One World,One Government,One Policy
ဘာပိုင်ဆိုင်မှုမှ မရှိတဲ့ဘဝကြီးက ပျော်စရာကောင်းမယ်လို့ သင်ယူဆပါသလား ??
ပိုင်ဆိုင်နိုင်ခွင့်ရှိရဲ့သားနဲ့ မပိုင်ဆိုင်ချင်လို့ မပိုင်ဆိုင်တာမျိုးကတော့ သင့်ကို စိတ်ဆင်းရဲစေမှာ မဟုတ်ပါဘူး။
ဥပမာ - ကားတစ်စီးဝယ်နိုင်သည့်ဓနအင်အား သင့်မှာ ရှိတယ် ၊ ဒါပေမဲ့ စက်ဘီးစီးရတာကို သဘောကျလို့ ကား မဝယ်တာမျိုးက သင့်ကို စိတ်ဆင်းရဲစေလိမ့်မယ် မဟုတ်ပါဘူး။ Branded တွေ ဝယ်ဝတ်နိုင်တယ် ရိုးရိုးရှင်းရှင်းပဲနေရတာ သဘောကျလို့ Branded တွေ မဝယ်ဝတ်တာက သင့်ကို စိတ်ဆင်းရဲစေမှာ မဟုတ်ပါဘူး။
ပိုင်ဆိုင်ချင်စိတ်ရှိရဲ့သားနဲ့ မပိုင်ဆိုင်ရရင် လုံးဝမပျော်နိုင်တာ သေချာပါတယ်။
ဥပမာ - ကားလိုချင်တယ် မဝယ်နိုင်ဘူး၊အိမ်လိုချင်တယ် မဝယ်နိုင်ဘူး ၊ လူတန်းစေ့နေချင်တယ် မနေနိုင်ဘူး ၊ အပန်းဖြေခရီးထွက်ချင်တယ် မထွက်နိုင်ဘူး။အဲ့ဒါမျိုးအခြေအနေဆိုရင်တော့ သင့်၏စိတ်က ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
Klaus Schwab ( Chairperson of the World Economic Forum ) က ဘယ်မှမပိုင်ဆိုင်ခြင်းက ပျော်ရွှင်မယ်ဆိုပြီး ပြောနေတာ။ တကယ်ကတော့ ကမ္ဘာသူကမ္ဘာသားတွေ ဘာမှမပိုင်တော့ဘဲ သူတို့ပဲ လက်ဝါးကြီးအုပ် ပိုင်ဆိုင်တော့မှာကို ဆိုလိုနေတာ။
အနာဂတ်မှာ သင်ဟာ ကားတစ်စီးပိုင်ဆိုင်နေစရာ မလိုတော့ဘူး သူတို့ဖြန့်ဖြူးထားတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ကို စီးခိုင်းတော့မှာ။
အနာဂတ်မှာ သင်အတွက် နေစရာအိမ်တစ်လုံး ပိုင်ဆိုင်နေဖို့ မလိုတော့ဘူး။ သူတို့ဆောက်ထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ နေခိုင်းတော့မှာ။
အနာဂတ်မှာ သင်စားဖို့အစားအစာတွေကို သင်ကိုယ်တိုင်စိုက်ပျိုးနေစရာ မလိုတော့ဘူး။သူတို့စက်ရုံကပဲ ထုတ်ပေးတော့မှာ။
အနာဂတ်မှာ ငွေသားပိုက်ဆံ သင်ကိုင်နေစရာ မလိုတော့ဘူး၊သူတို့ဖန်တီးထားတဲ့ဒစ်ဂျစ်တယ်ပိုက်ဆံ ကိုင်ပေါ့။
ဟိုက လှမ်းပြီးပိတ်လိုက်ရင်တော့ သင့်ရဲ့ဒစ်ဂျစ်ငွေကြေးပိုင်ဆိုင်မှုဟာ လက်လွတ်ခွက်ချွတ် မွဲပြီပဲ။ခလုပ်တစ်ချက်အနှိပ်မှားတာနဲ့ သင်ရဲ့ဒစ်ဂျစ်ငွေကြေး ပိုင်ဆိုင်သည့်ဆုံးရှုံးမှုဟာ သိန်း ၁၀၀၀ လည်း ဟုတ်တယ် ၊ သိန်း ၁၀၀၀၀ လည်း ဟုတ်ပါတယ်။ သင်ရဲ့အုပ်ချုပ်သူတွေရဲ့ပေါ်လစီနဲ့ ငြိလို့ သူတို့က သင့်ကို LOW SOCIAL CREDIT SCORE တံဆိပ်ကပ်လိုက်တာနဲ့ ဘာမှဝယ်မရ ၊ ဘာမှစားမရ ၊ နေစရာ မရှိ ၊ သွားလာလို့်မရဖြစ်တဲ့အပြင် သိန်းချီတဲ့ CCTV မျက်လုံးတွေက စောင့်ကြည့်နေတာဖြစ်လို့ အရှင်လတ်လတ် ငရဲခန်းထဲကို အလိုလျောက်ရောက်သွားမှာ ဖြစ်ပါတယ်။
အကယ်၍သာ သင့်မှာ သိန်း ၁၀၀၀၀ ငွေသားပိုက်ဆံရှိလို့ ဓားပြအတိုက်ခံရတယ်ဆိုခဲ့လျှင်တောင် အဲ့သည်ငွေထုပ်ကြီးကို တစ်ယောက်တည်း ထမ်းထုတ်သွားဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဒစ်ဂျစ်တယ် ငွေကြေးအား လူမှုအသိုင်းအဝိုင်းမှာ လွယ်ကူချောမွေ့စေဖို့ရာ အသုံးပြုတယ်ဆိုခဲ့ရင်တောင် ပမာဏကန့်သက်ချက်နဲ့သာ ဖြစ်သင့်တယ်လို့ မြင်မိတယ်။
အဲ့သည်ယန္တရားကြီးသာ အခိုင်အမာ သူတို့တည်ဆောက်နိုင်သွားခဲ့ရင် သန်းထောင်ချီတဲ့ကမ္ဘာသူ/ကမ္ဘာသားတွေရဲ့လူထုတော်လှန်ရေးကို သူတို့ဂရုမစိုက်တော့ဘူး။ အားလုံးဟာ သူတို့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပြီး သင့်မှာသူတို့ကို ပြန်အန်တုဖို့ ဘာပိုင်ဆိုင်မှုမှမရှိဘဲ ငှားသုံးနေရတာ ဖြစ်နေလို့ပါပဲ။
One World , One Government , One Policy ကို သူတို့က သွားချင်နေကြတာ။ မြန်မာအခေါ် "စင်္ကြာဝတေးမင်း" လုပ်ကြမှာ။
[ တရုတ်ပြည်မှာတောင် အဲ့သည်လို စတင်ပြီး ကျင့်သုံးနေတယ်ကြားမိတယ်၊ ခင်ဗျားတို့လူမှုအသိုင်းအဝိုင်းကြီးက အဲ့သည်ဟာနဲ့အသားကျသွားတဲ့တနေ့ ခင်ဗျားတို့ကိုဖယ်ပြီး သူတို့က အုပ်ချုပ်သွားအုံးမယ် ၊ သူတို့အုပ်ချုပ်ဖို့ ခင်ဗျားတို့က လေ့ကျင့်ပေးနေရတာလည်း ဖြစ်နေအုံးမယ် 😅 လမ်းကြုံလို့ အကြံပြုပေးတာ ]
myanmar society