဘူး။အဲ့သည်လို  ထုတ်လာတဲ့တဘောင်ကို  စကစ'ဘက်က တန်ပြန်ဇာတ်လမ်းထွင်သရော့လား။ စသည်ဖြင့် ..စဉ်းစားစရာတွေတော့ အများကြီး ရှိပါတယ်။

တဘောင်ကို  တအားယုံတဲ့မြန်မာပြည်သူတွေအတွက်  နဂါးကို ဖန်တီးခံလိုက်ရတာမျိုးပါ။
အဲ့သည်  နဂါး character ကို  ဖန်တီးသူဟာ  နိုင်လင်း'ကိုယ်တိုင်ပဲလား၊သူ့နောက်မှာ  အဖွဲ့အစည်းတစ်ခုခု ရှိနေသေးလားဆိုတာတော့ သူမှပဲ သိလိမ့်မယ်။နဂါးတပ်ကြီး  တိုင်းပြည်အနှံ့  ဖြန့်ကျက်ထားသယောင်ယောင်  အထင်ရောက်လာစေဖို့   MRDA  တပ်ခွဲ  Page တွေ ရှောက်ထောင်ပြီး  လုပ်တော့တာ။ 

အဲ့ဒါမျိုးကို  Political Injection လုပ်တယ်လို့  ခေါ်ပါတယ်။ 

အစပိုင်းတုန်းကတော့ ___
" အို.. ပြည်သူအပေါင်းတို့ .. ငါတော့  နဂါးဖြစ်တော့သကိုး " ပေါ့ဗျာ 😁 

နောက်ပိုင်းမှာတော့ ____
" တယ်ဟုတ်လိုက်တဲ့ ငါ "ဆိုပြီး  
မိုးမမြင်၊လေမမြင် ဖြစ်ကုန်တော့တာပါပဲ။


ခန္ဓီ - သည်းခံခြင်းဆိုရာဝယ် ... လူအတော်များများဟာ   ဆင်းရဲတဲ့ဒုက္ခဒဏ်ကို  မျက်ရည်ရွှဲလဲ ခါးစည်းပြီး သည်းခံနိုင်ကြပေမဲ့  ချမ်းသာတဲ့သုခဒဏ်ကိုတော့ သည်းမခံနိုင်ကြတာများတယ်။လူတစ်ယောက်၏မျှော်မှန်းထားချက်ထက် ပိုမိုတဲ့သုခ ချမ်းသာပေးလိုက်ရင်  ရူးသွားကြတာများတယ်။သီလ' အားမကောင်းတဲ့သူကို   ရာထူး၊အာဏာနှင့်ငွေနံ့ပေးလိုက်ရင်  ဘဝင်လေဟတ်ပြီး ရူးကုန်တော့တာ။
 

myanmar society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း