Posts

Showing posts from October, 2023

ဂျူးများနှင့်ကမ္ဘာကြီး

Image
[[ အမေရိကန်အစိုးရအဖွဲ့ဝင်များ ]] [[  မီဒီယာလောက  ]] [[   ဆေးဝါးလောက  ]]

အစ္စရေးကို ဘယ်လိုထိုးစစ်ဆင်ခဲ့သလဲ ??

Image
ကမ္ဘာ့နိုင်ငံရေးနှင့်ကမ္ဘာ့စစ်ရေးကို ( ၂  ) ခု  ကိုင်ပြီး တွဲကစားဖို့ဆိုတာ စစ်လက်နက်ပစ္စည်းအပြင်  နည်းပညာအထောက်အပံ့၊မဟာဗျူဟာ၊ဗျူဟာ၊အညွှန်းကိန်း၊အသေးစိပ်မြေပုံ၊ထောက်လှမ်းရေးအချက်အလက်၊ဆက်သွယ်ရေးအထောက်အပံ့၊ တန်ပြန်လာမည့်ဗျူဟာ ၊ ၎င်းတန်ပြန်လာမည့်ဗျူဟာကို ပြန်လည်ခြေဖျက်မည့်ဗျူဟာ၊အချိန်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ကိန်းဂဏာန်းတွေကိုတွက်ချက်မည့်ပညာရှင်တွေ၊စိတ်ဓာတ်စစ်ဆင်ရေးနည်းပညာနှင့်ဒီဂျစ်တယ်စစ်သားတွေ  ကောင်းကောင်းလိုပါတယ်။  ခုဖြစ်နေတဲ့ကိစ္စဟာ  ဟားမက်စ်ချည်းပဲ  ဘယ်လိုမှ  မဖြစ်နိုင်ပါဘူး။ဂြိုလ်တုအဆက်အသွယ်ပိုင်တဲ့နိုင်ငံကြီးတွေတောင်  ပါဝင်ပက်သက်နေနိုင်ပါတယ်။တကမ္ဘာလုံးဆိုင်ရာ  ဖိအားဖြစ်လာနိုင်တဲ့အတိုင်းအတာရှိတဲ့ကိစ္စဖြစ်ပါတယ်။နယ်စပ်ခြံစည်းရိုးဖျက်ပြီး  တွေ့တဲ့သူကို  ဖြိုးတိုးဖျောက်တောက်   ပစ်တာလောက်ကို  မီးမောင်းထိုးပြပြီး  "ချကွ၊ချကွ"ဆိုတဲ့  မီဒီယာတွေရဲ့ဘေးတီးလှုံ့ဆော်မှုနောက်လိုက်ပြီး  လမ်းမဆုံးစေချင်ပါဘူး။ မြင်အောင်ကြည့်ကြဖို့  အကြံပြုလိုပါတယ်။ လက်ရှိ  အစ္စရေး - ဟားမက်စ်ပဋိပက္ခမတိုင်ခင် လွန်...

မည်သူ၏နည်းနာ ကျင့်သုံးနေတာလဲ

Image
အကြမ်းဖက်စစ်ကောင်စီဟာ  နီပွန်ဆီက  စစ်ပညာသွားသင်ခဲ့တာဆိုတော့   နီပွန်နည်းတွေကျင့်သုံးနေတာပဲဆိုပြီး  လူတွေက ပြောနေကြတာ။  အစ္စရေး - ဟားမက်စ်ပဋိပက္ခဖြစ်တော့မှာပဲ  မြန်မာ့စစ်အာဏာရှင်အုပ်စုဟာ  မြန်မာပြည်ကို  အစ္စရေးဆီက  ရတဲ့နည်းနာတွေနဲ့  အုပ်ချုပ်နေတာမှန်းသိတော့တယ်။လွတ်လပ်ရေးအတွက် ချုပ်ဆိုခဲ့တဲ့စာချုပ်ပေါ် ဖောက်ဖျက်ဗိုလ်ကျနည်း၊နယ်မြေသတ်မှတ်နည်း၊လူမွေးပြီးရန်တိုက်ပေးနည်း၊အဆုံးမရှိစစ်ပွဲ ဖန်တီးထားနည်း၊မျိုးနွယ်စုတွေကြား  ကုလားဖန်ထိုးနည်းကစ  လုံးဝတစ်ထပ်တည်း  တူနေတာ။စစ်ရေးက  မစရသေးဘူး  ဖြတ်လေးဖြတ်လုပ်ပြီး၊ဘာသာရေးအဆောက်အအုံ၊စာသင်ကျောင်းမချန်၊ပြည်သူတွေကြားထဲ ဗုံးကျဲတာကအစ  တူတာ။အဲ့သည်လို .... သူတို့ရဲ့မော်ဒယ်ကို  သိပြီဆိုတော့  ဖြေရှင်းဖို့  နည်းလမ်းကို  ရှာဖို့  လမ်းစပါပဲ ...  အစ္စရေးလက်နက်ကုမ္ပဏီတွေဟာ အကြမ်းစစ်ကောင်စီကိုလက်နက်ရောင်းပေးနေခဲ့တာပါ၊ အခုသူတို့ဟာ သူတို့ပြဿနာတက်နေတော့  မြန်မာဖက် မလှည့်အားတော့လည်း  တစ်မီးငြိမ်းတာပါပဲ။ myanmar  society 🇲🇲 ...

