ကမ္ဘာစစ်ကြီးများနှင့်သူတို့
ကမ္ဘာစစ်တွေကလည်း ဥရောပနိုင်ငံတွေက ဖြစ်လာတာဆိုတော့ ဥရောပဆိုတာ ဘာလဲဆိုတာက စတင်ရမယ်ထင်ပါတယ်။ ဥရောပကို ယဥ်ကျေးမှုမတူတာကြောင့် တိုက်ကြီးအနေနဲ့ခွဲခြားတယ်လို့ အနောက်ဥရောပက ရွှေဉာဏ်ရှင်များက ဆိုပါတယ်။အာရှတိုက်နဲ့ မြစ်ခြားခြားတယ်၊ပင်လယ်ခြားတယ် စသည်ဖြင့် အကြောင်းပြချက်တွေ ပေးပါတယ်။ဥရောပအပါအဝင် အာရှတိုက်တစ်တိုက်လုံးကို ခြုံငုံတဲ့အခေါ်ကိုတော့ Euasia လို့ သတ်မှတ်ပါတယ်။ဒါကတော့ သူတို့ရဲ့ဖွံဖြိုးမှုက ကမ္ဘာပတ်နေတော့ သူတို့ပြောသမျှပေါ့။
ဥရောပဆိုတာ အာရှတိုက်၏အနောက်စွန်းနိုင်ငံများဟု အဓိပ္ပာယ်ဖွင့်ဆိုမှ အရှိတရားနဲ့ပိုနီးစပ်မယ် ထင်ပါတယ်။
[ အာရှအနောက်စွန်းနိုင်ငံများဟာ ဥရောပသမဂ္ဂဆိုပြီး အစုဖွဲ့ထားသလို အာရှအရှေ့စွန်းနိုင်ငံများက အာစီယံဆိုပြီး စုဖွဲ့ထားကြတာလည်း ဖြစ်ပါတယ်]
_________________
ပထမကမ္ဘာစစ်တွင် မဟာမိတ်နှစ်ဖွဲ့ကြားမှာ စစ်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Triple Entente
(ဗြိတိန်၊ ပြင်သစ်၊ရုရှား)
ဗဟိုအင်အားစုများ
(ဂျာမဏီ၊ အော်စထရို-ဟန်ဂေရီအင်ပါယာနှင့် အော်တိုမန်အင်ပါယာ)
__________________
ဒုတိယကမ္ဘာစစ်အတွင်း ဆန့်ကျင်ဘက်မဟာမိတ်နှစ်ဖွဲ့မှာ ဝင်ရိုးစွန်းနှင့်မဟာမိတ်များဖြစ်ပါတယ်။
ဝင်ရိုးတန်းအင်အားကို (ဂျာမနီ၊ အီတလီနှင့် ဂျပန်)တို့က ဦးဆောင်ခဲ့ပါတယ်။
မဟာမိတ်များကို (ဗြိတိန်၊ အမေရိကန်နှင့် ဆိုဗီယက်ယူနီယံ)တို့က ဦးဆောင်ခဲ့ပါတယ်။မဟာမိတ်များတွင် (တရုတ်နှင့် ပြင်သစ်)တို့ ပါဝင်ပါတယ်။
__________________
ပထမကမ္ဘာစစ်အပြီးမှာ အော်တိုမန်အင်ပါယာ'ဟာ လုံးဝပြိုကျသွားခဲ့ပြီး ဥရောပနဲ့နီးစပ်နယ်မြေများကို ဥရောပထဲ သွတ်သွင်းလိုက်ကြပြီး ရုရှားနဲ့နီးစပ်နယ်မြေများကို ရုရှားထဲ သွတ်သွင်းလိုက်ကြတာဖြစ်ပါတယ်။ တခြားသော ကျန်နယ်မြေများဟာ မူစလင်နိုင်ငံငယ်တွေအဖြစ်အသီးသီးတည်ထောင်လိုက်ကြပြီး ( မူစလင်နိုင်ငံအကြီးကနေ အသေးလေးတွေ ဖြစ်သွားတာ ) တချို့လူမျိုးတွေက နိုင်ငံမဲ့ဖြစ်သွားခဲ့ရပါတယ်။၎င်းကျန်ရှိသောနယ်မြေဆိုတာကလည်း ဆွန်နီ ၊ ရှီရက် ၊ ဆလာဝိတ် ၊ ဒရုဇ် ၊ ကာ့ဒ် ၊ ခရစ်ယာန် စသည့်တို့ကြားက ပြဿနာအရှုပ်ထုပ်ကို ဘယ်သူမှဝင်လက်မလျှိုချင်လို့ လက်ရှောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ပထမကမ္ဘာစစ်ရဲ့အမြတ်အစွန်းဟာ အော်တိုမန်အင်ပါယာ ( တချိန်က ရောမအင်ပါယာ) ပြိုကျသွားအောင် ဖြိုချနိုင်ခဲ့တာလို့ ပြောရင် မမှားဘူးပေါ့။
ဒုတိယကမ္ဘာစစ်မှာ အနိုင်ရရှိခဲ့သူများဟာလည်း (အမေရိကန်နှင့်တရုတ်)ထပ်တိုးလာတာကလွဲရင် "ဗြိတိန်၊ရုရှားနှင့်ပြင်သစ်"ပဲ ဖြစ်ပါတယ်။
