လူလှိုင်းစစ်ဆင်ရေး
လွန်ခဲ့တဲ့ရက်အနည်းအတွင်း အီတလီနိုင်ငံ လန်ပီးဒူစာကျွန်းတွင် အာဖရိက ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ အီတလီနိုင်ငံသားများထက် တရားဝင်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံး သိရတဲ့အချက်အလက်အရ ဒေသခံ ၆၀၀၀ သာရှိတဲ့ကျွန်းပေါ်ကို ရောက်ရှိလာသည့်လှေစီးဒုက္ခသည်ဟာ ၁၈၀၀၀ ကျော်သွားပြီဆိုပါတယ်။၎င်းကျွန်းဆီသို့ သင်္ဘောအစီးရေ ရာချီစီးပြီး ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ကိုင်း ... လူအုပ်နဲ့ဝင်တိုးပြီး ကျွန်းကို တက်သိမ်းလိုက်တဲ့သဘောပဲ။ထိရဲရင်ထိကြည့် လူ့အခွင့်အရေးနဲ့ ငြိသွားမယ် ၊ အကြမ်းနည်းသုံးပြီးဖိနှိပ်ရင် နိုင်ငံတကာခုံရုံးတက်မယ် ၊ ကဲ ..မပိုင်လား😁
နိုင်ငံတစ်နိုင်ငံအား အစုလိုက်အပြုံလိုက်ကျူးကျော်ဝင်ရောက်မှုဟာ စစ်ပွဲတစ်ခုသာ ဖြစ်ပါတယ်။တိုင်းပြည်ကို ကာကွယ်ဖို့ ပျက်ကွက်တဲ့ အစိုးရဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်ပါတယ်။
ဒီမိုကရေစီရဲ့သဘောသဘာဝက အများသဘောမို့လား။အဲ့သည်တော့ သဘောထားများများရအောင် များများမွေးပြီး လူအုပ်နဲ့ဝင်တိုးတယ်လေ ၊ ဒီမိုကရေစီနိုင်ငံတွေ ပက်လက်လန်ကုန်ရော။ဥပဒေဆိုတာ ဟ'ကွက်တော့ ရှိစမြဲမို့လား၊ခုလည်း ဟ'ကွက်ကို ဝင်တိုးတဲ့သဘောပဲ။
၂၁ ရာစု လူလှိုင်းစစ်ဆင်ရေး ဆိုတာ အဲ့ဒါကို ပြောတာပါ။ ၂၁ တစ်ရာစုထဲဝင်လာတာ ခုမှ ၂၃ နှစ်ပဲ ရှိသေးတယ် ၊ နောက်ထပ် ၇၇ နှစ်ကျန်သေးတယ်။
ဆိုတော့ ... ကျုပ်တို့ဘိရုမာနိုင်ငံတော်ကြီးဟာ ဖက်ဒရယ်ဒီမိုကရေစီသွားမယ်ဆိုရင် ဘော်ဒါပေါ်လစီအား ခိုင်ခိုင်မာမာရေးဆွဲဖို့ မဖြစ်မနေလိုအပ်ကြောင်းနှင့်ကျားကန်ထားဖို့ မျိုးဆက်သစ်တွေများများမွေးထုတ်ဖို့လိုကြောင်း အသိပေးအပ်ပါသည်ခင်ဗျား😁😁။
myanmar society 🇲🇲