စင်္ကြာဝတေးမင်းနေရာ လုပွဲ



ကမ္ဘာကြီးကိုချုပ်ကိုင်ဖို့ ကြိုးစားရာမှာ_____

Deep State နည်းက တမျိုး

အမေရိကန်နည်းက တမျိုး

ဥရောပနည်းက တမျိုး

စီလုပ်နည်းက တမျိုး

အဘိုင်နည်းက  တမျိုး
အဲ့သည်လို ခွဲခြားပြီးပြောရမယ်ထင်ပါတယ်။

အဘိုင်တို့ကိုလည်း အထင်မသေးလေနဲ့ ၊ အဘိုင်တို့က ပိရိတယ်နော် ၊ အတွင်းကြိတ်ကြံနေတာကြာပြီ ၊ လုပ်တာကတော့ ကြိတ်လုပ်နေကြတာပဲ 😁😁


ထိုင်ခုံပေါ်က ဘွားတော်က  ရှိတ်ဟာစီယာနာ၊ဒူးထောက်ထားတဲ့တစ်ယောက်က ဗြိတိန်ဝန်ကြီးချုပ် ၊ မိသားစုဓာတ်ပုံထဲကတစ်ယောက်က  အမေရိကန်သမ္မတ လုပ်မယ်ဟစ်ကြွေးနေသူ ၊  နောက်တစ်ယောက်က စင်္ကာပူသမ္မတ။


နောက် ( ၅ ) နှစ်မှာ အရှေ့အလယ်ပိုင်းဟာ  ဥရောပသစ်ဖြစ်လာမယ် မှန်းချက်ထုတ်နေတဲ့ဆော်ဒီမင်းသားပြောတာကလည်း  အရမ်းကြီး ယုတ္တိမတန်တာမျိုးတော့လည်း  မဟုတ်ပေဘူး။ လာမည့်အနှစ် ( ၃၀ )တွင်း  ကမ္ဘာ့ပြန်လည်ဆန်းသစ်ရေးဟာ အရှေ့အလယ်ပိုင်းမှာ  ဖြစ်ပေါ်မယ်လို့  သူက ပြောနေတာ။

" ဥရောပသစ်ဟာ အရှေ့အလယ်ပိုင်းဖြစ်လာမယ်လို့ ငါတော့ထင်တာပဲ။ လာမည့်ငါးနှစ်အတွင်း ဆော်ဒီအာရေဗျဘုရင်နိုင်ငံဟာ အရင်နဲ့မတူ လုံးဝကွဲပြားခြားနားမှာဖြစ်တယ်။ဘာရိန်းဟာလည်း  အရင်နဲ့မတူကွဲပြားခြားနားနေမယ်။ကူဝိတ်နှင့်ကာတာလည်း အရင်နဲ့မတူ ကွဲပြားခြားနားနေမယ် ၊ သူတို့မှာ  ခိုင်မာသောစီးပွားရေးရှိလို့  လာမည့်ငါးနှစ်အတွင်း အရင်နဲ့မတူကွဲပြားခြားနားမှာဖြစ်ပါတယ်။  

UAE ၊ Oman ၊ Labanon ၊ Jordan ၊ Egypt , Iraq တို့မှာလည်း  သူတို့အခွင့်အလမ်းနဲ့ သူတို့ရှိတယ် ။နောက်ငါးနှစ် မှာ အောင်မြင်ရင် အခွင့်အလမ်းတွေ အများကြီး ငါတို့နောက်ကို လိုက်လာလိမ့်မယ်။  

လာမည့်နှစ် ( ၃၀ ) တွင်  ကမ္ဘာ့ပြန်လည်ဆန်းသစ်ရေးဟာ အရှေ့အလယ်ပိုင်းတွင် ဘုရားသခင်အလိုတော်အတိုင်းရှိလိမ့်မယ်။ ဒါက ဆော်ဒီရဲ့ စစ်ပွဲပဲ၊ဒါဟာ ငါကိုယ်တိုင် ခံယူထားတဲ့ ငါ့စစ်ပွဲဖြစ်ပြီး အရှေ့အလယ်ပိုင်းကို  ကမ္ဘာကြီးရဲ့ရှေ့ဆောင်အဖြစ်  ငါမမြင်ရခင်မှာ ငါမသေချင်သေးဘူး။ ရည်မှန်းချက်ဟာ ၁၀၀ % အောင်မြင်မယ်လို့ ထင်ပါတယ်"

[ Mohammed bin Salman Al Saud
( Crown Prince of Saudi Arabia ) ပြောထားတဲ့ ဗီဒီဖိုင်ထဲက  စကားလုံးတွေကို  ကောက်နှုတ်ဘာသာပြန်ဆိုထားခြင်းသာ ဖြစ်ပါတယ်]

အိန္ဒိယ - အရှေ့အလယ်ပိုင်း - ဥရောပဆက်သွယ်မည့်  စင်္ကြန်လမ်း ( IMEC ) ဖောက်ဖို့လည်း  တာစူနေကြတာ ဖြစ်ပါတယ်။

ဘယ်သူက  ဘယ်သူ့ကို ဆော်မလဲတော့  မ​ပြောတတ်ဘူး။ပြန်လည် ဆန်းသစ်နိုင်မလား(သို့မဟုတ်)ပြန်ပြီး    တပတ်လည်သွားမလားကတော့  စောင့်ကြည့်ကြပါစို့ ...

myanmar society 🇲🇲





Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း