ကံကြမ္မရဟတ် တပတ်ပြန်လည်လေမလား

Image
တကယ်တော့ ..အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းပဋိပက္ခအတွက် အမြစ်တွယ်နေအုံးမည့်သဘောရှိပါတယ်။ဘာအတွက်ကြောင့်လဲ  ??  🔹 လက်ရှိအနေအထားတွင် အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ငြိမ်းချမ်းရေးတွေ အရမ်းများနေတယ်။ဆိုလိုတာက   အီရန်၊ ဆီးရီးယား၊ အီရတ် စသည်တို့ဟာ  ပိုချမ်းသာပြီး ပိုအားကောင်းလာမယ်။ဒါပေမဲ့  အဲ့သည်လိုဖြစ်ရပ်က အစ္စရေးအတွက် မကောင်းပါ။  🔹 ဆော်ဒီအာရေးဗီးယားသည် လွတ်လပ်လွန်းသဖြင့် အီရန်နှင့် ငြိမ်းချမ်းရေးလုပ်ခြင်း၊ ရေနံကို ယွမ်ငွေဖြင့် ရောင်းချရန် စီစဉ်နေခြင်းဟာလည်း အမေရိကန် (သို့မဟုတ်) Petrodollar အတွက် မကောင်းပါ။  🔹 အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများဟာ  အငြိမ်ထိုင်ထားရသလိုဖြစ်နေပါတယ်။ စစ်ပွဲမရှိ၊ပါဝါမရှိ၊ စီးပွားရေးလုပ်ကွက်မရှိတဲ့ ပုံစံမျိုး  ဖြစ်နေတယ်။  🔹 ထို့အပြင် လက်ရှိအဖြစ်အပျက်ဟာ ဟားမတ်စ်နှင့်ဟစ်ဇ်ဘိုလာတို့ကို ဖယ်ရှားပစ်ရန် (သို့မဟုတ်) ပြင်းထန်စွာ အားနည်းသွားစေရန်နှင့်မြေပုံကို ပြန်လည်ရေးဆွဲရန် အခွင့်အလမ်းကောင်းတစ်ခုလည်း  ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဦးသျှောင်အင်ပါယာဟာ  စစ်ပွဲများနှင့် ပဋိပက္...

အစ္စရေး - ဟားမက်စ် ပဋိပက္ခ

Image
ယူကရိန်းမှာဖန်တီးထားတဲ့ဇာတ်အိမ်က မခိုင်လို့ပြိုကျတော့  မေဒိကန်အချစ်တော် အစ်ဇွေးနဲ့  မျှားကြည့်ရင်  ကန်ပြည်သူတွေများ ပါလာမလားမျှော်မှန်းပုံရပါတယ်။ကန်ပြည်သူတွေဆိုတာကလည်း  တပတ်ရိုက်ခံရပေါင်းများနေပြီဆိုတော့  အရေထူနေပြီ၊ သိပ်မယုံချင်တော့ဘူး။ ခုတောင်  လက်စလက်နတွေက  ထွက်လာပြီ၊ဟားမက်စ်ကို  အစ်ဇွေးက ဖန်တီးခဲ့တာဖြစ်ပြီး ထိန်းမနိုင်ဖြစ်ခါ back  fire ပြန်ဖြစ်နေတဲ့အနေအထားပါတဲ့။မဟာဗျူဟာအရ ဖန်တီးရသည့်ရည်ရွယ်ချက်ကတော့ ယခုလိုဖြစ်နိုင်ဖွယ်ရာ ရှိပါတယ် ___  ( ၁ ) ပါလက်စတိုင်းခေါင်းဆောင်မှုအား  နှစ်ခြမ်းခွဲနိုင်ဖို့ဖြစ်ပြီး ( ၂ ) အဆုံးမဲ့စစ်ပွဲကို ထိန်းသိမ်းထားနိုင်ရန်အတွက်  ဖြစ်ပါတယ်။ ဆိုလိုသည်မှာ  အဆုံးမဲ့စစ်ပွဲကို ဆက်လက်ထိန်းထားရန်နှင့်ငြိမ်းချမ်းရေးအစီအစဉ်များကို ဖျက်စီးရန် လုံလောက်သော ပြင်းထန်သော ထိန်းချုပ်ထားသော အတိုက်အခံကို ဖန်တီးခြင်းဖြစ်ပါတယ်။ သို့သော် ၎င်းအစီအစဉ်ကို လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ယခုအခါ ဟားမတ်စ်သည် လွတ်လပ်လွန်းပြီး ထိန်းချုပ်ထားရန် အားကောင်းလွန်းနေတာကြောင့်  ဖြစ်ပါတယ်။ဟားမက်စ်ဟာ မေဒိရိကန်နှင့်အနောက်နိုင...