[ About 43.5% of White Americans were deemed to be of colonial stock descended from the population enumerated in 1790, more than 3/4 of whom from Great Britain. ]
ဒုတိယကမ္ဘာစစ်ရဲ့အကျိုးအမြတ်အစွန်းအဖြစ် ကုလသမဂ္ဂအဖွဲ့ ဖွဲ့ပြီး အမြဲတမ်း ( ၅ ) နိုင်ငံအဖြစ်နေရာယူပြီး ယနေ့ချိန်ထိ အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယကမ္ဘာ့စစ်ဟာ ဗြိတိသျှအင်ပါယာကို ပြိုကျသွားစေခဲ့တယ်လို့ အမြင်ပန်းအရ ပြောလို့ရကောင်းရနိုင်ပေမဲ့ တိုက်ရိုက်ဆက်အုပ်ချုပ်လို့ကို မရတော့လို့ လက်လွှတ်ပေးခဲ့ရတာပါ။ဒါပေမဲ့ စစ်အောင်နိုင်တဲ့နိုင်ငံတွေအဖြစ် ကုလသမဂ္ဂဖွဲ့ပြီး နားလှည့်ပါးလှည့်နဲ့ ဆက်လက်အုပ်ချုပ်နေခဲ့တာကို မေ့ထားလို့တော့ မရဘူးပေါ့။ဗြိတိသျှအင်ပါယာ အဆုတ်အတက်လုပ်တဲ့သဘောမျှလောက်သာ ဖြစ်ပါတယ်။
___________________
ပထမကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ "ဂျာမဏီ ၊ အော်စထရို - ဟန်ဂေရီ နှင့် ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ ဂျာမဏီ၊အီတလီ ၊ ဂျပန် " တို့ဟာ ခဏပန်းကြပ်တည်းသွားခဲ့တာကလွဲရင် ယနေ့ချိန်ထိ အတိုးတက်ဆုံးနိုင်ငံစာရင်းဝင်တွေ ဖြစ်ပါတယ်။
[ ဂျာမာဏီဆိုရင် နှစ်ကြိမ်တောင် စစ်ရှုံးခဲ့တာဖြစ်ပါတယ် ]
ဒါကြောင့် ဘယ်နိုင်ငံတွေဟာ မတည်မငြိမ်ဒီနေ့ထိ ဖြစ်နေရပြီး ဘယ်နိုင်ငံတွေဟာ ဒီနေ့ထိ ဆင်းရဲတွင်းနက်နေရသလဲဆိုတာက စဉ်းစားစရာ ဖြစ်တယ်ပေါ့။ကမ္ဘာစစ်ရဲ့ရည်ရွယ်ချက်ကိုက ကမ္ဘာ့နိုင်ငံရေးအရွေ့အား စိတ်တိုင်းကျပုံဖော်နိုင်စေဖို့ ရည်ရွယ်ချက်ရှိရှိစတင်လိုက်တာ ဖြစ်တယ်လို့ ဆိုလိုတာပါ။
___________________
လက်ရှိဖြစ်နေတဲ့ ယူကရိန်း - ရုရှား စစ်ပွဲဟာ ပထမကမ္ဘာစစ်တုန်းက အော်တိုမန်အင်ပါယာဆီက သူတို့ရလိုက်တဲ့နယ်မြေကို အဝေမတည့်ဖြစ်နေတာ သက်သက်ပဲ။သို့မဟုတ်ရင်လည်း ပထမနှင့်ဒုတိယကမ္ဘာစစ်တုန်းကလို သူတို့ဖာသာဖန်တီးထားတဲ့အခံနှင့်အရိုက်ဇာတ်လမ်းမှာ ဘုမသိဘမသိ တခြားနိုင်ငံတွေဝင်ပါလာခဲ့လျှင် သူတို့လိုချင်တဲ့ကမ္ဘာ့နိုင်ငံရေးအရွေ့ကို ထက်မံရွေ့ဖို့ထက် မပိုနိုင်ပါဘူး။
ကြားထဲက မြေဇာပင်ဖြစ်နေရတဲ့ယူကရိန်းပြည်သူတွေကိုတော့ ကိုယ်ချင်းစာပါတယ်။
myanmar society 🇲🇲
[ ရုရှားဟာ ယူကရိန်းဇီဝဓာတ်ခွဲခန်းတွေနဲ့ပက်သက်တဲ့စာရွက်စာတမ်း ၂၀၀၀၀ ကျော် ရထားတာတို့ ၊ စစ်ဖြစ်တော့ ယူကရိန်းနိုင်ငံထဲက ဇီဝဓာတ်ခွဲခန်းတွေ အာဖရိကနှင့် ထိုင်းကို ရွေ့ပြောင်းသွားခဲ့တာတို့ ၊ ယူကရိန်းနှင့်တိုင်ဝမ်ဟာ ၎င်းတို့၏မိခင်ပြည်မကြီးဆီက DNA ရယူဖို့ အကောင်းဆုံးခြေကုပ်စခန်းတွေ ဟုတ်မှန်ခြင်း ရှိ/မရှိ ဆိုတဲ့သဘောတရားနှင့်ယူဆချက်မျိုးတွေကတော့ Next Level အဆင့် ဆွေးနွေးရမည့် သဘော ရှိပါတယ် ]