ဗမာတွေ ပြုံးပြီး ကြည့်နေတယ်😊😊


MRDA မစွံတော့လို့  BNRA အဖြစ်ပြောင်းလဲဖွဲ့စည်း အစွံထုတ်တာမျိုးလား 😁😁။အစွံထုတ်ရင်း တဖြည်းဖြည်းနဲ့အစွန်လည်း ရောက်သွားအုံးမယ်။

၎င်းကိစ္စနဲ့စပ်လျင်းတဲ့  ဗီဒီယိုဖိုင်ကို "ဂါးကြီး"က  နောက်မှ  ထုတ်ပြန်မယ်ဆိုပဲ 🙄။အဲ့သည်တော့ BNRA ဆိုတာလည်း "ဂါးကြီး"ပဲပေါ့။

"အညာကံကြမ္မာ  အညာပြည်သူတွေဖန်တီးမယ်"ဆိုပြီး အသံကောင်း ဟစ်နေတာကတော့ အရမ်းပဲ။ကချင်နှင့်ကရင်လက်နက်ကိုင်အဖွဲ့တွေတောင်  အဲ့သည်လို  ပြောလာတာ  နှစ်( ၇၀ )ရှိပြီ။ 
ဘာလို့  သူများ IDEOLOGY ကို  ကူးချနေမှာလဲ။အဲ့သည်လို  ကိုယ်ပိုင် IDEOLOGY မထုတ်နိုင်သူတွေက  ဦးဆောင်ပြီး အညာရဲ့ကံကြမ္မာကို ပြောင်းလဲမလို့တဲ့။ကျန်တဲ့သူတွေတော့ မသိပေမဲ့  အညာသားဖြစ်တဲ့ငါကတော့  ရင်လေးမိတယ် ...😩

တော်လှန်ရေးလုပ်မည့် အညာသားတွေရေ ..  
ငါတို့ပေးဆပ်လိုက်ရတဲ့အသက်တွေက လူမသိ သူမသိပေးဆပ်လိုက်ရတာမျိုး အဖြစ်မခံပါနဲ့ ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ကာကွယ်ရေးဝန်ကြီးဌာနအောက်သွားပြီး အမှုထမ်းကြ ၊ တော်လှန်ရေးလုပ်ရင်း ကျသွားရင်  သူရဲကောင်းစာရင်းသွင်းပေးခိုင်း ၊ သူရဲကောင်းဗိမာန်မှာ ကမ္ဗည်းထိုးခိုင်း ၊ နောင်တချိန် အစိုးရဖြစ်လာရင်  အသက်စွန့်လွှတ်ခဲ့မှုအတွက် ကျန်ခဲ့တဲ့မိသားစုကို  နစ်နာကြေးနှင့်ပင်စင် ပေးရမယ်လို့တောင်းဆိုပြီး  ကတိကဝတ်စာချုပ်နဲ့  အလုပ်လုပ်တာက  ပိုပြီးရေးရေးရာရာရှိပါတယ်။ပိုပြီးလည်း လက်တွေ့ဆန်ပါတယ် ၊ မိမိလုပ်ချင်တဲ့တော်လှန်ရေးလည်း  လုပ်လို့ရတယ် ၊ ရင်းနှီးမြှုပ်နှံမှုသဘောတရားလည်း ဆန်တယ်။ခြေခြေမြစ်မြစ်ရှိတာကို  အမိအရ ဖမ်းဆုပ်ပါ။ 

သမိုင်းမှာ ကမ္ဗည်းထိုးတယ်ဆိုတာ ထိုးတတ်မှ ထင်ပေါ်တာမျိုးပါ။

Admin
myanmar society 🇲🇲


[ စကားချပ် ။      ။ Third Party ဆိုတဲ့အုပ်စုတွေ  ကျဉ်းထဲကြပ်ထဲမှာ  စုစည်းပီး  ဗ' ဗလ အင်အားပြကြအုံးမလားတောင်  မပြောတတ်ပါဘူး၊ တွေးကြည့်တာပါ ။  Third Party ဆိုပြီး အော်ဟစ်နေတဲ့လူပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းတချို့ကို  ကြည့်လိုက်ရင်  Ideology & Future Planing ဘာမှရှိတာမဟုတ်ပါဘူး။အဲ့သည်လိုလူမျိုးတွေဆီက  အနာဂတ်နိုင်ငံတော်ကြီးရပ်တည်ဖို့  မ,တည်မည့်အကြံဉာဏ်နှင့်အနာဂတ်စီမံကိန်းတွေ   ဖြစ်လာဖို့ဆိုတာ အဝေးကြီးပါ။သူများလမ်းစဉ် အတုခိုးပြီး  တစင်ထောင်ရင်ဖြင့်   ဇာတ်ကရင်းနဲ့ ဇာတ်စင်ပြိုကျမည့်အဖွဲ့သက်သက်ပဲ။

အဲ့သည်လို လူမျိုးတွေနှင့်အဖွဲ့တွေကို   တရုတ်ပြည်မကြီးကသော်လည်းကောင်း(သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ကသော်လည်းကောင်း   ထောက်ပံ့ပေးဖို့   ပြင်ဆင်နေခဲ့သည်များရှိခဲ့လျှင်လည်း  ချက်ချင်းသာ ရပ်တန့်လိုက်ပါ။မဟုတ်ရင် ခင်ဗျားတို့ပါ ရောပြီးနာမည်ပျက်နေမယ်လို့ အသိပေးပါရစေ။ ]

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း