မလုပ်ရဲတာ ဘာမှမရှိဘူး

Image
ဟေလာရီဟာ တော်တော်ကြောက်ဖို့ကောင်းတဲ့ဘွားတော်ဆိုတာတော့ အစကတည်းက သိပေမဲ့လို့  သည်လောက် ပက်စက်နေလိမ့်မယ်တော့ မထင်ထားဘူး။လက်ယာယိမ်းတွေကို  Deprogramming လုပ်ဖို့လိုတယ်လို့  ပြောသွားတာမျိုးက  တကယ်ကို နက်နဲတဲ့ကိစ္စပါပဲ။ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်က  ဒါမျိုးပြောထွက်တာကတော့  အတော်အံ့အားသင့်စရာပါ။ Deprogramming ဆိုသည်မှာ _ • ဘာသာတရား၊ နိုင်ငံရေး၊ စီးပွားရေး (သို့မဟုတ်) လူမှုရေးအသင်းအဖွဲ့တစ်ခုမှ လူတစ်ဦးထဲသို့ ထည့်သွင်းထည့်သွင်းထားသော  သညာအသိကို ဖယ်ရှားခြင်းအား ဆိုလိုသည်  • ဘာသာရေးအရ ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသော ခံယူချက်များ ( သို့မဟုတ်) ခိုင်မာမြဲမြံသောမွေးရာပါ အပြုအမူပုံစံကို ဖျောင်းဖျရန် (သို့မဟုတ်) ဖျောက်ဖျက်ရန်ကြိုးစားမှုအား ဆိုလိုသည် • မလိုလားအပ်သော (သို့မဟုတ်) မသင့်လျော်သော သင်ယူထားမှု (သို့မဟုတ်) ရရှိထားသော အပြုအမူပုံစံ (သို့မဟုတ်) အလေ့အကျင့်ကို ဖယ်ရှားရန် (သို့မဟုတ်) အစားထိုးရန် ရည်ရွယ်ချက်အတွက် ပြန်လည်လေ့ကျင့်ရန်ဆိုလိုသည်  Deprogramming ဆိုသည်မှာ လူတစ်ဦးအား ဘာသာရေး (သို့မဟုတ်) အခြားအသိုက်အဝန်းမှ ဖယ်ရှားပြီး အဖွဲ့အပေါ် သစ္စာခံမှုကိ...

အမေရိကန်နေမဝင်အင်ပါယာ

Image
ကမ္ဘာပေါ်မှာ ရုရှားတိုင်းပြည်နှင့်တရုတ်တိုင်းပြည်ကလွဲရင်  ကျန်သည့်တိုင်းပြည်အားလုံးဟာ  အမေရိကန်အင်ပါယာ၏စစ်ရေး၊စီးပွားရေးထိန်းချုပ်မှုစက်ဝန်း အောက်မှာပဲ ရှိပါတယ်။အဲ့သည်လောက်ဆိုရင် "အမေရိကန်အင်ပါယာကြီး"ဟာ ဘယ်လောက်ကျယ်လဲဆိုတာ  သိနိုင်တယ်။ အမေရိကန်တိုင်းပြည်ဟာ   ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ  ဗြိတိသျှတိုင်းပြည်ဆီကနေ "နေမဝင်အင်ပါယာကြီး"အား  လက်လွှဲရယူခဲ့တာလည်း  ဖြစ်ပါတယ်။တကယ်တော့ အဲ့ဒါကလည်း လှည့်ကွက်သက်သက်ပဲ။ အင်ပါယာအဟောင်းကိုပဲ  အသစ်ဖြစ်အောင်  ပြန်လည်မွန်းမံပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ ခေတ်မီအောင်မော်ဒယ်မြှင့်လိုက်သည့်  သဘောတရားဖြစ်ပါတယ်။ Upgrade & Update လုပ်လိုက်တယ်ဆိုပါတော့။ ၎င်းအင်ပါယာကြီး ( ၃ )ခု၏စီးပွားရေး၊စစ်ရေး၊၊လူမှုရေးနှင့်နယ်မြေပိုင်ဆိုင်မှု အဝေမတည့်ဖြစ်တိုင်း  ကမ္ဘာ့နိုင်ငံရေးနှင့်စစ်ရေးတွေ  ဖြစ်လေ့ရှိပါတယ်။ ပထမအချက်က အမေရိကန်နေမဝင်အင်ပါယာကြီး၏ရှင်ဘုရင်တွေကို  ကမ္ဘာ့ကုန်သည်ပွဲစားနှင့်သူဌေးသူကြွယ်တွေက  ကြိုးကိုင်ချယ်လှယ်နေတာမျိုးတွေ  ရှိနေခဲ့လို့  မင်းပြောင်းမင်းလဲဖြစ်ဖို့  ...